ရန်ကုန်စတော့အိတ်ချိန်း တစ်နှစ်အတွင်း FMI နှင့် သီလဝါရှယ်ယာတန်ဖိုးကျသော်လည်း MCB က ရှယ်ယာတန်ဖိုးမြင့်

ရန်ကုန်စတော့အိတ်ချိန်း တစ်နှစ်အတွင်း FMI နှင့် သီလဝါရှယ်ယာတန်ဖိုးကျသော်လည်း MCB က ရှယ်ယာတန်ဖိုးမြင့် - Property News in Myanmar from iMyanmarHouse.com
12 Dec 2016 10:17 am တွင် တင်ခဲ့သည်
1606 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်စတော့အိတ် ချိန်း ဖွင့်လှစ်သည့် တစ်နှစ်တာ အတွင်း ပထမဦးဆုံး ရှယ်ယာ ရောင်းချသည့် FMI ကုမ္ပဏီ၏ ရှယ်ယာတန်ဖိုးသည် ၄၈ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ကြောင်း သတင်းရရှိသည်။

FMI ကုမ္ပဏီ ရှယ်ယာစတင် ရောင်းချချိန်တွင် အစုရှယ်ယာ တစ်စုလျှင် ကျပ် ၃၁,၀၀၀ ဖြင့်ရောင်းချပြီး ဒီဇင်ဘာ ၉ ရက်တွင် ရှယ်ယာတန်ဖိုးကျပ် ၁၆,၀၀၀ သို့ ကျဆင်းလာကြောင်း ရန်ကုန် စတော့အိတ်ချိန်းမှ သတင်းရရှိ သည်။တစ်နှစ်အတွင်း FMI ကုမ္ပဏီ၏ ရှယ်ယာတန်ဖိုး ကျဆင်းရုံသာမက ရှယ်ယာအရောင်းအဝယ်ပါ ကျဆင်းခြင်းဖြစ်သည်။

အဆိုပါ FMI ကုမ္ပဏီသည် ရှယ်ယာ စတင်ရောင်းချခဲ့သည့် မတ်လ ၂၅ ရက်တွင် အစုရှယ် ယာပေါင်း ၁၁,၀၀၀ ကျော် ရောင်းချနိုင်ခဲ့သော်လည်း ဒီဇင်ဘာ ၈ ရက်၌ အစုရှယ်ယာ ၁,၈၀၀ ခန့် သာ အရာင်းအဝယ်ဖြစ်ခဲ့သည်။

သီလဝါအထူးစီးပွားရေးဇုန် အများပိုင် ကုမ္ပဏီ (MTSH) သည်ရန်ကုန် စတော့အိတ်ချိန်းက တစ် နှစ်အတွင်း ရှယ်ယာ ၈ ရာခိုင်နှုန်း တန်ဖိုးကျဆင်းခဲ့ပြီး မြန်မာနိုင်ငံသားများဘဏ် (MCB)က ရှယ်ယာ တန်ဖိုး ၂၀ ရာခိုင်နှုန်း ကျော် မြင့်တက်ခဲ့သည်ဟု ဆို သည်။‘‘အဓိကက စတော့ကို ငွေ ကြေးဈေးကွက်လို မြင်လာဖို့လို တယ်။ ရှယ်ယာ အရောင်းအဝယ်ကျတာ ကုမ္ပဏီတွေ ဘက်ကရော၊ ကော်မရှင်ကရော အား နည်းချက်တွေ ပြန်လေ့လာဖို့လို မယ်လို့ထင်ပါတယ်။ နောက်ပြီး အများပိုင်ကုမ္ပဏီတွေ များများရှိ ဖို့လိုပါတယ်’’ ဟု Thura Swiss အမှုဆောင် အရာရှိချုပ် ဒေါက် တာ အောင်သူရက ပြောသည်။

စတော့ရှယ်ယာ ဈေးကွက် ကို ရှယ်ယာတွင် အရှုံးများခဲ့ပြီး အများစုသည် ငွေကြေးအလွယ် တကူရသည့် ရွှေနှင့် ဒေါ်လာသာ အဓိက အရောင်းအဝယ်ပြုလုပ် နေကြသဖြင့် စတော့ရှယ်ယာကို နောက်ပိုင်း၌ စိတ်ဝင်စားမှု နည်းပါးခဲ့သည်ဟု ရန်ကုန် စတော့အိတ်ချိန်း လေ့လာသူတစ်ဦးက ပြောကြားသည်။

FMI ကုမ္ပဏီသည် မတ်လ တွင် ကျပ်ငွေ ၂၅ ဘီလီယံခန့် ရှယ်ယာအရောင်းအဝယ် ဖြစ်ခဲ့ သော်လည်း ပြီးခဲ့သည့် နိုဝင်ဘာ တွင် ကျပ်သန်း ၆၀၀ သာအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ရန်ကုန် စတော့ အိတ်ချိန်းက ထုတ်ပြန်သော စာရင်းများအရ သိရသည်။

ရန်ကုန်စတော့အိတ်ချိန်းကို ၂၀၁၅ ဒီဇင်ဘာ ၉ ရက်တွင် ဖွင့် လှစ်ပြီး အများပိုင် ကုမ္ပဏီများ ရှယ်ယာ ရောင်းချမှုကို ၂၀၁၆ မတ်လ၌ စတင်ရောင်းချခဲ့သည်။ လက်ရှိတွင် အများပိုင် ကုမ္ပဏီ သုံးခုဖြင့် စတော့ရှယ်ယာများ အရောင်းအဝယ်ပြုလုပ်နေသည်။

ဒီဇင်ဘာ ၉ ရက် စတော့ရှယ်ယာဈေးမှာ FMI ကုမ္ပဏီက ၁၆,၀၀၀ ကျပ်၊ သီလ၀ါအထူး စီးပွားရေးဇုန်အများပိုင်ကုမ္ပဏီ က ၄,၅၀၀ ကျပ်၊ မြန်မာနိုင်ငံသား များဘဏ်က ၉,၄၀၀ ကျပ်ဖြင့် ရောင်းချနေသည်။

Credit: 7DayDaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည့် ဝန်ဆောင်မှု အကြီးအကျယ် နာမည်ကြီးနေ၊ ဝန်ဆောင်မှု ရယူသည့် မိန်းကလေးများ အလွန်များပြား...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service