အိမ်ငှားသူတချို့ ပွဲစားတွေကြောင့် အခက်ကြုံရ

အိမ်ငှားသူတချို့ ပွဲစားတွေကြောင့် အခက်ကြုံရ - Property News in Myanmar from iMyanmarHouse.com
6 Dec 2016 10:53 am တွင် တင်ခဲ့သည်
1729 ကြိမ် ကြည့်ရှု့ပြီး
အိမ်ငှားပြီး နေထိုင်သူတချို့က ပွဲစားတွေကကြားထဲကနေ ဈေးနှုန်းပြောင်းလဲတာ၊ ဆောက်လက်စအိမ်တွေကို ငှားရမ်းဖို့ပြုလုပ်ပေးနေတာကြောင့် အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့သိရပါတယ်။

‘အစ်မတို့က အိမ်ငှားဖို့လိုက်ရှာနေတာ၊ အဲဒီမှာ သူတို့ပွဲစားအမျိုးတွေက အဲဒီနေရာက မြို့ထဲနဲ့လဲနီးတယ်ဆိုပြီး လိုက်ပြတာ၊ ဟိုရောက်တော့ အစ်မတို့ကိုပြမယ့်အိမ်က ငှားပြီးသွားပြီလေ၊ အဲဒီတော့ပွဲစားက ပြမယ်ဆိုပြီးထပ်ခေါ် သွားတယ်၊ ဟိုရောက်တော့ အိမ်ကဆောက်လက်စကြီး၊ အစ်မတို့ကလဲ မသိတော့စရန်တွေချခဲ့တာ၊ နောက်မှ သိတာပေါ့၊ မငှားဘူး ဘာညာဆိုတော့ စရန်တွေဆုံးတာပေါ့လို့ သာကေတမြို့နယ်က အိမ်ငှားရမ်းသူ မကေခိုင် ကပြောပါတယ်။

အိမ်ဆောက်လက်စတွေ၊ လူမဆင်းသေးဘဲ ကြိုငှားတာတွေက ကြားပွဲစားတွေက လုပ်နေတာလည်းဖြစ်ပါတယ်။ အိမ်စာချုပ်ပြည့်ပြီး နောက်ထပ်စာချုပ်ချုပ်မယ်ဆိုရင် လူမတင်တော့ဘူးပြောပြီး ဈေးပိုတောင်းတာတွေ၊ ပွဲစားခထပ်တောင်းတာတွေပြုလုပ် နေတာဖြစ်ပါတယ်။ အိမ်ရှင်တွေတောင်မသိဘဲ အိမ်ငှားခဈေးနှုန်းတွေပိုတက်သွားတာ တွေလည်းရှိတတ်ပါတယ်။

‘အန်တီတို့က အိမ်ခန်းကိုပွဲစားလက်ထဲထည့်ထားတော့ သူကတော့သဘောအတိုင်း လုပ်နေတာ၊ အိမ်ငှားနဲ့ဆိုတာက သိပ်ပြီးမတွေ့ဖြစ်ဘူးလေ၊ အဲဒီတော့ဈေးပိုတောင်း တယ်၊ ပထမနေတဲ့သူတွေ မသွားသေးဘူး၊ နောက်လူ ထပ်တင်ချင်တယ်ဆိုပြီးစရန်ငွေတွေ ယူလာပေးတာတွေ၊ သူတို့ အဲဒီလိုလုပ်တယ်ဆိုတာက ပွဲစားခလိုချင်လို့လေ၊ နောက်လူ တင်ရင်သူတို့ပွဲခထပ်ရမယ်၊ အဲဒါကြောင့်လို့သင်္ဃန်းကျွန်းမြို့နယ်က အိမ်ပိုင်ရှင်ဒေါ်လှ လှဝင်းက ပြောပါတယ်။

ပွဲစားတွေက အိမ်ပိုင်ရှင်တွေတောင်မသိလိုက်ဘဲ ဈေးနှုန်းတွေပိုပြီးတင်တာတွေ၊ နောက်လူထပ်တင်ပြီး ပွဲခတောင်းတာတွေ၊ ဆောက်လက်စအိမ်တွေကို လက်ညှိုး ထိုးငှားပြီးစရန်ငွေတောင်းတာတွေကြောင့် အိမ်ငှားရမ်းသူတွေ က အခက်အခဲဖြစ်နေတာ ဖြစ်ပါတယ်။ သည်ပြဿနာတွေက သာကေတမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်နဲ့ တာမွေမြို့နယ်တွေမှာ အများဆုံးဖြစ်နေတယ်လို့လည်းသိရပါတယ်။

Credit: Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည့် ဝန်ဆောင်မှု အကြီးအကျယ် နာမည်ကြီးနေ၊ ဝန်ဆောင်မှု ရယူသည့် မိန်းကလေးများ အလွန်များပြား...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service