မန္တလေးမြို့ မြရည်နန္ဒာတန်ဖိုးမျှတအိမ်ရာဝယ်ယူခွင့်လျှောက် လွှာကို နိုင်ငံ့ဝန်ထမ်းတွေဝယ်ယူမှု အများဆုံးဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနကသိရပါတယ်။
တန်ဖိုးမျှတ လျှောက်လွှာဝယ်ယူသူတွေကို နိုင်ငံ့ဝန်ထမ်း၊ အငြိမ်းစား၊ ကုမ္မဏီဝန်ထမ်း၊ ဝင်ငွေနည်း ပြည်သူဆိုပြီးလျှောက်လွှာအမျိုးအစားလေးမျိုး သတ်မှတ်ရောင်းချပေးခဲ့ရာမှာ နိုင်ငံ့ဝန်ထမ်းလျှောက်လွှာ စောင်ရေ ၈၀ဝ၀၊ အငြိမ်းစားဝန်ထမ်းလျှောက်လွှာ ၂၁၅၀ စောင်၊ ဝင်ငွေနည်း ပြည်သူလျှောက်လွှာ ၁၆၀ဝ စောင်နဲ့ ကုမ္မဏီဝန်ထမ်းလျှောက်လွှာ ၁၅၇၀ ကို ရောင်းချခဲ့ရတာဖြစ်ပါတယ်။
နယ်ကနေ မန္တလေးကိုပြောင်းလာတဲ့ ဝန်ထမ်းတွေလာလျှောက်တာများမယ်ထင်တယ်၊ တစ်တိုင်းလုံးအနေအထားနဲ့ ဆိုရင်တော့လာလျှောက်တဲ့ ဝန်ထမ်းအရေအတွက်က နည်းနေပါသေးတယ်လို့ မန္တလေးတိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦးက ပြောပါတယ်။
ရောင်းချပေးသွားမယ့် မြရည်နန္ဒာတန်ဖိုးမျှတ အိမ်ရာ ၅၆၀ ကို သတ်မှတ်လျှောက်လွှာ အမျိုးအစားအရေအတွက် အပေါ်မှာမူတည်ပြီးလာမယ့်နှစ် ဇန်နဝါရီလ ၄ ရက် (လွတ် လပ်ရေးနေ့)မှာ အချိုးကျမဲနှိုက်ရောင်းချပေးသွား မှာဖြစ်တယ်လို့ သိရပါတယ်။
Credit:Kumudra