၂၀၁၇ တွင် တရုတ်အိမ်ခြံမြေအရောင်းအ၀ယ် သိသိသာသာကျဆင်းမည်

၂၀၁၇ တွင် တရုတ်အိမ်ခြံမြေအရောင်းအ၀ယ် သိသိသာသာကျဆင်းမည် - Property News in Myanmar from iMyanmarHouse.com
2 Dec 2016 9:44 am တွင် တင်ခဲ့သည်
978 ကြိမ် ကြည့်ရှု့ပြီး
လာမည့် ၂၀၁၇ ခုနှစ်အတွင်း အိမ်ခြံမြေအရောင်းအ၀ယ်များ သိသိသာသာကျဆင်းပြီး
အိမ်ခြံမြေကဏ္ဌတွင် ရင်းနှီးမြှုပ်နှံမှုများလည်း နှေးကွေးနိုင်ကြောင်း တရုတ်လူမှုသိပ္ပံ
အသင်း(CASS) က ခန့်မှန်းခဲ့သည်။ ယင်းခန့်မှန်းချက်ကို နိုဝင်ဘာလ ၃၀ ရက်တွင်ထုတ်ပြန်ခဲ့သော နှစ်ပတ်လည်အစီရင်ခံစာတွင် ဖော်ပြထားသည်။

တရုတ်တွင် အိမ်ဈေးနှုန်းများသည် လာမည့် ၂၀၁၇ ခုနှစ်အတွင်း ပျမ်းမျှအားဖြင့် အလွန်
နှေးကွေးသောနှုန်းဖြင့်သာ မြင့်တက်မည်ဖြစ်ပြီး ပထမတန်းစားနှင့် ဒုတိယတန်းစား မြို့
ကြီးများတွင် ဈေးနှုန်းများအလွန်မြင့်သောနှုန်းဖြင့် မြင့်တက်ပြီးမှ တက်နှုန်းထက်ပိုမိုကြီးမားသောနှုန်းဖြင့် ပြန်လည်ကျဆင်းသွား
မည်ဖြစ်ကြောင်း၊ တတိယတန်းစားနှင့် စတုတ္တ
တန်းစားမြို့များတွင်မူ အထက်ပါမြို့များနှင့် အလွန်ခြားနားသော အခြေအနေများဖြစ်ပေါ်မည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

တတိယတန်းစားနှင့် စတုတ္ထတန်းစားမြို့များတွင် ရောင်းမထွက်သေးသည့် အိမ်များအားပထမဦးစားပေးရောင်းချကြရန်ဖိအားများ ဆက်လက်မြင့်တက်မည်ဖြစ်ပြီး ထို့ကြောင့်အိမ်သစ်ရောင်းလိုအားသည်
လည်း ဆက်လက်ကျဆင်းမည်ဖြစ်ကြောင်းလည်း ၎င်းအစီ
အရင်ခံစာ၌ ဖော်ပြခဲ့သည်။

"အစိုးရရဲ့အိမ်ခြံမြေဈေးကွက်ထိန်းချုပ်ရေးမူဝါဒသစ်တွေကြောင့်
ပြည်တွင်းအိမ်ခြံမြေဈေးကွက် ၂၀၁၇ မှာ ယေဘုယျအားဖြင့် တည်ငြိမ်ပါလိမ့်မယ်၊ အေးပါလိမ့်မယ်" ဟု
CASS ၏ တရုတ်အိမ်ခြံမြေဈေးကွက်အတွင်း အန္တရာယ်အလားအလာများ
ကို ရှာဖွေရသည့် မြို့ပြနှင့် အများနှင့်ယှဉ်ပြိုင်ရသောသုတေသနဗဟိုဌာန၏ ညွှန်ကြားရေးမှူးနီပိန်ဖေးက ပြောကြားခဲ့သည်။ "ဒီလိုပြုပြင်မှုဟာ တစ်နှစ်လောက်တော့ ကြာနိုင်ပါတယ်။
မြို့ကြီးတွေမှာ ဈေးကွက်အခြေအနေအပြောင်းအလဲတွေကို ကျွန်တော်တို့ မြင်ရတော့မှာပါ" ဟုလည်း သူက ပြောကြားခဲ့သည်။

စန်းကျန်း၊ ရှမိန်နှင့် ရှန်ဟိုင်းတို့သည် အိမ်ခြံမြေဈေးကွက်ဈေးနှုန်းများသိသိသာသာ
ကျဆင်းနိုင်သည့် ကြီးမားသောနှင့် အလယ်အလတ်အရွယ်အစားရှိသည့် တရုတ်မြို့ကြီး၃၅ မြို့တွင် ထိပ်တန်းသုံးနေရာ၌ အစဉ်လိုက်ဖော်ပြခံထားရသည်။ထိုစာရင်းသည်လည်း နှစ်ပတ်လည်
အစီရင်ခံစာတွင် ပါဝင်သည်။

ပေကျင်း၊ နန်ကျင်း၊ ထျန်ကျင်း၊ ကျန်ကျိုး၊ ဟယ်ဖေ၊ စီကျာကျွမ်းနှင့် ဖူကျိုးတို့သည်လည်း
ယင်းစာရင်း၏ ထိပ်တန်း ၁၀ နေရာတွင် အထက်ပါမြို့များအောက် အသီးသီးဖော်ပြခံခဲ့ရသည်။ ၎င်းအစီရင်ခံစာကို CASS ၏ တရုတ်အမျိုးသားစီးပွားရေးမဟာဗျူဟာဌာနနှင့်
CASS ၏ တရုတ်အိမ်ခြံမြေဈေးကွက်အတွင်း အန္တရာယ်အလားအလာများကို ရှာဖွေရသည့် မြို့ပြနှင့် အများနှင့်ယှဉ်ပြိုင်ရသောသုတေသနဗဟိုဌာနတို့က ပူးတွဲထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည့် ဝန်ဆောင်မှု အကြီးအကျယ် နာမည်ကြီးနေ၊ ဝန်ဆောင်မှု ရယူသည့် မိန်းကလေးများ အလွန်များပြား...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service