ကယ်လီဖိုးနီးယားပြည်နယ်တွင် ရွှေတွင်းများနှင့် ရဟတ်ယာဉ်ကွင်းပါဝင်သော ယာတောတစ်ခုကို ကန်ဒေါ်လာ ၂ဒသမ ၅ သန်းဖြင့်ရောင်းချမည်

ကယ်လီဖိုးနီးယားပြည်နယ်တွင် ရွှေတွင်းများနှင့် ရဟတ်ယာဉ်ကွင်းပါဝင်သော ယာတောတစ်ခုကို ကန်ဒေါ်လာ ၂ဒသမ ၅ သန်းဖြင့်ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
29 Nov 2016 10:54 am တွင် တင်ခဲ့သည်
1630 ကြိမ် ကြည့်ရှု့ပြီး
အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် ရွှေတွင်းများနှင့် ရဟတ်ယာဉ်ကွင်းပါဝင်သော ယာတောတစ်ခုကို ကန်ဒေါ်လာ ၂ဒသမ ၅ သန်းဖြင့်ရောင်းချရန် အရောင်းဈေးကွက်ဝင်လာကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေ သတင်းဝက်ဘ်ဆိုက် တစ်ခုတွင် ဖော်ပြသည်။

Lonesome Ranch ဟု အမည်ပေးထားသော အဆိုပါယာတောသည် လော့စ်အိန်ဂျလိမှ ရဟတ်ယာဉ်ခရီးဖြင့် ၄၅ မိနစ်သွားရသော နေရာတွင် တည်ရှိသည်။

အဆိုပါနေရာသည် ၁၈၇၀ ပြည့်လွန်ကာလများက ရွှေတူးသည့် အချက်အခြာနေရာ ဖြစ်ခဲ့ကြောင်း သမိုင်းမှတ်တမ်းများတွင် ဖော်ပြသည်။
ယာတော၏ အကျယ်အ၀န်းမှာ ဧက ၁၉၀ ခန့်ကျယ်ဝန်းပြီး လော့စ်အိန်ဂျလိမှ မော်တော်ကားဖြင့် ၃ နာရီကွာဝေးသော နေရာလည်း ဖြစ်သည်။

သစ်တောအုပ်များအကြားတွင် တဲငယ် ၇ လုံးပါဝင်ပြီး မတူးတော့ဘဲ စွန့်ပစ်ထားသည့် ရွှေတွင်း ၆ ခုခန့် ပါဝင်သည်။
သင်္ချိုင်းငယ်တစ်ခုနှင့် ပျက်စီးယိုယွင်းနေသော ပြည့်တန်ဆာဂေဟာတစ်ခုလည်း ပါဝင်သည်ဟု ဆိုသည်။ယာတောပိုင်ရှင်မှာ မစ္စတာ တီ..ဟုသာ အတိုကောက်သိရပြီး အသက် ၆၆ နှစ်ရှိပြီဟု ဆိုသည်။

မစ္စတာတီသည် ၁၉၈၁ ခုနှစ်တွင် ယခုယာတောနေရာရှိ တဲတစ်လုံးနှင့်
၆ ဧက အကျယ်မြေနေရာကို ကန်ဒေါ်လာ ၆၀၀၀၀ ဖြင့် ၀ယ်ယူခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ကယ်လီဖိုးနီးယားပြည်နယ်ရှိ နာမည်ကျော် အစ္စဘယ်လာကန်ကြီးမှာ နေအိမ်အနီးတွင် တည်ရှိသည်။

အဆိုပါဒေသတွင် ၂၀၁၀ ခုနှစ် သန်းခေါင်စာရင်းများအရ လူဦးရေ ၃၄၆၆ ဦးနေထိုင်ကြောင်း မှတ်တမ်းများတွင် ဖော်ပြသည်။
မစ္စတာတီသည် အဆိုပါ မြေကွက်ဝယ်ယူပြီးနောက်ပိုင်း ကပ်လျက်ရှိသောအခြား မြေကွက်ပေါင်း ၁၅ ကွက်ကို ၀ယ်ယူခဲ့ရာ စုစုပေါင်း ကန်ဒေါ်လာ ၅၀၀၀၀၀ ကုန်ကျခဲ့သည်ဟု ဆိုသည်။

မစ္စတာတီက ယင်းယာတောကို Lonesome Ranch ဟူ၍ ၁၉၉၆ ခုနှစ်တွင် အမည်ပေးခဲ့ခြင်း ဖြစ်သည်။
ယာတောနှင့် နေအိမ်ကို ၀ယ်ယူပြီးနောက် ယခုအထိ ၃၅ နှစ်တာကာလအတွင်း ပြုပြင်မွမ်းမံမှုများအတွက် စုစုပေါင်း ကန်ဒေါ်လာ ၂ သန်းခန့် ကုန်ကျခဲ့သည်ဟု ဆိုသည်။

၁၉၈၀ ပြည့်လွန်နှစ်များက မစ္စတာတီသည် အဆိုပါယာတောသို့ သီတင်းပတ်ကုန်ရက်တိုင်း သွားရောက်လေ့ရှိသော်လည်း ယခုနောက်ပိုင်းတွင်မူ တစ်လလျှင် တစ်ကြိမ်ခန့်သာ ရောက်ရှိတော့သည်ဟု ဆိုသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ကယ်လီဖိုးနီးယားပြည်နယ်တွင် ရွှေတွင်းများနှင့် ရဟတ်ယာဉ်ကွင်းပါဝင်သော ယာတောတစ်ခုကို ကန်ဒေါ်လာ ၂ဒသမ ၅ သန်းဖြင့်ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
ကယ်လီဖိုးနီးယားပြည်နယ်တွင် ရွှေတွင်းများနှင့် ရဟတ်ယာဉ်ကွင်းပါဝင်သော ယာတောတစ်ခုကို ကန်ဒေါ်လာ ၂ဒသမ ၅ သန်းဖြင့်ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
ကယ်လီဖိုးနီးယားပြည်နယ်တွင် ရွှေတွင်းများနှင့် ရဟတ်ယာဉ်ကွင်းပါဝင်သော ယာတောတစ်ခုကို ကန်ဒေါ်လာ ၂ဒသမ ၅ သန်းဖြင့်ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည့် ဝန်ဆောင်မှု အကြီးအကျယ် နာမည်ကြီးနေ၊ ဝန်ဆောင်မှု ရယူသည့် မိန်းကလေးများ အလွန်များပြား...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service