ရန်ကုန်၊ ပုသိမ်လမ်းမပေါ်ရှိ ပလက်တီနမ်ပုသိမ် ဘက်စုံသုံး လူနေရပ်ဝန်းစီမံကိန်း စတင်ဆောက်လုပ်

ရန်ကုန်၊ ပုသိမ်လမ်းမပေါ်ရှိ ပလက်တီနမ်ပုသိမ် ဘက်စုံသုံး လူနေရပ်ဝန်းစီမံကိန်း စတင်ဆောက်လုပ် - Property News in Myanmar from iMyanmarHouse.com
24 Nov 2016 10:47 am တွင် တင်ခဲ့သည်
1231 ကြိမ် ကြည့်ရှု့ပြီး
ပြည်တွင်း ဆောက်လုပ်ရေးကုမ္ပဏီတစ်ခု ဖြစ်သည့် May Bay H & Co Ltd ကုမ္ပဏီက
ရန်ကုန်၊ ပုသိမ်လမ်းမကြီးပေါ်တွင် ရန်ကုန် မြို့မှ ချောင်းသာနှင့် ငွေဆောင်ကမ်းခြေ များသို့
သွားမည့် ခရီးသွားများ အပန်းဖြေ နားစခန်းတစ်ခုအဖြစ် ရည်ရွယ်၍ ပလက် တီနမ်ပုသိမ်
(Platinum Pathein Mixed- Use Project) အမည်ရှိ ဘက်စုံသုံး လူနေ ရပ်ဝန်းစီမံကိန်းကို
စတင်ဆောက်လုပ်နေပြီဖြစ်ကြောင်း ကုမ္ပဏီက ပြီးခဲ့သည့်အပတ်တွင် သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါစီမံကိန်း ပထမပိုင်းအဖြစ် ပလက်တီနမ်ပလာဇာ၊ ကြယ်သုံးပွင့် အဆင့်ရှိ ဟိုတယ်နှင့်
လူနေအပန်းဖြေအိမ် များကို ပါဝင်မည်ဖြစ်ပြီး စတင်ဆောက် လုပ်နေပြီဖြစ်ကာ ပလာဇာ
အဆောက် အအုံသည် လာမည့် ၂၀၁၇ ဇွန်လတွင် ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

စီမံကိန်း ဒုတိယပိုင်းတွင် ရန်ကုန်မှ ငွေဆောင်နှင့် ချောင်းသာသို့သွားရန် လမ်းတွင်
ခရီးတစ်ထောက်နားသည့်စခန်း အဖြစ် စားသောက်ဆိုင်တန်းများကို ဖွင့် လှစ်မည်ဖြစ်ပြီး
ဓာတ်ဆီဆိုင်များနှင့် ကား ၀ပ်ရှော့များလည်း ပါဝင်မည်ဖြစ်သည်။

"ငွေဆောင်၊ ချောင်းသာဆိုတာ မြန်မာ နိုင်ငံမှာ အသွားအများဆုံး ကမ်းခြေတွေ ဖြစ်ပါတယ်။
ခရီးသွားအများစုက ကမ်းခြေ ဟိုတယ်တွေကို တည်းဖို့ သတ်မှတ်ထားတဲ့ အချိန် (Check-in)
အချိန်မတိုင်ခင် ရောက် လေ့ရှိကြတယ်။ ဒါကြောင့် ဒီစီမံကိန်းမှာ တစ်ထောက်နားပြီးမှ
အချိန်ကိုက်သွားရင် ပိုပြီးအဆင်ပြေနိုင်တဲ့အတွက် ဒီစီမံကိန်းကို အကောင်အထည်ဖော်တာဖြစ်ပါ
တယ်"ဟု ကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်ဝင်းဝင်းခိုင်က ပြောသည်။

ယခင်စီမံကိန်းဒီဇိုင်းအရ ပလက် တီနမ်စီမံကိန်းကြီးထဲတွင် တိုက်ခန်းတွဲ များ၊ ၀န်ဆောင်မှုပါသည့်
လူနေတိုက်ခန်း များ ထည့်သွင်းတည်ဆောက်ရန် လျာထား ခဲ့သော်လည်း ဒေသခံများက လုံးချင်း
အိမ်များနှင့် ဆိုင်ခန်းများဖွင့်လှစ်ရန်ကို သာ ပိုမိုတောင်းဆိုသည့်အတွက်ကြောင့် ကုမ္ပဏီမှ
ယခုအစီအစဉ်ကို ဒီဇိုင်းပြောင်း လဲခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

ထို့ပြင် အဆိုပါ ပလက်တီနမ်စီမံကိန်း တွင်ပါဝင်မည့် ပလာဇာတွင် ဖက်ရှင်ဆိုင် များ၊
စူပါမားကက်များပါဝင်သည့်အတွက် ခရီးသွားပြည်သူများအပြင် ပုသိမ်မြို့နေ ဒေသခံများ
အတွက်ပါ အပန်းဖြေလည် ပတ်စရာတစ်ခုဖြစ်လာမည်ဖြစ်ကြောင်း၊ ဟိုတယ်တွင်လည်း
လူ ၅၀၀ ဆံ့ ခန်းမ ကြီးများ ပါဝင်မည်ဖြစ်သောကြောင့် ဒေသခံများ ဧည့်ခံပွဲများကို ကျင်းပ
နိုင်ရန် နေရာရရှိလာမည်ဖြစ်ကြောင်း သိရသည်။

ပလက်တီနမ် ပုသိမ်စီမံကိန်းသည် ငွေဆောင်၊ ချောင်းသာကမ်းခြေများသို့ သွားသည့်
လမ်းဆုံးအနီးတွင်ဖြစ်ပြီး ကမ်း ခြေများမှ ကားဖြင့် ၄၅ မိနစ်ခန့် ခရီးအကွာ တွင်ရှိကြောင်း
ကုမ္ပဏီက သတင်းထုတ် ပြန်ထားသည်။

စီမံကိန်းအကျယ်အ၀န်းမှာ ၁၈ ဧကခန့် ရှိပြီး သက်ဆိုင်ရာ အစိုးရဌာနများမှ စီမံကိန်း
အသေးစိတ်အစီအစဉ်အား ခွင့်ပြု ချက်ရရှိထားပြီးဖြစ်ကြောင်းသိရသည်။

Credit:Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည့် ဝန်ဆောင်မှု အကြီးအကျယ် နာမည်ကြီးနေ၊ ဝန်ဆောင်မှု ရယူသည့် မိန်းကလေးများ အလွန်များပြား...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service