တက်သစ်စလူငယ်တွေသင့်ဆီမှာ စိတ်အားထက်သန်စွာအလုပ်လုပ်ဖို့ ဘာတွေလုပ်မလဲ

တက်သစ်စလူငယ်တွေသင့်ဆီမှာ စိတ်အားထက်သန်စွာအလုပ်လုပ်ဖို့ ဘာတွေလုပ်မလဲ - Property Knowledge in Myanmar from iMyanmarHouse.com
11 Nov 2016 12:23 pm တွင် တင်ခဲ့သည်
1366 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

ကုမ္ပဏီ တည်ထောင်သူတွေဟာ စတင်ခါစ လုပ်ငန်းငယ်တွေ အနေနဲ့ရှေ့လျောက် ဖွံ့ဖြိုးတိုးတက် ဖို့က အရေးအပါဆုံး လုပ်ဆောင်ရမယ့် အချက်ဖြစ်တယ် ဆိုတာ သိကြပါတယ်။ဒီလိုလုပ်ဆောင်တဲ့ အခါမှာ တက်သစ်စ လူငယ်တွေရဲ့  အရည်အချင်း အသစ်တွေကိုလိုအပ်ပါတယ်။

ကုမ္ပဏီတွေက ထူးချွန်တဲ့ millennials လူငယ်တွေကိုအပြိုင်အဆိုင်ခေါ်ယူနေကြတဲ့အခါမှာ ကိုယ့်ကုမ္ပဏီမှာ သစ္စာရှိစွာမြဲမြဲမြံမြံ လုပ်နေဖို့ကတော့အကြံဥာဏ်ကောင်းတော်တော်ထုတ်ပြီးတော့ ဆွဲဆောင်ရမှာဖြစ်ပါတယ်။ လူငယ်တွေကိုဆွဲဆောင်တဲ့အခါမှာ ရာထူးနေရာ၊လစာပေးတာထက်ထိရောက်တာကတော့ ရည်မှန်းချက်နဲ့လုပ်ဆောင်တတ်ဖို့ ပြသပေးတာပဲဖြစ်ပါတယ်။

မနီလာမြို့က branding ကုမ္ပဏီတစ်ခုကစီအီးအိုဖြစ်တဲ့ Anj Vera ကကုမ္ပဏီသစ် start-up တွေအနေနဲ့ လူငယ်တွေကို လုပ်ငန်းအတွက်အရေးပါတဲ့ဆုံးဖြတ်ချက်ချတဲ့ နေရာတွေ (decision-making process)တွေ မှာ ပါဝင်စေလာတာနဲ့အမျှ ဒီလူငယ်တွေဟာ ကုမ္ပဏီကိုပိုတန်ဖိုးထားတတ်လာပြီးတော့ ကုမ္ပဏီရဲ့ ရည်မှန်းချက်ပန်းတိုင်တွေရောက်အောင်လို့ သူတို့ ဘက်ကနေဘယ်လို့လုပ်ဆောင်ပေးနိုင်မလဲဆိုတာကို
စဉ်းစားလာကြတယ်လို့ဆိုပါတယ်။ဒီလိုအခြေအနေမျိုးက ၀န်ထမ်းပေါင်းများစွာရှိတဲ့ လုပ်ငန်းစုကြီးတွေမှာတော့တွေ့ရလေ့မရှိဘူးလို့သူကဆက်ပြောပါတယ်။

Start-up တွေအနေနဲ့ လူငယ်တွေနဲ့ထဲထဲဝင်ဝင်ပူးတွဲလုပ်ဆောင်နိုင်ဖို့ နည်းလမ်းတချို့ရှိပါတယ်။

၁. မသေချာမရေရာမှုတွေဆိုတာ မလွဲမသွေ ကြုံတွေ့ရမယ်ဆိုတာသိပါစေ

စတင်တည်ထောင်လိုက်တဲ့ လုပ်ငန်းတစ်ခု အောင်မြင်တိုးတက်နိုင်ဖို့အတွက် မသေချာမရေရာမှုတွေ ရှိကောင်းရှိနိုင်ပါလိမ့်မယ်၊ ဒါပေမယ့်" ၁၉၈၀ နဲ့ ၂၀၀၀ ပြည့်နှစ် ၀န်းကျင်တွေအကြား မွေးဖွားကြီးပြင်းလာကြတဲ့ မျိုးဆက် (millennials) တွေအတွက်ကတော့ ဒီလိုမသေချာမရေရာမှုတွေလောက်နဲ့တော့ မဖြုံလောက်တော့ပါဘူး" လို့ Vera ကပြောပါတယ်။

" သူတို့တွေဟာ တိုးတက်ကြီးထွားဖို့ အလားအလာရှိတဲ့ အလုပ်တစ်ခုခု ၊ အဲဒီအလုပ်မှာ သူတို့သိထားတတ်ထားသမျှ ပညာနဲ့ တီထွင်ဖန်တီးမှုတွေကို ချပြခွင့်ရနိုင်မယ့် အလုပ်တစ်ခုခုမှာ ပါဝင်လုပ်ကိုင်လိုကြတဲ့သူတွေဖြစ်
ပါတယ်" လို့ သူက ပြောပါတယ်။ " ကိုယ်ကြိုးစားရင် ကြိုးစားသလောက် အကျိုးရနိုင်မယ့်၊ တည်တံ့ခိုင်မာတဲ့ အဖွဲ့အစည်းတစ်ခုခုဟာ အလုပ်သမားဝန်ထမ်းတွေကို ဆွဲဆောင်နိုင်ပါတယ်၊အထူးသဖြင့် millennials တွေကတော့ကြိုးစားသလောက်တက်လမ်းရှိတဲ့ အလုပ်တွေမှာ လုပ်ချင်ကြပါတယ်" လို့ သူမက ပြောပြပါတယ်။

ဖိလစ်ပိုင်အခြေစိုက် ငွေချေးလုပ်ငန်းကုမ္ပဏီ Loansolutions ကုမ္ပဏီရဲ့ ပူးတွဲတည်ထောင်သူနဲ့ စီအီးအို Jean Patrick Bisson ဟာဆိုရင် သူ့ရဲ့ကုမ္ပဏီ မှာ ၀န်ထမ်းပေါင်း ၅၀ လောက်ကိုဦးစီးခန့်ခွဲလုပ်ကိုင်နေသူဖြစ်
ပါတယ်။ တစ်ချိန်တည်းမှာပဲ သူပါဝင် ရင်းနှီးမြှုပ်နှံထားတဲ့ တစ်ခြား တည်ထောင်ခါစ လုပ်ငန်းသုံးခုမှ ၀န်ထမ်းအယောက် ၁၀၀ လောက်ကိုလည်း ခန့်ခွဲနေရသူဖြစ်ပါတယ်။ နည်းပညာကုမ္ပဏီအများစုလိုဘဲ ဒီက
ဝန်ထမ်းအားလုံးရဲ့ ၉၀ ရာခိုင်နှုန်းလောက်က millennials တွေပဲဖြစ်နေပါတယ်။

ကုမ္ပဏီအနေနဲ့ မသေချာမရေရာမှုတွေကို ပွင့်လင်းမြင်သာမှုရှိစွာနဲ့ဘဲကိုင်တွယ်ဖြေရှင်းပေးနေပါတယ်၊ "တစ်ခြား ထူထောင်ခါစလုပ်ငန်းတွေနဲ့မတူဘဲ ဒီကုမ္ပဏီမှာက ကျွန်တော်တို့ အားလုံးအပေါ်မှာ တစ်ခုမှ ဖုံးမထားဘဲ
ပွင့်လင်းတဲ့ဆက်ဆံရေးနဲ့လုပ်ဆောင်ပါတယ်၊ ဥပမာအားဖြင့်တော့ကျွန်တော်တို့ ၀င်ငွေဘယ်လောက်ရနေသလဲ၊ ဘဏ်ထဲမှာ ကျွန်တော်တို့အပိုင် ငွေကြေးတွေဘယ်လောက်ရှိနေသလဲဆိုတာ ဒီက ကျွန်တော်တို့
ဝန်ထမ်းတွေအားလုံး သိကြပါတယ်၊ အဲဒီလို ပွင့်လင်းမြင်သာမှုရှိလို့လဲ အရင် ကျွန်တော်တို့ အခြေအနေသိပ်မကောင်းလို့ ရုန်းကန်ခဲ့ရချိန်က ၀န်ထမ်းအနည်းအကျဉ်းလောက်ဘဲ ကျွန်တော်တို့ဆီက ထွက်သွားခဲ့
ပါတယ်၊ သစ္စာရှိကြတဲ့ ၀န်ထမ်းအများစုကတော့ ကျွန်တော်တို့နဲ့ ဆက်နေပြီး ခိုင်ခိုင်မာမာ လက်တွဲထားနိုင်ခဲ့ပါတယ်" လို့ Bisson က ပြောပါတယ်။

၂။ သူတို့ကို လုပ်ပိုင်ခွင့် ပေးထားပါ.

ဖိလစ်ပိုင်အခြေစိုက် HeyKuya ကုမ္ပဏီဟာဆိုရင် ၀န်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်ပြီးတော့ ၀န်ထမ်းဦးရေ ၂၀ လောက်ရှိပြီး သူတို့တွေရဲ့ ပျမ်းမျှ အသက် ၂၃ နှစ်ဖြစ်ကြပါတယ်။ များသောအားဖြင့် ကုမ္ပဏီလုပ်ငန်းကော်ပိုရေးရှင်းကြီးတွေဟာ လူငယ်တွေရဲ့စွမ်းအားအပေါ် သံသယရှိတတ်ကြပေမယ့် သူတို့ကုမ္ပဏီကတော့ လူငယ်တွေကို ပိုပြီး ယုံယုံကြည်ကြည် တာဝန်ယူခိုင်းတတ်တယ်လို့ ကုမ္ပဏီရဲ့ စီအီးအို Shahab Shabibi က
ပြောပါတယ်။ " ကျွန်တော်တို့ဆီမှာဆိုရင် intern လာဆင်းသူတွေ၊လုပ်ငန်းမကျွမ်းကျင်သေးတဲ့လူတွေဟာ အခြား ကုမ္ပဏီတွေက မန်နေဂျာအဆင့်လောက်ထက် ဒီမှာ ပိုပြီးလုပ်ပိုင်ခွင့်ရှိနေပါတယ်၊ ဘယ်အလုပ်မျိုးကမှဒီလိုမျိုး အခွင့်အရေးမျိုး ပေးမထားပါဘူး။ ကျွန်တော်တို့ဆီမှာတော်ပြီးတော့ အလုပ်ကြိုးစားတဲ့ သူတွေ ရှိနေပါတယ်၊ သူတို့လိုလူမျိုးတွေကို သွားပြီး ကန့်သတ်ဖို့ကြိုးစားရင် ဒီလုပ်ရပ်ဟာ ဆိုးရွားတဲ့
လုပ်ရပ်ဖြစ်သွားနိုင်ပါတယ်" လို့ ၎င်းက ပြောသွားပါတယ်။

" ကျွန်တော်ထင်ပါတယ်၊ သူတို့တွေကို လုပ်ပိုင်ခွင့်တွေပေးတဲ့နေရာမှာယုံကြည်မှုနဲ့ လေးစားမှုကိုပါ ပေးလိုက်သလိုဖြစ်နေတာပါ" လို့ ၎င်းကထပ်လောင်းပြောကြားပါတယ်။တစ်ချိန်တုန်းကဆိုရင် သူတို့ကုမ္ပဏီရဲ့ HR ပိုင်းမှာ အရမ်းကို စည်းကမ်းတင်းကျပ်ခဲ့တဲ့ အမျိုးသမီးအကြီးအကဲတစ်ယောက်ရှိခဲ့တယ်လို့ ၎င်းကပြောပါတယ်။

သူဟာ အလုပ်ထဲက လူတွေရဲ့ လုပ်ပိုင်ခွင့်တွေကိုကန့်သတ်ပိတ်ပင်ဖို့ ရည်ရွယ်လုပ်ဆောင်တာမျိုး ရှိခဲ့တယ်လို့ Shahab Shabibi က ပြောပြပါတယ်၊ အဲဒီအချိန်တုန်းက လူဟောင်းတွေဆိုရင်
သူ ဒီလိုပဲ ဆက်လုပ်နေမယ်ဆိုရင် အလုပ်ကနေ ထွက်ဖို့တောင် စဉ်းစားခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း ကုမ္ပဏီအနေနဲ့နောက်ပိုင်းမှာ အဲဒီ HR အကြီးအကဲကို ဖယ်ပြီးတော့ ငယ်ရွယ်
ထက်မြတ်တဲ့ အခြားအမျိုးသမီးတစ်ယောက်နဲ့ အစားထိုးခန့်အပ်ခဲ့လို့ ခုလို အဆင်ပြေသွားတာလို့ ပြောသွားပါတယ်။

၃. ရည်ရွယ်ချက် က အဓိကပါပဲ

" ကမ္ဘာတစ်ဝန်းက အချက်အလက်တွေအရဆိုရင် millennials ဆယ်ယောက်ထဲက ခြောက်ယောက်လောက်ဟာဆိုရင် အလုပ်အကိုင်အခွင့်အလမ်းတစ်ခု ရလာပြီဆိုရင် အဲဒီအလုပ်မှာ သူ့ ရည်ရွယ်ချက် နဲ့ ကိုက်ညီ
မှုရှိမရ ဆိုတာ စဉ်းစားတတ်ကြပါတယ်" လို့ Vera က ဆိုပါတယ်။Shabibi က ပြောပါတယ်၊ သူနဲ့ သူဝန်ထမ်းအဖွဲ့ဟာ အရာအားလုံးကိုပြောင်းလဲနိုင်တယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ရည်ရွယ်ချက် စုစည်းလုပ်ကိုင်
နေကြတယ်လို့ ဆိုပါတယ်။ " နေ့စဉ်နေ့တိုင်း ကုမ္ပဏီရဲ့ တိုးတက်မှုတွေကို သင် မြင်ရချိန်မှာ လူမှုကွန်ရက်တွေမှာ လုပ်ငန်းအတွေ့အကြုံတွေကို
တင်ပြီး ပျော်နေကြတဲ့ ၀န်ထမ်းတွေကိုလဲ သင်မြင်ရပါလိမ့်မယ်၊ တကယ်လို့ဖောက်သည်တစ်ယောက်ကများ ကုမ္ပဏီရဲ့ ၀န်ဆောင်မှုကောင်းတယ်လို့များ မက်ဆေ့ခ်ျပို့လိုက်မယ်ဆိုရင် အဲဒီအချိန်တစ်ခဏဟာ ဘာနဲ့မှ လဲလို့မရတဲ့ခံစားမှုကောင်းတစ်ခု ရရှိလိုက်သလိုပါပဲ" လို့ ၎င်းက ပြောသွားပါတယ်။

Bisson ကလည်း ခုလိုပြောသွားပါတယ်၊ " ကျွန်တော်တို့ Loansolutions ဟာဆိုရင် ဖိလစ်ပိုင်နိုင်ငံမှာ ပိုမိုကောင်းမွန်ပြည့်စုံတဲ့ ငွေချေးလုပ်ငန်းတစ်ခုဖြစ်ဖို့လုပ်ဆောင်နေပါတယ်၊ ဒါကြောင့် တစ်နေ့ပြီးတစ်နေ့ ကျွန်တော်တို့ရဲ့အကောင်းဆုံး အားထုတ်မှုတွေ ထည့်ပြီးလုပ်နေပါတယ်၊ ကျွန်တော်တို့အနေနဲ့ ငွေတစ်ခုတည်းအတွက်လုပ်နေတာမဟုတ်ဘူးဆိုတာလည်း ကျွန်တော်တို့ သိနေပါတယ်" လို့ ပြောသွားပါတယ်။

၎. လေ့လာသင်ယူနိုင်တဲ့အဖွဲ့တစ်ခု ဖြစ်အောင် ဖန်တီးပါ

HeyKuya မှာဆိုရင် ၀န်ထမ်းအဖွဲ့ဟာ လျင်လျင်မြန်မြန် သွက်သွက်လက်လက်လုပ်ကိုင်ကြပြီးတော့ ဆုံးဖြတ်ချက်တွေကိုလည်း နာရီပိုင်းတွင်းချမှတ်ကြတယ်လို့ Shabibi က ဆိုပါတယ်၊ " အဓိက မိန်းအချက်ကကျွန်တော်တို့ဟာ ကျဆုံးသွားမှာကို မကြောက်တာပါဘဲ၊ တစ်ခုခုကို ရဖို့မကြောက်မရွံ့ ကြိုးစားကြရမှာပါပဲ" လို့ ဆိုပါတယ်။

" ကျွန်တော်တို့ဆီမှာတော့ ၀န်ထမ်းတွေကို သူတို့ရဲ့ အလုပ်တွေကို တစ်ဘက်ကမ်းခတ် ကျွမ်းကျင် အောင် လုပ်ခွင့်ပေးထားပါတယ်၊ သူတို့တွေ ရနိုင်သမျှ အခွင့်အရေးတွေ ရဖို့ ကျွန်တော်တို့အားလုံး မြှုပ်နှံထားပါတယ်" လို့ Bisson ကလည်း ပြောသွားပါတယ်။အရင်တုန်းက ဒီလိုမှန်ကန်တဲ့ တိုးတက်မှုမျိုး မရရှိခဲ့ဘူးလို့ ၎င်းက ပြောပါတယ်။

ကုမ္ပဏီအနေနဲ့ အတိတ်တုန်က အရည်အချင်းရှိသူတွေကိုလက်လွှတ်ဆုံးရှုံးထားခဲ့ရပါတယ်၊ လက်ရှိ Loansolutions ဟာဆိုရင်အရည်အချင်းရှိ လူငယ်တွေကို မခေါ်ခင် ရှိနှင့်ပြီးသား စီနီယာတွေအရည်အချင်းပိုရှိလာအောင်မြင့်တင်ပေးပါတယ်။ millenials တွေကို တိုးတက်ကြီးပွားနိုင်ခွင့် ကုမ္ပဏီက ပေးမထားဘူးဆိုရင်တော့ သူတို့တွေဟာ တစ်နည်းနည်းနဲ့ ထွက်သွားကြမှာပါ လို့ ၎င်းက
ပြောသွားပါတယ်။

Credit : SFJ Strategy First

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
Mingalar Market
MIngalardon Garden City

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service