အိမ်ခြံမြေဝန်ဆောင်မှု လုပ်ငန်းဆိုင်ရာ ဥပဒေကြမ်းပြုစုရန် အလုပ်ရုံဆွေးနွေးပွဲပြုလုပ်

အိမ်ခြံမြေဝန်ဆောင်မှု လုပ်ငန်းဆိုင်ရာ ဥပဒေကြမ်းပြုစုရန် အလုပ်ရုံဆွေးနွေးပွဲပြုလုပ် - Property News in Myanmar from iMyanmarHouse.com
24 Oct 2016 10:15 am တွင် တင်ခဲ့သည်
889 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်တိုင်းဒေသကြီး အိမ်ခြံမြေ လုပ်ငန်းရှင်များအသင်းမှ ကြီးမှူးကျင်းပသည့် အိမ်ခြံမြေဝန်ဆောင်မှု လုပ်ငန်းဆိုင်ရာ ဥပဒေကြမ်းပြုစုရန် အလုပ်ရုံဆွေးနွေးပွဲကို အောက်တိုဘာ ၂၂ ရက် မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ ပြည်လမ်းရှိ (International Business Center) ၌ ပြုလုပ်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး အိမ်ခြံမြေ လုပ်ငန်းရှင်များအသင်းမှ ဦးစိုင်းခွန်နောင်က'' ဒီဥပဒေက အိမ်ခြံမြေ လောကသားတွေအတွက်ရော၊ အများပြည်သူအတွက်ရော၊ နိုင်ငံတော်အတွက်ရော ရင်းနှီးမြှုပ်နှံသူတွေ အတွက်ပါ အကျိုးရှိမှာပါ။ နိုင်ငံတကာမှာလည်း ဒီဥပဒေက ရှိပြီးသားပါ။ ကျွန်တော်တို့ နိုင်ငံမှာ အိမ်ခြံ မြေဝန်ဆောင်မှုနဲ့ဆိုင်တဲ့ ဥပဒေက ခိုင်ခိုင်မာမာမရှိသေးတော့ သူများနိုင်ငံတွေနဲ့ယှဉ်ရင် လာရောက်ရင်းနှီးမြှုပ်နှံမယ့်သူတွေအတွက်လည်း အခက်အခဲရှိနိုင်ပါတယ်။ ကျွန်တော် တို့ လောကသားတွေအတွက်လည်း အခက်အခဲရှိတယ်။ ဒါကြောင့် နိုင်ငံတော်အစိုးရကလည်း အားပေးတယ်။ကျွန်တော်တို့ အနေနဲ့လည်း နိုင်ငံတော်ကို တစ်ထောင့်တစ်နေရာကနေ အကူအညီရအောင် ဥပဒေကြမ်းရေးဆွဲဖို့ ဆောင်ရွက်ရခြင်းဖြစ်ပါတယ်။ ပွင့်လင်းမြင်သာစွာနဲ့ ဆောင်ရွက်တာဖြစ်တဲ့အတွက် အားလုံးပါဝင်ကြ ဖို့လိုပါတယ်''ဟု ပြောသည်။

ယခုရေးဆွဲမည့် ဥပဒေကြမ်းတွင် ဝန်ဆောင်မှုလုပ်ငန်း လုပ်ဆောင်မည့်သူများ လိုက်နာရမည့်တာဝန်များ၊ ဝန်ဆောင်မှုလုပ်ငန်း အပ်နှံသူတို့ လိုက်နာရန်နှင့် ရပိုင်ခွင့်များ၊ ပြစ်မှုနှင့် ပြစ်ဒဏ်များ၊ ဝန်ဆောင်မှု လုပ်ငန်းခွင့်ပြုလက်မှတ် ထုတ်ပေးရန် သတ်မှတ်ချက်နည်းလမ်းများ စသည်တို့ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

''အိမ်ခြံမြေ ဝန်ဆောင်မှုလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုနေတဲ့သူတွေ အတွက် ပြည်တွင်းသာမက ပြည်ပနဲ့ဆက်သွယ်ပြီးဆောင်ရွက်တဲ့အခါ နိုင်ငံတကာနဲ့ ဆက်သွယ်လုပ်ကိုင်လိုသူတွေအတွက် ခိုင်မာတဲ့ ရပ်တည်ချက်ရှိတဲ့ ဥပဒေရှိဖို့နဲ့ အသိအမှတ်ပြုလက်မှတ်ရဖို့ အရေးကြီးပါတယ်'' ဟု အတွင်းရေးမှူး မရွှေရည်ဝင်းက ပြောသည်။

အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ဥပဒေနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်သုံးသပ်ရေး ကော်မရှင်အဖွဲ့မှ ဦးတင်မောင်ဦး၊ ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်ဥပဒေကြမ်း ကော်မတီ ဥက္ကဋ္ဌ ဦးသိန်းမြင့်၊ ရခိုင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ ရန်ကုန်တိုင်း အိမ်ခြံမြေလုပ်ငန်းရှင်များအသင်း နာယက ဦးတင်မောင်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ အိမ်ခြံမြေ ဝန်ဆောင်မှုလုပ်ငန်းရှင်များ၊ ဥပဒေရေးရာကျွမ်းကျင်သူများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

Credit: MOI Webportal Myanmar

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service