အိမ်ခြံမြေဝန်ဆောင်မှု လုပ်ငန်းဆိုင်ရာ ဥပဒေကြမ်းပြုစုရန် အလုပ်ရုံဆွေးနွေးပွဲပြုလုပ် - Property News in Myanmar from iMyanmarHouse.com
891 Views

အိမ်ခြံမြေဝန်ဆောင်မှု လုပ်ငန်းဆိုင်ရာ ဥပဒေကြမ်းပြုစုရန် အလုပ်ရုံဆွေးနွေးပွဲပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး အိမ်ခြံမြေ လုပ်ငန်းရှင်များအသင်းမှ ကြီးမှူးကျင်းပသည့် အိမ်ခြံမြေဝန်ဆောင်မှု လုပ်ငန်းဆိုင်ရာ ဥပဒေကြမ်းပြုစုရန် အလုပ်ရုံဆွေးနွေးပွဲကို အောက်တိုဘာ ၂၂ ရက် မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ ပြည်လမ်းရှိ (International Business Center) ၌ ပြုလုပ်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး အိမ်ခြံမြေ လုပ်ငန်းရှင်များအသင်းမှ ဦးစိုင်းခွန်နောင်က'' ဒီဥပဒေက အိမ်ခြံမြေ လောကသားတွေအတွက်ရော၊ အများပြည်သူအတွက်ရော၊ နိုင်ငံတော်အတွက်ရော ရင်းနှီးမြှုပ်နှံသူတွေ အတွက်ပါ အကျိုးရှိမှာပါ။ နိုင်ငံတကာမှာလည်း ဒီဥပဒေက ရှိပြီးသားပါ။ ကျွန်တော်တို့ နိုင်ငံမှာ အိမ်ခြံ မြေဝန်ဆောင်မှုနဲ့ဆိုင်တဲ့ ဥပဒေက ခိုင်ခိုင်မာမာမရှိသေးတော့ သူများနိုင်ငံတွေနဲ့ယှဉ်ရင် လာရောက်ရင်းနှီးမြှုပ်နှံမယ့်သူတွေအတွက်လည်း အခက်အခဲရှိနိုင်ပါတယ်။ ကျွန်တော် တို့ လောကသားတွေအတွက်လည်း အခက်အခဲရှိတယ်။ ဒါကြောင့် နိုင်ငံတော်အစိုးရကလည်း အားပေးတယ်။ကျွန်တော်တို့ အနေနဲ့လည်း နိုင်ငံတော်ကို တစ်ထောင့်တစ်နေရာကနေ အကူအညီရအောင် ဥပဒေကြမ်းရေးဆွဲဖို့ ဆောင်ရွက်ရခြင်းဖြစ်ပါတယ်။ ပွင့်လင်းမြင်သာစွာနဲ့ ဆောင်ရွက်တာဖြစ်တဲ့အတွက် အားလုံးပါဝင်ကြ ဖို့လိုပါတယ်''ဟု ပြောသည်။

ယခုရေးဆွဲမည့် ဥပဒေကြမ်းတွင် ဝန်ဆောင်မှုလုပ်ငန်း လုပ်ဆောင်မည့်သူများ လိုက်နာရမည့်တာဝန်များ၊ ဝန်ဆောင်မှုလုပ်ငန်း အပ်နှံသူတို့ လိုက်နာရန်နှင့် ရပိုင်ခွင့်များ၊ ပြစ်မှုနှင့် ပြစ်ဒဏ်များ၊ ဝန်ဆောင်မှု လုပ်ငန်းခွင့်ပြုလက်မှတ် ထုတ်ပေးရန် သတ်မှတ်ချက်နည်းလမ်းများ စသည်တို့ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

''အိမ်ခြံမြေ ဝန်ဆောင်မှုလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုနေတဲ့သူတွေ အတွက် ပြည်တွင်းသာမက ပြည်ပနဲ့ဆက်သွယ်ပြီးဆောင်ရွက်တဲ့အခါ နိုင်ငံတကာနဲ့ ဆက်သွယ်လုပ်ကိုင်လိုသူတွေအတွက် ခိုင်မာတဲ့ ရပ်တည်ချက်ရှိတဲ့ ဥပဒေရှိဖို့နဲ့ အသိအမှတ်ပြုလက်မှတ်ရဖို့ အရေးကြီးပါတယ်'' ဟု အတွင်းရေးမှူး မရွှေရည်ဝင်းက ပြောသည်။

အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ဥပဒေနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်သုံးသပ်ရေး ကော်မရှင်အဖွဲ့မှ ဦးတင်မောင်ဦး၊ ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်ဥပဒေကြမ်း ကော်မတီ ဥက္ကဋ္ဌ ဦးသိန်းမြင့်၊ ရခိုင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ ရန်ကုန်တိုင်း အိမ်ခြံမြေလုပ်ငန်းရှင်များအသင်း နာယက ဦးတင်မောင်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ အိမ်ခြံမြေ ဝန်ဆောင်မှုလုပ်ငန်းရှင်များ၊ ဥပဒေရေးရာကျွမ်းကျင်သူများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

Credit: MOI Webportal Myanmar

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 08 Jul To 08 Aug

Central Shophouse

Emerald Bay Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service