အိမ်ခြံမြေအရောင်းအဝယ် ဘာ့ကြောင့်ပျက်ရသလဲ…. သိကောင်း စရာ

အိမ်ခြံမြေအရောင်းအဝယ် ဘာ့ကြောင့်ပျက်ရသလဲ…. သိကောင်း စရာ - Property Knowledge in Myanmar from iMyanmarHouse.com
21 Oct 2016 12:22 pm တွင် တင်ခဲ့သည်
3321 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

အိမ်ခြံမြေအရောင်းအဝယ် လုပ်ငန်းမှာ ဈေးကွက်ပျက်ရခြင်းအ ကြောင်းအရင်းနဲ့ ပတ်သက်ပြီး တိကျခိုင်မာတဲ့ အခြေအနေတွေ ရှိနေပါတယ်။ ဘာ့ကြောင့် အရောင်းအဝယ်မဖြစ်ရသလဲ ဆိုတာနဲ့ ဘာ့ကြောင်း အရောင်းအဝယ် ပျက်စီးရသလဲဆိုတာအတွက် ရောင်း သူ၊ ဝယ်သူတွေနဲ့ ကြားနေပွဲစားတို့ရဲ့ အရောင်းအဝယ် စကားဆိုမှု၊ ညှိ နှိုင်းဆောင်ရွက်မှုအဆင်မပြေခြင်းတွေအပြင် တခြားအရေးပါပြီး အဓိက ကျတဲ့အကြောင်းတွေကြောင့်လည်း အိမ်ခြံမြေအရောင်း
အ ဝယ်လုပ်ငန်း မအောင်မြင်ရတာလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့်မို့လို့ အခုဖော်ပြပေးမယ့် အချက်တွေက အိမ်ခြံမြေအရောင်းအဝယ်ပျက် ရခြင်းအဓိကအကြောင်းအရင်းတွေကို ဖော်ပြပေးလိုက်
ပါတယ်။

၁။ ငွေကြေးဈေးကွက်အပြောင်းအလဲနဲ့ အိမ်ခြံမြေဈေးနှုန်း အတက်အကျတွေကြောင့်လည်း ဈေးကွက်ပျက်နိုင်ပါတယ်။ နိုင်ငံတွင်း ငွေ ကြေးလဲလှယ်နှုန်းအတက်အကျက စီးပွားရေးလုပ်ငန်းတွေမှာများ စွာ ထိခိုက်အပြောင်းအလဲရှိနိုင်ပါတယ်။
အိမ်ခြံမြေဈေးကွက်မှာ လည်း သွယ်ဝိုက်ပြီးတော့ ထိခိုက်မှုရှိနိုင်ပါတယ်။ နောက်ပြီး ပြည် တွင်း အိမ်ခြံမြေဈေးကွက်ကစားသူတွေ၊ ဥပဒေချုပ်ကိုင် ပြောင်းလဲ သူတွေနဲ့ ပါးစပ်ပွဲစားတွေကြောင့် မကြာခဏပြောင်းလဲနေတဲ့ အိမ်ခြံ မြေဈေးကွက်တွေက အိမ်ခြံမြေအရောင်းအဝယ်လုပ်ဖို့အတွက် အခက်အခဲ၊ အတားအဆီးတွေ ဖြစ်စေနိုင်ပါတယ်။ ကွာဟလွန်းတဲ့ ဈေးနှုန်းအပြောင်းအလဲတွေကြောင့် ဝယ်လက်နဲ့ ရောင်းသူအပေါ်မှာ ညှိနှိုင်းမရတဲ့ အရောင်းအဝယ်ကိစ္စတွေပျက်သွားနိုင်ပါတယ်။

၂။ အရောင်းလုပ်ချင်တဲ့ အိမ်ခြံမြေတွေကို မပြင်ဆင်၊ မပြုပြင်ခြင်း။ နောက် အခွန်နဲ့ အကောက်ခွန် ဆောင်စရာများကို ပေးသွင်းခြင်း မပြုလုပ်ထားခြင်း အစရှိသဖြင့်တွေကလည်း အိမ်ခြံမြေအရောင်း ထွက်ဖို့ကို ခက်ခဲစေပါတယ်။ ရောင်းချင်တဲ့ အိမ်ကိုဝယ်လက်ပြတဲ့ အခါ ဝယ်ချင်စရာဖြစ်အောင် ပြင်ဆင်ရပါတယ်။ မိမိကိုယ်တိုင် မနေ တော့လို့ စွန့်ပစ်ထားတဲ့ အိမ်အဟောင်းကြီးကို ဘယ်သူကမှ မဝယ် ချင်ပါဘူး။ အိမ်ကြီးက စုတ်ပဲ့ဟောင်းနွမ်းနေပြီး လူနေထိုင်ချင်စရာမ ရှိခဲ့ဘူးဆိုရင် သင့်အိမ်ကိုဝယ်ဖို့ စိတ်ဝင်စားမှာမဟုတ်ပါဘူး။ မိမိ နောက်ဆုံးနေခဲ့တဲ့အချိန်အထိကို နေအိမ်နဲ့ပတ်သက်တဲ့ အခွန်တွေ၊ လိုင်စင်၊ မှတ်ပုံတင်စရာရှိတာ အစိုးရထံဆောင်စရာရှိတဲ့ စာရွက်စာ တမ်းကြေး အစရှိသဖြင့် အရှုပ်အရှင်းတွေ ပြုလုပ်ထားသင့်ပါတယ်။ ဒီလိုမှမဟုတ်ဘူးဆိုရင် နောက်ဝယ်လက်တစ်ဦးက အရှုပ်အရှင်းမ ကင်းတဲ့ အိမ်ကိုဝယ်ယူချင်မှာ မဟုတ်ပါဘူး။

၃။ ဈေးကွက်ကာလာပေါက်ဈေးနဲ့ အိမ်ရဲ့တန်ရာတန်ကြေး ကွာ ဟလွန်းတဲ့ အိမ်တွေကိုဝယ်လက်တွေ စိတ်မဝင်စားကြပါဘူး။ ဈေး နှုန်းမြင့်မားလွန်းပြီး ဈေးနှုန်းနဲ့အိမ်မတန်တဲ့ နေအိမ်ဈေးခေါ်ခြင်း ကြောင့် အိမ်အရောင်းအဝယ်ကို ပျက်ပြားစေပါတယ်။ မူလအိမ်ပိုင် ရှင်ရဲ့ခေါ်ဈေးက မြင့်မားသည်ဖြစ်စေ၊ ကြားဝင်ပွဲစားတွေရဲ့ဈေးနှုန်း မြှင့်ထားခြင်းကြောင့်ဖြစ်စေ အိမ်ရဲ့ဝယ်လက်ကို ဝယ်ယူဖို့ ငြင်းဆန် သွားစေနိုင်ပါတယ်။ ဈေးကွက်ထဲမှာ လက်ရှိပေါက်နေတဲ့ အိမ်ခြံ မြေဈေးနှုန်းကိုစုံစမ်းပြီး မိမိရောင်းချမယ့်အိမ်က ဘယ်လောက်ထိ ဈေးနှုန်းရနိုင်မလဲဆိုတာ ချိန်ဆပြီးမှ ဝယ်လက်ခေါ်သင့်ပါတယ်။ ကြားဝင်ပွဲစားတွေနဲ့လည်း ဈေးနှုန်းညှိနှိုင်းတိုင်ပင်ပြီးမှ အရောင်း ထုတ်သင့်ပါတယ်။

၎။ အိမ်ခြံမြေ အရောင်းဈေးကွက်ထဲ အရောင်းခေါ်ချိန် ကြာမြင့်ပြီး အချိန်တော်ကြာ အရောင်းမထွက်ခြင်းက နေအိမ်ဝယ်လက်ကို ဝယ်ယူဖို့သံသယနဲ့ စဉ်းစားစရာများ ဖြစ်ပေါ်စေပါတယ်။ ဘာ့ ကြောင့်အရောင်းမထွက်သေးရတာလဲဆိုတဲ့
မေးခွန်းတွေက သူတို့ အတွက်ဝယ်ယူဖို့ စဉ်းစားစရာပဲဖြစ်တတ်ပါတယ်။ ဒီ့အတွက် ကြောင့်လည်း အိမ်အရောင်းဈေးကွက်ပျက်နိုင်ပါတယ်။ ဈေးကွက်ထဲမှာ အချိန်ကြာအောင် မရောင်းထွက်နိုင်တာမျိုးကို မဖြစ်စေ အောင် ဈေးနှုန်းပြန်လည်သတ်မှတ်ဖို့ စဉ်းစားခြင်း၊ ကြားနေပွဲစားနဲ့ ဈေးကွက်ကျွမ်းကျင်သူတွေ ထံအပ်နှံပြီး အရောင်းထွက်နိုင်ဖို့ ကြိုး စားသင့်ပါတယ်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service