အပေးစာချုပ်ဖြင့် ပေးကမ်းသော်လည်း လက်ရောက် ရယူခြင်း မရှိသူထံမှ အိမ်နှင့် မြေကို ၀ယ်လျှင်

အပေးစာချုပ်ဖြင့် ပေးကမ်းသော်လည်း လက်ရောက် ရယူခြင်း မရှိသူထံမှ အိမ်နှင့် မြေကို ၀ယ်လျှင် - Property Knowledge in Myanmar from iMyanmarHouse.com
19 Aug 2016 11:34 am တွင် တင်ခဲ့သည်
2396 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

စာရေးသူ၏ ရုံးခန်းသို့ မိတ်ဆွေတစ်ဦး၏ လမ်းညွှန်မှုဖြင့် အမျိုးသမီးတစ်ဦး ရောက်ရှိလာပါသည်။

''အမှုကိစ္စတစ်ခု ဆွေးနွေးချင်လို့ပါ ဆရာ''ဟု ရိုသေစွာ ပြောလာပါသည်။

''ဟုတ်ကဲ့၊ ထိုင်ပါ၊ အေးအေးဆေးဆေးပြောလို့ ရပါတယ်''ဟု ကျွန်တော်က ခရီးဦးကြိုပြုလိုက်သည်။

''ဒီလိုပါဆရာ၊ အဘွားက သမီးကို သူပိုင်မြေနဲ့ အိမ်ကို မှတ်ပုံတင်အပေးစာချုပ် ပြုလုပ်ပြီး မေတ္တာနဲ့ ပေးခဲ့ပါတယ်''

''အခုအချိန်မှာ သမီးရဲ့ အဘွား ကွယ်လွန်သွားပြီလား''

''ဟုတ်ပါတယ်။ ဒါကြောင့် သမီးက အဲဒီအိမ်မှာနေတဲ့ အဒေါ်၊ အဲ- ဘယ်လိုပြောရမလဲ၊ သမီးဦးလေးရဲ့ မိန်းမပေါ့နော်၊ သူ့ကို အိမ်ကနေ ပြောင်းပေးဖို့ ပြောတယ်''

''သမီးရဲ့ ဦးလေးက ဘယ်ရောက်နေလို့လဲ''

''ပွင့်ပွင့်လင်းလင်း ဆွေးနွေးရရင် သမီးရဲ့ ဦးလေးက အင်္ဂလန်မှာ နောက်အိမ်ထောင်ပြုထားတယ် ဆရာ''

''အေးပေါ့၊ ဒီတော့လည်း သူရခွင့်ရှိတယ်ဆိုပြီး ပြောလာမှာပေါ့''

''သမီးနားမလည်တာက အဘွားက သမီးအတွက် သူပိုင်မြေနဲ့ အိမ်ကို မှတ်ပုံတင် အပေးစာချုပ် ချုပ်ဆိုထားပေမယ့် သမီးက အဘွားနဲ့ အတူမနေလို့ အပေးစာချုပ် ပျက်ပြယ်သွားပြီ၊ မပိုင်ဆိုင်ဘူးလို့ ပြောတယ်ဆရာ၊ အဲဒါ ဟုတ်ပါသလား။ သိချင်ပါတယ် ဆရာ။ ပြီးတော့ သူတို့က အဲဒီမြေနဲ့ အိမ်မှာ နေတာ အနှစ် ၂ဝ နီးပါးရှိလို့ သူတို့ ပိုင်သွားပြီလည်း ပြောပါတယ်''

''မြန်မာဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ကတော့ သားသမီး၊ မြေး၊ မြစ်တွေကို မိဘ၊ အဘိုးအဘွားတွေက မိမိပိုင် ပစ္စည်းတွေ ပေးကမ်းနိုင်ခွင့် ရှိတယ်။ အိမ်မြေတိုက်ခန်း စတဲ့ မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်း ဆိုရင်တော့ သမီးတို့လို မှတ်ပုံတင်စာချုပ်စာတမ်းနဲ့ ချုပ်ဆိုပေးကမ်းကြရတယ်။ ရွှေ၊ ငွေ၊ ကား စတဲ့ ရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းတွေကိုတော့ လက်ရောက်ပေးကမ်းရုံနဲ့ တရားဝင်တယ်။ ပစ္စည်းပေးကမ်းသူနဲ့ အတူနေသူကိုမှ ပစ္စည်းလွှဲပေးရမယ်လို့ သတ်မှတ်ထားချက်တော့ မရှိဘူး။ ဒါပေမယ့် အမွေရှင်တစ်ယောက် ကွယ်လွန်သွားရင် အမွေခွဲစရာမရှိဘဲ တစ်ဦးတစ်ယောက်တည်းကို ပစ္စည်းအားလုံးပေးလို့ မရဘူး။ ပျက်ပြယ်မှာ ဖြစ်တယ်''

''အားလုံး အမွေသဘောမျိုး ခွဲပေးထားတယ်ဆိုရင် အကျုံးဝင်လား ဆရာ''

''မိသားစု စီမံမှုသဘောမျိုး မိသားစုအားလုံး သဘောတူ ခွဲဝေထားမယ်ဆိုရင်တော့ ဥပဒေအရ အကျုံးဝင်ပါတယ်။ ဒါနဲ့ သမီးရဲ့ မိဘတွေက မရှိကြဘူးလား''

''အမေတို့က မောင်နှမ ၃ ယောက်ရှိတယ်၊ အဘိုးကလည်း ဆုံးတာ အတော်ကြာသွားပြီ။ အဘိုးဆုံးပြီးနောက် ၅ နှစ်လောက်မှာ သမီးရဲ့ အမေ ဆုံးပါးသွားပါတယ်''

''ဒါဆို နောက်တစ်ယောက်က..''

''ကြီးကြီးကတော့ သီးခြား အိမ်ထောင်ခွဲနေတယ်။ အခု ကြီးကြီးနေတဲ့ အိမ်ကလည်း အဘွားက အမွေခွဲပေးလိုက်တာ၊ သမီးကိုတော့ ကွယ်လွန်သွားတဲ့ သမီးတို့ အမေအတွက် ပေးတာပေါ့''

''ဒါဆိုရင် အခုအိမ်မှာနေတဲ့ ဦးလေးနဲ့ ဇနီး မိသားစုက ဘယ်လို ရောက်လာသလဲ''

''ဦးလေးတို့ မိသားစုကိုလည်း အခုနေတဲ့ ခြံရဲ့ တောင်ဘက်ခြမ်းက အိမ်နဲ့ မြေကို ပေးထားတယ်။ အဲဒါသူတို့က ရောင်းစားလိုက်တယ်လေ''

''အဲဒီလို သီးခြားစီခွဲဝေပေးထားတာ ဆိုရင်တော့ စိုးရိမ်စရာ မရှိပါဘူး''

''ဒါပေမယ့် ဆရာ၊ သူတို့က အဘွားနဲ့ အတူနေခဲ့ကြတာ ဖြစ်တယ်။ သမီးကတော့ အဖေနဲ့အတူ ခွဲပြီး နေထိုင်ကြတာဆိုတော့ ရပိုင်ခွင့် ရှိပါ့မလား''

''သမီးကို နားလည်အောင် ပြောရမယ်ဆိုရင် မြန်မာဗုဒ္ဓဘာသာဝင်တို့က မိမိပိုင် မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်း အိမ် ခြံ မြေ တို့ကို အပေးစာချုပ် ပြုလုပ်ကာ မည်သူ့ကိုမဆို မေတ္တာနဲ့ အပိုင်ပေးခွင့် ရှိတယ်။ ပစ္စည်းလွှဲပြောင်းခြင်း အက်ဥပဒေပုဒ်မ ၁၂၂ နဲ့ ပုဒ်မ ၁၂၃ မှာ မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းကို အဖိုးစားနားမယူဘဲ မေတ္တာနဲ့ ပေးကမ်းမယ်ဆိုရင် အနည်းဆုံး အသိသက်သေ ၂ ဦးနဲ့ အတူ ပေးကမ်းသူ၊ လက်ခံသူတို့က စာချုပ်စာတမ်းမှတ်ပုံတင်ရုံးရှိ မှတ်ပုံတင်အရာရှိ ရှေ့မှာ လက်မှတ်ရေးထိုးပြီး မှတ်ပုံတင် အပေးစာချုပ်ကို ချုပ်ဆိုရမှာ ဖြစ်ပါတယ်။ အဲဒီလို မှတ်ပုံတင်ချုပ်ဆိုခြင်း မဟုတ်ဘဲ အရပ်စာချုပ်သဘောမျိုး ရေးသားပေးကမ်းခဲ့ရင်တော့ ဥပဒေအရ တရားဝင်မှာ မဟုတ်ဘဲ မူလကတည်းက ပျက်ပြယ်နေတဲ့စာချုပ် ဖြစ်သွားမှာ ဖြစ်တယ်''

''ဒါဆိုရင် သမီးကို ပေးထားတဲ့ မှတ်ပုံတင် အပေးစာချုပ်က တရားဝင်တာပေါ့နော်''

''မှန်ပါတယ်၊ နောက်တစ်ချက်က သမီးပြောတဲ့ ပစ္စည်းလက်ခံရယူသူက အဆိုပါ အဆောက်အအုံမှာ မနေလို့ တရားမဝင် ပျက်ပြယ်တယ်ဆိုတဲ့ ကိစ္စဖြစ်တယ်။ ဒါနဲ့ ပတ်သက်လို့ 'ဦးအောင်နိုင် ခေါ် ဦးဝေလွင်ပါ သုံးဦးနဲ့ ဒေါ်လဲ့လဲ့ကြူပါ သုံးဦး၊၂ဝ၁၂ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ ၁၄၉'မှာ ဖော်ပြထားတဲ့ အမှုဆိုရင် မိခင်ဖြစ်သူက မိမိပိုင် မြေနဲ့ အိမ်ကို ဒေါ်လဲ့လဲ့ကြူတို့ မောင်နှမ သုံးဦး အမည်နဲ့ မှတ်ပုံတင်စာချုပ်ချုပ်ဆိုပြီး မေတ္တာနဲ့ ပေးကမ်းခဲ့တယ်။ မောင်နှမသုံးဦးက အချင်းဖြစ် မြေနဲ့ အိမ်ပေါ်မှာ နေထိုင်နေတဲ့ ဦးအောင်နိုင် မိသားစုကို မြေနဲ့ အဆောက်အအုံမှ ဖယ်ရှားပြီး လက်ရောက်ပေးအပ်ဖို့ တရားစွဲဆိုတာပဲ ဖြစ်တယ်။

ဦးအောင်နိုင်က အဆောက်အအုံကို ဆောက်လုပ်ပြီး နေထိုင်ခဲ့သည်မှာ အနှစ် ၃ဝ ခန့်ရှိကာ ယခုတိုင် နေထိုင်ကြောင်း၊ ဒေါ်လဲ့လဲ့ကြူတို့ သုံးဦးမှာ အချင်းဖြစ် အဆောက်အအုံကို လက်ရောက်ရရှိခဲ့ခြင်း မရှိကြောင်း၊ ဒီအချက်တွေကြောင့် အပေးစာချုပ် ပျက်ပြယ်ကြောင်း လျှောက်ထားတယ်။ တရားရုံးချုပ်က ဆုံးဖြတ်တာကတော့ ပစ္စည်းလွှဲပြောင်းခြင်း အက်ဥပဒေ ပုဒ်မ ၁၂၃ မှာ ပေးကမ်းခြင်း အကျိုးသက်ရောက်စေရန်အတွက် မရွှေ့မပြောင်းနိုင်သော ပစ္စည်းကို ပေးကမ်းရာမှာ လက်ရောက်ပေးအပ်ခြင်းပြုမှသာ ပေးကမ်းခြင်း အထမြောက်တယ်လို့ သတ်မှတ်ထားချက် မရှိ။ မှတ်ပုံတင်အပေးစာချုပ်ကို သက်သေ ၂ ဦးနဲ့အတူ ချုပ်ဆိုရင် တရားဝင်တယ်လို့ ဆုံးဖြတ်ခဲ့တယ်''

''ဒါဆိုရင် သမီးတို့လို ပေးကမ်းတဲ့အိမ်မှာ မနေလည်း ပိုင်ဆိုင်ခွင့် ရှိတယ်ပေါ့နော်''

''မှန်ပါတယ်။ မေတ္တာနဲ့ ပေးကမ်းတဲ့ မရွှေ့မပြောင်းနိုင်သော ပစ္စည်း၊ အိမ်မြေတို့ကို လက်ခံရရှိသူတို့က လက်ရောက်မနေပေမယ့် ဥပဒေနဲ့အညီ ပေးကမ်းခြင်းစာချုပ် မှတ်ပုံတင်ချုပ်မယ်ဆိုရင် တရားဝင် ပိုင်ဆိုင်မှာပဲဖြစ်တယ်''

''အဲဒီလို မှတ်ပုံတင်ပေးကမ်းခြင်း စာချုပ်အရ ပိုင်ဆိုင်လာတဲ့ သူအနေနဲ့ အဲဒီ အိမ်ခြံကို ရောင်းရင် တရားဝင်လား ဆရာ''

''ဥပဒေနဲ့အညီ လွှဲပြောင်းပိုင်ဆိုင်ခွင့် ရပြီးဖြစ်တဲ့အတွက် အဲဒီ မြေနဲ့ အိမ်ကို တရားဝင်လွှဲပြောင်း ရောင်းချခွင့်ရှိမှာ ဖြစ်တယ်''ဟု ရှင်းပြရင်း စာဖတ်သူများ ဗဟုသုတရစေရန် ရေးသားလိုက်ပါသည်။

Credit: ဈေးကွက်ဂျာနယ်

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service