ရန်ကုန်တိုင်းအတွင်းရှိ အဓိကတံတားကိုးစင်းကို ရေရှည်အသုံးပြုရန် စီမံမည်

ရန်ကုန်တိုင်းအတွင်းရှိ အဓိကတံတားကိုးစင်းကို ရေရှည်အသုံးပြုရန် စီမံမည် - Property News in Myanmar from iMyanmarHouse.com
10 Aug 2016 11:01 am တွင် တင်ခဲ့သည်
1410 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အဓိကတံတားကြီးကိုး စင်းကို ရေရှည်အသုံးပြုနိုင်ရန် ကုန်တင်ယာဉ်ကြီးများ တန်ပိုတင် ဆောင်မောင်းနှင်ခြင်းကို စိစစ် မည်ဟု ဆောက်လုပ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦး ၀င်းခိုင်ကပြောသည်။

‘‘တံတားတွေ ရေရှည်ခံ အောင် ကြာကြာသုံးနိုင်ဖို့ ၀န်ကြီး က မှာသွားတယ်။ ရန်ကုန်မှာက ကွန်တိန်နာတွေ၊ ကုန်တင်ယာဉ် တွေသုံးတာ အရမ်းများတော့ အ ဓိက တန်ပိုမတင်အောင်စစ်ဆေး ဖို့ လိုတယ်ဆိုပြီး ၀န်ကြီးက မှာ ကြားသွားပါတယ်’’ ဟု သြဂုတ် ၆ ရက်တွင် ရန်ကုန်မြို့ Prime Hill Business Square ၌ ပြုလုပ်သည့် ညှိနှိုင်း အစည်းအဝေးတွင် ပြည် ထောင်စု ၀န်ကြီး ဦးဝင်းခိုင်က ပြောကြားခဲ့သည်ဟု အဆိုပါအ စည်းအဝေးသို့ တက်ရောက်ခဲ့ သည့် ဆောက်လုပ်ရေးဝန်ကြီး ဌာန ညွှန်ကြားရေးမှူးတစ်ဦးက ဆိုသည်။

ရန်ကုန်တိုင်းရှိ တံတားကြီး ကိုးစင်းနှင့်ပတ်သက်၍ ညှိနှိုင်း အစည်းအဝေးတွင် ပြည်ထောင်စု ၀န်ကြီး ဦးဝင်းခိုင်နှင့်အတူရန်ကုန် တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုး မင်းသိန်း ပါတက်ရောက်ပြီး ဆွေး နွေးခဲ့ကြောင်း သိရသည်။

အဓိက တံတားကြီးကိုးစင်း ဖြစ်သည့် ပန်းလှိုင်မြစ်မှ တံတား နှစ်စင်း၊ လှိုင်မြစ်မှ တံတားလေး စင်း၊ ပဲခူးမြစ်မှ တံတားနှစ်စင်း၊ ပုဇွန်တောင်ချောင်းမှ တံတားတစ် စင်းတို့ကို အဓိကထား ထိန်းသိမ်း ရန် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ရန်ကုန်၌အဓိက တံတားကြီးကိုးစင်းအတွက် လိုအပ်နေသေးသည့် နည်းဥပဒေများကို ပြဋ္ဌာန်းမည်ဖြစ်ပြီးရေရှည်အသုံးပြုနိုင်ရန် မှာကြားခဲ့ကြောင်း အထက်ပါ ညွှန်ကြားရေးမှူးကဆိုသည်။

လက်ရှိ ရန်ကုန်တိုင်း သန် လျင်တံတား အမှတ် (၁) တွင် တန်ပိုတင်ဆောင်သည့် ကားများ ဖြတ်သန်းမှု စစ်ဆေးခြင်းနှင့် တွဲ ကားများ၊ ၁၂ ဘီးကား များတင် ဆောင်မှုကို ဖြတ်သန်းခွင့်ပိတ်ပင် လိုက်ပြီး အခြားတံတားများတွင် လည်း လိုအပ်ပါက သန်လျင်ကဲ့ သို့ လုပ်ဆောင်နိုင်ရန် ညှိနှိုင်းဆွေး နွေးမှုများရှိကြောင်း သိရသည်။

ထပ်မံပြီး ငမိုးရိပ်ချောင်းတွင် တည်ဆောက်နေသော တံတား အသစ်များ အကြောင်းနှင့် ရန်ကုန်-ဒလတံတားစီမံကိန်းအ သစ်နှင့် သန်လျင် တံတား အသစ် နှင့်ပတ်သက်သည့် လက်ရှိလုပ် ဆောင်နေသော အခြေအနေများ ကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

Credit : 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service