အောင်မြင်ချမ်းသာသူတစ်ဦးဖြစ်လာစေရန် လျှို့ဝှက်သော့များ

အောင်မြင်ချမ်းသာသူတစ်ဦးဖြစ်လာစေရန် လျှို့ဝှက်သော့များ - Property Knowledge in Myanmar from iMyanmarHouse.com
13 Jul 2016 11:33 am တွင် တင်ခဲ့သည်
2351 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

လူတစ်ယောက်၏ ဆင်းရဲမှု၊ ချမ်းသာ ကြွယ်ဝမှုတို့ကို ゞင်း၏နေ့စဉ်ပြုမူလှုပ်ရှားပုံ အချို့က ပြဋ္ဌာန်းသည်ဆိုခြင်းကို သင်သိရှိပါ သလား။

အချို့က အဆိုပါ ပြုမူလှုပ်ရှားမှုများကို အမှတ်မဲ့ပြုလုပ်ကြပြီး၊ အချို့ကမူ စနစ် တကျရည်ရွယ်ကာ ပြုလုပ်ခြင်းဖြစ်ကြသည်။

ယင်းပြုမူပုံတို့က သင်၏အောင်မြင်နိုင်မှု အလားအလာကို အသေအချာဟော ကိန်းထုတ်ပေးမည့်အရာများပင် ဖြစ် လေသည်။

အောက်ဖော်ပြပါ အလေ့အထတို့မှာ သင့်အားချမ်းသာ အောင်မြင်သူဘဝ သို့ တွန်းပို့ပေးမည့် အလေ့အထများပင် ဖြစ်၏။

(၁) နေ့စဉ်နေ့တိုင်းအတွက် ပန်းတိုင် ချမှတ်ပါ

ရေရှည်ရည်မှန်းချက် ချမှတ်ရုံဖြင့် မလုံလောက်ပါချေ။ သင့်အနေဖြင့် နေ့စဉ် ပန်းတိုင်များ ချမှတ်ရန် လိုအပ်၏ ။ တစ် နေ့တာ ကုန်ဆုံးချိန်ရောက်လျှင် ဒီနေ့ကို ငါဘယ်လောက်ဆုပ်ကိုင်ခဲ့မိလဲဟု ပြန်ပြောင်း သုံးသပ်ရမည် ဖြစ်သည်။

မိမိ၏ ရေရှည်အဓိကပန်းတိုင်သို့ ရောက်ရှိရန်အတွက် ယနေ့ပြုလုပ်ခဲ့သည့် မည်သည့်လုပ်ဆောင်ချက်တို့က တွန်းပို့ပေး သနည်းဟု ပြန်လည်အကဲဖြတ်ရန် လိုသည်။

မိမိအတွက်အခွင့်အလမ်းများ ပိုမို ကောင်းမွန်လာစေရန် မည်သို့ပြုလုပ်ရမည် ကို ချင့်ချိန်ပါ။ ထို့နောက် နောက်တစ်နေ့ အတွက် ပြုလုပ်ရမည့် ပန်းတိုင်ချမှတ်ပါ။

(၂) နားထောင်တတ်အောင် လေ့ကျင့်ပါ

မည်သည့်နယ်ပယ်တွင်မဆို နားထောင် တတ်ခြင်းသည် ကျွမ်းကျင်မှုတစ်မျိုးဖြစ်ပြီး အောင်မြင်လိုသူတိုင်းတွင် နားထောင်မှုစွမ်း ရည် လိုအပ်သည်။

စူးစိုက်စွာနားထောင်တတ်ခြင်းဖြင့် အခြားသူများက သင့်ထံမှ မည်သည့်အရာ လိုလားသည်၊ လိုချင်သည်ဆိုခြင်းကို သိနားလည်လာစေမည် ဖြစ်သည်။

ဥပမာ-သင်သည် စီးပွားရေးလုပ်ငန်း တစ်ခု စတင်လုပ်ကိုင်ပြီဆိုပါစို့။ ထိုအခါ မျိုးတွင် နည်းနည်းပြော၍ များများနား ထောင် ခြင်းသည် သင့်အားအောင်မြင်မှု တံခါးကို ဖွင့်လှစ်နိုင်မည့် သော့ချက်တစ်ခု ပင် ဖြစ် သည်။
ဂရုတစိုက်နားထောင်တတ် သည့် အလေ့အထကို အသေအချာ မွေး မြူပါ။ ယင်းသို့အားဖြင့် သင့်ပတ်ဝန်းကျင် ရှိ အခြားသူများ၏ လိုလားမှုကို သိရှိကူ ညီနိုင်လာမည် ဖြစ်သည်။

(၃) ကျန်းမာရေး ဂရုစိုက်ပါ

ကျန်းမာရေးလေ့ကျင့်ခန်းပြုလုပ်ခြင်း၊ အာဟာရဖြစ်စေသည့် အစားအစာ စား သောက်ခြင်းများသည် အောင်မြင်ရေးအတွက် လွန်စွာအရေးကြီးလှသည်။

ကျန်းမာရေးလေ့ကျင့်ခန်း ပြုလုပ်ခြင်း ကို နေ့စဉ်အလေ့အထတစ်ခုကဲ့သို့ စွဲစွဲမြဲမြဲ ပြုလုပ်ပါက မိမိ၏ သက်ဆိုင်ရာလုပ်ငန်း တွင် ကျန်းကျန်းမာမာဖြင့် အလုပ်များ ပိုမိုလုပ်နိုင်လာမည်ဖြစ်သည့်အပြင် ယခင် ကထက် ပိုမိုလွယ်ကူမြန်ဆန်အောင် ပြုလုပ်လာနိုင်သည်ကို အံ့အားသင့်ဖွယ် တွေ့ရှိရမည် ဖြစ်သည်။

(၄) ထိတွေ့ဆက်သွယ်ပါ

အခြားသူများနှင့် ထိတွေ့ဆက်သွယ် ရာမှ အကျိုးဖြစ်ထွန်းမှုရှိနိုင်ချေကို လျှော့ မတွက်ပါနှင့်။ အခြားသူများနှင့် ထိတွေ့ ဆက်ဆံကာ ၎င်းတို့လိုအပ်သော အကူ အညီများပေးခြင်းသည် သင့်ကို ချမ်းသာ အောင် မြင်သူတစ်ဦးဖြစ်လာ၊ မလာ အသေအချာ ဟောကိန်းထုတ်ပေးနိုင်မည့် အချက်ဖြစ်သည်။

အခြားသူတို့နှင့် ထိတွေ့ဆက်ဆံမိ ရန် အသေအချာ အာရုံထားပါ။ အချို့ အခြေအနေများကို မိမိကိုယ်ကိုယ် မိတ် ဆက်ပါ။ ယင်းသို့အားဖြင့် သင့်ကို သတိပြုလာမိကြ မည်ဖြစ်ပြီး သာမန်လူ အုပ်အတွင်းမှ ရှေ့ရောက်လာမည် အမှန်ပင် ဖြစ်သည်။

(၅) ရုပ်မြင်သံကြားကြည့်ရှုခြင်း လျှော့ ချပါ

အောင်မြင်သူအများစုသည် ရုပ်မြင် သံကြားရှေ့တွင် နေ့စဉ်တစ်နာရီထက် ပို၍အချိန်ဖြုန်းခြင်းကို ရှောင်ကျဉ်လေ့ရှိ ကြသည်။

အချို့ဆိုလျှင် လုံးဝမကြည့်ချေ။
အဘယ်ကြောင့်နည်း။
သေတ္တာတစ်လုံးရှေ့ တွင် အချည်းနှီး အချိန်ဖြုန်းခြင်းထက် အကျိုးရှိမည့် အခြား အလုပ်တစ်ခုခု လုပ်နေခြင်းက အောင်မြင်မှု ဆီသို့ ဆောင်ကြဉ်းပေးကြောင်း ゞင်းတို့သိရှိ ကြသောကြောင့် ဖြစ်သည်။

(၆) နေ့တိုင်း စာဖတ်ပါ

စာဖတ်ခြင်းအားဖြင့် မိမိကိုယ်ကိုယ် တိုးတက်လာစေအောင် ပြုလုပ်နိုင်၏။ စာဖတ်ခြင်းအားဖြင့် အသိဥာဏ်ကို တိုးပွားစေသည်။ ကမ္ဘာကြီးကို ကွဲပြားစွာ ရှုမြင်တတ်လာစေသည်။

သင်နှစ်ခြိုက်ရာ စာအုပ်တစ်အုပ်ကို နေ့စဉ် မိနစ် ၃၀ ခန့် အချိန်ပေး ဖတ်ရှုပါ။

သင့်အလုပ်နှင့် သက်ဆိုင်သည့် စာအုပ်စာတမ်းများ ဝယ်ယူဖတ်ရှုခြင်း လည်း ပြုလုပ်နိုင်သည်။ သို့တည်းမဟုတ် သတင်းဝက်ဘ်ဆိုက်များသို့ ပုံမှန်ဝင်ရောက် ဖတ်ရှုခြင်းအားဖြင့်လည်း ကမ္ဘာတစ်ဝန်း တိုးတက်ပြောင်းလဲမှုအခြေအနေများကို အချိန်နှင့်တစ်ပြေးညီ သိရှိနေနိုင်မည် ဖြစ်သည်။

ဥပမာအားဖြင့် သင်သည် အိမ်ခြံမြေ ပွဲစား၊ ဝယ်ရောင်းတစ်ဦးဆိုပါက http:/www.iMyanmarHouse.com သို့ နေ့စဉ်ဝင် ရောက်ဖတ်ရှုလေ့လာခြင်း၊ ရောင်းရန်။ငှားရန်နေအိမ်များကို အခမဲ့ကြော်ငြာတင် ခြင်းအားဖြင့် လုပ်ငန်းအောင်မြင်မှုများ ရရှိလာစေနိုင်မည် ဖြစ်သည်။

(၇) ကျွမ်းကျင်မှု စွမ်းရည်တိုးတက် အောင်ပြုလုပ်ပါ

သင်၏အိပ်မက်များ အမှန်တကယ် အကောင်အထည်ပေါ်လာစေရန်အတွက် အကောင်းဆုံးနည်းလမ်းတစ်ခုမှာ ကျွမ်းကျင် မှုတိုးတက်အောင်၊ စွမ်းရည်တိုးတက်အောင် ပြုလုပ်ခြင်းပင် ဖြစ်သည်။
သင်၏အလုပ်တွင် ပိုမိုထူးချွန်လိုပါက (သို့မဟုတ်) ရာထူးတိုးမြင့်လိုပါက (သို့ မဟုတ်) ကျေနပ်ဖွယ်ရာလစာဖြင့် ကမ်းလှမ်း လာသည့် အခြားကုမ္ပဏီသို့ ပြောင်းရွှေ့ ခြင်းများ ပြုလုပ်လိုပါက အခြားသူများနှင့် ယှဉ်လျှင် ခေါင်းတစ်လုံးသာအောင် သင်၏ အရည်အချင်းကို မြှင့်တင်ရမည်ဖြစ်သည်။

(၈) အပြုသဘောတွေးပါ

အပြုသဘောတွေးခြင်းသည် နေ့စဉ် ပြုလုပ်ရမည့် သာမန်အလေ့အထ တစ်မျိုးဆို သည်ထက်ပို၍ အရေးပါလှသည်။
ယင်းသည် ဘဝနေထိုင်မှုနည်းလမ်း ဖြစ်၏။ မိမိကိုယ်ကိုယ် ချုပ်ချယ်ကန့်သတ် ထားစေသည့် အတွေးများ၊ အဆိုးမြင်အတွေး များကို မည်သို့ ဖျောက်ရမည်ဟူသည်ကို လေ့လာရမည် ဖြစ်သည်။

အရာရာအပေါ် အပြုသဘောရှုမြင် နိုင်ရန် အားထုတ်ပါ။ ဖော်ရွေမှုရှိပါ။ အရာရာကို စူးစမ်းလိုစိတ် မွေးပါ။ အခွင့် အလမ်းသစ်များအတွက် မိမိကိုယ်ကိုယ် အမြဲတံခါးဖွင့်ပေးထားသူတစ်ဦး ဖြစ်ပါစေ။

(၉) ငွေစုပါ

မိမိ၏ ဝင်ငွေကို ထိရောက်စွာစီမံခန့်ခွဲ နိုင်မှုသည် ချမ်းသာကြွယ်ဝမှုသို့ ဆောင်ကြဉ်း ပေးကြောင်း လေ့လာချက်များစွာတွင် တွေ့ရှိရသည်။

ဝင်ငွေ၏ ရာခိုင်နှုန်းအချို့ကို စုဆောင်း ကာ ငွေကြေးသုံးစွဲမှုကို စနစ်တကျ ထိန်း ချုပ်နိုင်ခြင်းက သင့်အားချမ်းသြွာကယ်ဝသူ တစ်ဦး ဖြစ်လာစေရန်အတွက် အရေးပါ သည့်အချက်တစ်ရပ် ဖြစ်သည်။

(၁၀) အတွေးအခေါ်၊ ဝါသနာ၊ အသက် မွေးဝမ်းကျောင်းမှု တူညီသူများနှင့်ပေါင်း သင်းဆက်ဆံပါ

အတွေးအခေါ်၊ ဝါသနာ၊ အသက် မွေးဝမ်းကျောင်းမှု တူညီသူများနှင့် ပေါင်း သင်းဆက်ဆံကာ အသိအမြင်များ ဖလှယ် ခြင်းသည် သင့်အားအောင်မြင်သူ၊ ချမ်းသာြွကယ်ဝသူဖြစ်လာစေရန် အထောက်အပံ့ ပေးမည့်အပြင် မိမိရည်ရွယ်ထားသော ပန်းတိုင်သို့ ပိုမိုလျင်မြန်စွာ ရောက်ရှိစေမည် ဖြစ်သည်။

ချမ်းသာကြွယ်ဝလိုပါက မိမိကိုယ်ကိုယ် ပိုမိုထူးချွန်သူဖြစ်လာစေရန် ပျိုးထောင်ပေးရန် လိုအပ်သည့်အပြင် သင်၏ အလုပ်အကိုင် ဆိုင်ရာတွင် ပိုမိုထိရောက်မှုများရရှိစေရန် စီမံကိန်းများချခြင်း၊ စီမံခန့်ခွဲခြင်းများ ပြုလုပ်ရန်လည်း လိုအပ်သည်။

အထက်ဖော်ပြပါ အလေ့အထများကို ဂရုထားကာ စွဲစွဲမြဲမြဲ ပုံမှန်ကျင့်သုံးသွားမည် ဆိုပါက မိမိတို့၏ ရည်ရွယ်ရာပန်းတိုင်များ သို့ ပိုမိုလျင်မြန်စွာ ရောက်ရှိစေမည်သာမကပဲ ယင်းအလေ့အထများကို လိုက်နာကျင့်သုံး ပြီးချိန်တိုင်းတွင်လည်း မိမိကိုယ်တိုင် ကျေနပ်အားရမှုပီတိ ခံစားရသည်ကို တွေ့ရှိရမည် ဖြစ်၏။ အထက်ပါ လျှို့ဝှက်သော့တံ ၁၀ ခုဖြင့် ချမ်းသာအောင်မြင်ခြင်းတံခါးကို ဖွင့်လှစ်နိုင်ကြပါစေ။

အေးအေးအောင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service