အောင်မြင်တဲ့ လူမှုကူညီရေးစွန့်ဦးတီထွင်လုပ်ငန်းရှင် တစ်ယောက်ဖြစ်လာစေဖို့ အကြံပြုချက် (၅) ချက်

အောင်မြင်တဲ့ လူမှုကူညီရေးစွန့်ဦးတီထွင်လုပ်ငန်းရှင် တစ်ယောက်ဖြစ်လာစေဖို့ အကြံပြုချက် (၅) ချက် - Property Knowledge in Myanmar from iMyanmarHouse.com
11 Jul 2016 11:56 am တွင် တင်ခဲ့သည်
2011 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

ဒီနေ့ကမ္ဘာမှာ လူမှုပတ်ဝန်းကျင်နဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အရေးတကြီး လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနိုင်ဖို့ အတွက် စိတ်အားထက်သန်ပြီး သူတို့ရဲ့ အရည်အသွေးတွေနဲ့ စွမ်းအင်တွေကို ပိုမိုကောင်းမွန်တဲ့ ကမ္ဘာတစ်ခုတည်ဆောက် ရာမှာအသုံးချနေတဲ့ မျိုးဆက်သစ်တစ်ရပ် ရှိနေပါတယ်။ ကျွန်တော်တို့ရဲ့ Chivas Regal ဟာ အဲဒီမျိုးဆက်သစ်တွေကို အဓိပ္ပာယ်ပြည့်ဝတဲ့နည်းလမ်းတွေနဲ့ ထိတွေ့ဆက်ဆံပြီး သူတို့တွေထဲကနေ အောင်မြင်တဲ့ လူမှုကူညီရေး စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေ ပေါ်ထွက်လာစေဖို့အတွက် အားပေးကူညီသွားဖို့ ဆုံးဖြတ်ထားပါတယ်။ စွန့်ဦးတီထွင်သူတွေအားလုံးသိထားသလိုပဲ၊ အောင်မြင်မှုဆိုတာတစ်ညတည်းနဲ့တည်ဆောက်ယူလို့မရပါဘူး။ ''ပြောင်းလဲနေတဲ့ကမ္ဘာကြီးမှာ အောင်မြင်မှုကို အဓိပ္ပာယ်ပြန်လည်သတ်မှတ်ခြင်း '' လို့အမည်ရတဲ့ ကျွန်တော်တို့ရဲ့ ကမ္ဘာလုံးဆိုင်ရာ အစီရင်ခံစာအတွက် ကျွန်တော်တို့ဟာ လူမှုကူညီရေးစွန့်ဦးတီထွင်သူပေါင်း ၅၅၀ ကျော်နဲ့တွေ့ဆုံပြီး သူတို့ရဲ့အောင်မြင်မှု လမ်းကြောင်းဆီလျှောက်ရာလမ်းတွေကို မေးမြန်းခဲ့ပါတယ်။ အဲဒီလို အအောင်မြင်ဆုံးလူမှုကူညီရေး စွန့်ဦးတီထွင်သူတွေနဲ့ တွေ့ဆုံမေးမြန်းရာကနေ လေ့လာတွေ့ရှိခဲ့တဲ့ အကြံပြုချက် ၅-ချက်ကို ဖော်ပြလိုက်ပါတယ်။

(၁) ကိုယ့်လုပ်ငန်းရဲ့ အဆင့်တိုင်းမှာ အကျိုးသက်ရောက်မှုကောင်းရှိအောင် ရည်ရွယ်လုပ်ဆောင်ပါ။

သင့်ရဲ့လုပ်ငန်းပုံစံက သင့်အလုပ်သမားတွေကနေ နောက်ဆုံးစားသုံးသူအထိ အားလုံးအပေါ် ကောင်းမွန်တဲ့ သက်ရောက်မှုရှိနိုင်သလို လူမှုပတ်ဝန်းကျင်ရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်စွမ်းလည်းရှိပါတယ်။ ဒါကြောင့် အဆင့်တိုင်းမှာ နှစ်ဦးနှစ်ဖက်အကျိုးရှိတဲ့ လုပ်ငန်းပုံစံမျိုးဖြစ်ဖို့ အစကနဦးကတည်းက စဉ်းစားထားဖို့လိုပါတယ်။ အဲဒီလိုနှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့လုပ်ငန်းပုံစံမျိုးက သင့်ကိုအောင်မြင်မှုရရှိစေပြီး အကျိုးအမြတ်လည်း ရရှိစေမှာ ဖြစ်ပါတယ်။

(၂) အားလုံးသိအောင် ကြေညာပါ။

ကိုယ့်လုပ်ငန်းကို လူများနိုင်သမျှများများ သတိပြုမိစေဖို့ ကြိုးစားပါ။ ပြီးတော့ ကျွမ်းကျင်သူတွေနဲ့ စီးပွားရေးလုပ်ငန်းကြီး တွေက အထောက်အပံ့ပေးဖို့ကမ်းလှမ်းမှုတွေကိုလည်း ဖြစ်နိုင်သမျှလက်ခံပါ။ လူမှုကူညီရေးစွန့်ဦးတီထွင်လုပ်ငန်းရှင် အများစုဟာ သူတို့ရဲ့လုပ်ငန်းကိုလူသိနည်းလို့ အောင်မြင်မှု ရသင့်သလောက်မရတာမျိုးနဲ့ ကြုံရတတ်ပါတယ်။ လူအများအပြားဆီကနေ ရန်ပုံငွေကောက်ခံပေးတဲ့ အဖွဲ့အစည်းမျိုးတွေဟာ လူမှုကူညီရေးလုပ်ငန်းရှင်တွေ ရှင်သန်တိုးတက်လာအောင် ကူညီပေးနိုင်ပါတယ်။

(၃) စီးပွားရေးလုပ်ငန်းကြီးတွေနဲ့ လက်တွဲဆောင်ရွက်ပါ။

စီးပွားရေးလုပ်ငန်းကြီးတွေဟာ သင်နဲ့သင့်လုပ်ငန်းကို အကူအညီ၊ အဆက်အသွယ်တွေ ပေးနိုင်ရုံတင်မကဘဲ သင့်လုပ်ငန်း ကို သူတို့ရဲ့လုပ်ငန်းလည်ပတ်မှုစနစ်ထဲမှာ ပါဝင်ဆောင်ရွက်ခိုင်းတာမျိုးလည်း လုပ်လာနိုင်ပါတယ်။ အဲဒီကနေတစ်ဆင့် သင့်အနေနဲ့ သူတို့ကိုယ်တိုင်လူမှုကူညီရေးစွန့်ဦးတီထွင်လုပ်ဆောင်မှုတွေ သူတို့ရဲ့လုပ်ငန်းမှာထည့်သွင်းလုပ်ဆောင်လာ အောင် စည်းရုံးလှုံ့ဆော်ဖို့ အခွင့်အရေးလည်း ရလာနိုင်ပါသေးတယ်။

(၄) ဆန္ဒပြင်းပြပါ၊ စီးပွားရေးအမြင်ရှိပါ။

မှန်ကန်တဲ့စီးပွားရေးဆိုင်ရာဆုံးဖြတ်ချက်တွေကနေတစ်ဆင့် သင့်ရဲ့လူမှုကူညီရေးမစ်ရှင်အတွက် ကောင်းမွန်တဲ့ရလဒ်တွေ ရရှိလာနိုင်ပါတယ်။ စီးပွားရေးပိုင်းကတည်ငြိမ်မှုရှိနေမှ သင့်လူမှုကူညီရေးလုပ်ငန်းတွေရဲ့ အကျိုးသက်ရောက်မှုကလည်း တည်ငြိမ်မှုရှိမယ်ဆိုတာ သတိရပါ။

(၅) သင်လုပ်နေတာလည်း စီးပွားရေးလုပ်ငန်းတစ်ခုပဲဆိုတာ မမေ့ပါနဲ့။

လူမှုကူညီရေးလုပ်ငန်းတွေလုပ်ဆောင်တဲ့ လုပ်ငန်းမှာလည်း ၀န်ထမ်းတွေကို လစာပေးဖို့၊ ၀န်ဆောင်မှုတွေပေးအပ်ဖို့ အတွက် ၀င်ငွေစီးဆင်းမှုရှိရတာပါပဲ။ တခြား လူမှုကူညီရေး စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေနဲ့ လုပ်ငန်းတွေ ၀င်ငွေရအောင် ဘယ်လို လုပ်ကြသလဲဆိုတာကို လေ့လာဖို့၊ မေးမြန်းဖို့ မကြောက်ပါနဲ့။ စီးပွားရေးလုပ်ငန်းနဲ့ တီထွင်ဖန်တီးမှုတွေက ကောင်းမွန်မှုအတွက်အင်အားတစ်ရပ်ဖြစ်လာနိုင်တယ်လို့ Chivas Regal က စိတ်ထဲနှလုံးထဲက ယုံကြည်ထားပါတယ်။

Credit: duwun

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service