ရွာမြေ၊ ဥယျာဉ် ခြံမြေတို့ကို ၀ယ်မည်ဆိုလျှင်

ရွာမြေ၊ ဥယျာဉ် ခြံမြေတို့ကို ၀ယ်မည်ဆိုလျှင် - Property Knowledge in Myanmar from iMyanmarHouse.com
23 May 2016 10:32 am တွင် တင်ခဲ့သည်
5618 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

''ငါ့ဇနီးက မြေတစ်ကွက်ဝယ်ဖို့ သွားရောက် ကြည့်ရှုစုံစမ်းလိုက်တော့ ရွာမြေဖြစ်နေတယ်လို့ ပြောတယ်။ ငါသိတာက ဘိုးဘွားပိုင်မြေ၊ ဂရန်မြေ၊ ပါမစ်မြေ လို့ပဲ သိထားတာ၊ ရွာမြေ ဆိုတော့ ဥပဒေအရ တရားဝင် သတ်မှတ်ချက် ရှိသလား။ တချို့ကလည်း ဥယျာဉ် ခြံမြေလို့ ပြောကြတယ်။ အဲဒါ ဘယ်လိုကွာသလဲ သူငယ်ချင်း၊ ငါလည်း နားရှုပ်လာတာနဲ့ မင်းဆီ ရောက်လာတာ''
သူငယ်ချင်းတစ်ဦးက စာရေးသူထံ ရောက်လာပြီး ဆွေးနွေးပါသည်။

''လွယ်လွယ်နဲ့ ခပ်ရှင်းရှင်း ပြောရရင်တော့ ရွာမြေ ဆိုတာ လူနေရပ်ကွက်အတွင်းမှာရှိနေတဲ့ မြေကွက်ကို ရွာမြေ လို့ လွယ်လွယ်ကူကူ ခေါ်လိုက်ကြတာပဲ ဖြစ်တယ်။ နိုင်ငံတော်က တရားဝင်ချပေးထားတဲ့ မြေအဆင့်တော့ မရောက်သေးဘူးပေါ့။ ဒါပေမယ့် တစ်နေ့တော့ ဂရန်မြေ ဖြစ်လာနိုင်တာပေါ့လေ''
''ဝယ်မယ်ဆိုရင်တော့ လူနေရပ်ကွက်အတွင်းမှာရှိတဲ့ မြေဖြစ်လို့ နိုင်ငံတော်က ပြန်လည်သိမ်းတာ၊ နှင်တာတွေ မဖြစ်နိုင်ဘူးပေါ့နော်''
''စိတ်ချရတဲ့ သဘောတော့ ရှိတာပေါ့ကွာ၊ တရားဝင် နေထိုင်ခွင့်ရနိုင်တဲ့ မြေလို့ ပြောရမှာပေါ့။

တစ်နိုင်ငံလုံးမှာရှိတဲ့ မြေအားလုံးကတော့ နိုင်ငံတော်ပိုင် မြေဖြစ်တယ်။ လူနေမြေမဟုတ်ဘဲနဲ့ လယ်ယာမြေအဖြစ် သတ်မှတ်အကျုံးဝင်တဲ့ မြေတွေလည်း ရှိသေးတယ်''
''နားလည်အောင် နည်းနည်း ရှင်းပြပါအုံး''
ယခုလက်ရှိ ၂ဝ၁၂ ခုနှစ်က ပြဋ္ဌာန်းတဲ့ လယ်ယာမြေ ဥပဒေ ပုဒ်မ ၃(က)မှာ လယ်ယာမြေ ဆိုသည်မှာ လယ်မြေ၊ ယာမြေ၊ ကိုင်းကျွန်းမြေ၊ တောင်ယာမြေ၊ နှစ်ရှည်ပင်စိုက်ပျိုးသော မြေ၊ ဓနိမြေ၊ ဥယျာဉ်မြေ၊ ဟင်းသီးဟင်းရွက်ပန်းမန် စိုက်ပျိုးသည့် ခြံမြေ၊ မြေနုကျွန်းမြေ ဟု သတ်မှတ်သည့် မြေများကို ဆိုလိုသည်။

ယင်းစကားရပ်တွင် မြို့နယ်နိမိတ်၊ ကျေးရွာနယ်နမိတ် အတွင်းရှိ လူနေအိမ်ရာများ၊ ဘာသာရေး အဆောက်အအုံနှင့် ပရဝုဏ်များ မပါဝင်ရဟု သတ်မှတ်ထားပါတယ်။ ဒါကြောင့် ဥယျာဉ်ခြံမြေတွေက လယ်ယာမြေထဲမှာ ပါဝင်ပြီး လူနေရပ်ကွက်အတွင်းမှာရှိတဲ့ မြေ၊ ရွာမြေတွေကတော့ လယ်ယာမြေ အမျိုးအစားထဲမှာ မပါဝင်ဘူး သူငယ်ချင်း''
''လယ်ယာမြေကို အရောင်းအဝယ်လုပ်လို့ မရဘူးဆိုပြီး သိထားတယ်။

အဲဒါက ဘယ်လိုအခြေအနေလဲ''
''ယခင်ပြဋ္ဌာန်းထားတဲ့ လယ်ယာမြေဥပဒေတွေအရ ဆိုရင်တော့ လယ်ယာမြေတွေကို လွှဲပြောင်း ရောင်းချလို့ မရဘူး၊ ဒါပေမယ့် ၂ဝ၁၂ ခုနှစ်က ပြန်လည်ပြဋ္ဌာန်းထားတဲ့ လယ်ယာမြေဥပဒေမှာတော့ လယ်ယာမြေကို ရောင်းချ၊ ပေါင်နှံ၊ ငှားရမ်း၊ လဲလှယ်၊ ပေးကမ်းခြင်း ပြုနိုင်တယ်လို့ ပြဋ္ဌာန်းထားတယ်၊ အဲဒီအချက်တွေကို ဆောင်ရွက်မယ်ဆိုရင် သက်ဆိုင်ရာမြို့နယ် ကြေးတိုင်နှင့် မြေစာရင်း ဦးစီးဌာနရုံးမှာ အရောင်းအဝယ် မှတ်ပုံတင်စာချုပ်-ချုပ်ဆို ပြုလုပ်ကြရမှာ ဖြစ်တယ်။ ဒါပေမယ့် လူနေလို့တော့ မရဘူး။ လယ်ယာစိုက်ပျိုးရမှာ ဖြစ်တယ်''

''တချို့လည်း ဥယျာဉ် ခြံမြေတွေ အရောင်းအဝယ်ဖြစ်နေကြတာပဲ မဟုတ်လား''
''မြေစာရင်းဌာနမှာ ဥယျာဉ် ခြံမြေလို့ အမည်ပေါက်နေပေမယ့် လူနေရပ်ကွက်အတွင်း ရောက်နေတဲ့ မြေကွက်တွေလည်း ရှိတယ်။ ဒါနဲ့ပတ်သက်လို့ သူငယ်ချင်း နားလည်အောင် ရှင်းပြရမယ်ဆိုရင် ဒေါ်ကြည်ကြည် (၎င်း၏ အခွင့်ရ ကိုယ်စားလှယ် ဦးမင်းဟန်)နှင့် ဦးကင်စူး (၄င်း၏ အထူးကိုယ်စား လှယ်စာရသူ ဒေါ်ဖြူဖြူဝင်း) ၂ဝဝ၅ ခုနှစ် မြန်မာနိုင်ငံ စီရင်ထုံး စာမျက်နှာ ၁ဝ၉ အမှုမှာ အချင်းဖြစ်မြေသည် မြေစာရင်းဦးစီးဌာန၌ ဥယျာဉ်ခြံမြေဟု အမည်ပေါက်ဆဲ ဖြစ်သော်လည်း အချင်းဖြစ် မြေကွက် တည်ရှိရာ မော်လမြိုင်မြို့ ဈေးကြိုရပ်ကွက်သည် မြို့နယ်စည်ပင်သာယာရေး နယ်နိမိတ်အတွင်း တည်ရှိပြီး၊ လူနေရပ်ကွက်ဖြစ်ကြောင်း သက်သေခံချက်များအရ ပေါ်ပေါက်သည်။

ထို့ပြင် ဦးကင်စူး အမည်ဖြင့် စည်ပင်သာယာမှ အိမ်ခွန်စည်းကြပ်ထားသည်ကိုလည်း တွေ့ရသဖြင့် အချင်းဖြစ် မြေသည် လယ်ယာမြေတွင် အကျုံးမဝင်ဟု ဆုံးဖြတ်ထားတာကို တွေ့ရတယ်။ ဒါကြောင့် မြို့ရွာရပ်ကွက်အတွင်း ရောက်ရှိနေတဲ့ ဥယျာဉ်ခြံမြေတွေ ကတော့ အရောင်းအဝယ် ပြုလုပ်နေကြတာ ဖြစ်တယ်''
''ပါမစ်မြေ ဆိုတာက ဘယ်လို အမျိုးအစားထဲ ပါသလဲ''

''သက်ဆိုင်ရာ အဖွဲ့အစည်းက အိမ်ရာဆောက်လုပ်နေထိုင်ခွင့် အတွက် စာရင်းဝင်အမည်ပေါက်နဲ့ သတ်မှတ်ချပေးထားတဲ့ မြေကွက်တွေ ဖြစ်တယ်။ တစ်နည်းအားဖြင့် အိမ်ရာဆောက်လုပ် နေထိုင်ခွင့်လက်မှတ် ထုတ်ပေးထားတာပဲ ဖြစ်တယ်''

''မြေဂရန် လျှောက်လို့ ရပါသလား''
''ပါမစ်မြေတွေကတော့ မြေဂရန် လျှောက်လို့ရတယ်။ သူငယ်ချင်း ဝယ်မယ်ပြောတဲ့ ဥယျာဉ် ခြံမြေတွေကတော့ လူနေရပ်ကွက်အတွင်း ရှိနေပြီး ဖြစ်လို့ စီမံချက်နဲ့ ဂရန်တွေ လျှောက်ခွင့်ပြုလာတဲ့အခါမှာတော့ မြေဂရန်တွေ ရလာမှာဖြစ်တယ်''
''သူငယ်ချင်းရှင်းပြချက်အရ ဆိုရင် အခု ဝယ်မယ့် မြေကွက်က ရွာမြေ ဖြစ်ရင်တော့ ပိုဝယ်သင့်တဲ့သဘောလို့ ပြောရမှာပေါ့''

''ယေဘုယျကြည့်ရင်တော့ ဒီ သဘောပဲလို့ တိုတိုမှတ်ထားလို့ ရတာပေါ့။ ဘာပဲဖြစ်ဖြစ် မြေကွက် ဝယ်မယ်ဆိုရင် မြေစာရင်းဦးစီးဌာနကို အရင်စုံစမ်းဖို့ လိုမယ်။ လယ်ယာမြေ အဖြစ် သတ်မှတ်ထားခြင်း ရှိ၊မရှိ ဦးစွာ စုံစမ်းရမယ်။ မြေစာရင်းဦးစီးဌာနမှာ ဝယ်မယ့် မြေကွက်အနေနဲ့ မြို့ရွာ ရပ်ကွက်အတွင်းရှိ မြို့မြေစာရင်းထဲမှာ ပါနေပြီ ဆိုရင်တော့ ဝယ်သင့်တယ်လို့ပဲ ပြောရမှာပဲ''

''မြေစာရင်းဦးစီးဌာနမှာ လယ်ယာမြေထဲ ပါနေရင်တော့ မဝယ်တာ ပိုကောင်းမယ် ထင်တယ်''
''မြို့နယ် မြေစာရင်းဦးစီးဌာနမှာ လယ်ယာမြေစာရင်းထဲ ပါနေတယ်ဆိုပေမယ့် မြို့နယ်စည်ပင်သာယာရေး ကော်မတီရုံးမှာ ဝယ်မယ့်မြေကွက်ဟာ ရပ်ကွက်အတွင်း ရှိနေပြီးဟုတ်၊မဟုတ် စုံစမ်းလို့ မြို့နယ်ရပ်ကွက်အတွင်းရှိပြီး အဆောက်အအုံပါရှိမယ် ဆိုရင်တော့ ဝယ်သင့်တဲ့ မြေနဲ့ အိမ် လို့ပဲ အကြံပေးချင်တယ် သူငယ်ချင်း''ဟု ဆွေးနွေးအကြံပြုလိုက်ပါသည်။

Credit : ဈေးကွက်ဂျာနယ်

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service