ပါမစ်မြေမှ ဂရန်လျှောက်ထားရာတွင် သိမှတ်စရာများ

ပါမစ်မြေမှ ဂရန်လျှောက်ထားရာတွင် သိမှတ်စရာများ - Property Knowledge in Myanmar from iMyanmarHouse.com
18 May 2016 11:48 am တွင် တင်ခဲ့သည်
3130 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

ဝယ်ထားသည့် ပါမစ်မြေကွက်မှာ ဂရန်သစ်လျှောက်ထားသူ ရှိနေလျှင် ဘယ်လိုလုပ်ပါ့မလဲ။

အိမ်၊ ခြံ၊ မြေ အရောင်းအဝယ်လောကတွင် အိမ်၊ ခြံ၊ မြေများ ရောင်းကြ ဝယ်ကြသောအခါ ရောင်းသူ ဝယ်သူများမှာ မြေကွက်ဖြစ်စေ၊ မြေနှင့် အိမ်ဖြစ်စေ၊ တိုက်ခန်းဖြစ်စေ၊ ယင်းမြေနှင့် အိမ်၊ တိုက်ခန်းတို့နှင့် ပတ်သက်၍ မှန်ကန်မှုရှိ၊မရှိ စုံစမ်းကြလေ့ရှိသည်။ အဓိကအားဖြင့် ရောင်းမှား ဝယ်မှား ဖြစ်မှာ စိုးရိမ်သည့်အတွက် စေ့စပ်သေချာအောင်
ဆောင်ရွက်ကြခြင်းဖြစ်သည်။

ယင်းသို့ တက်စွမ်းသလောက် လေ့လာသည့်ကြားမှာပင် မမျှော်လင့်သော အခက်အခဲများနှင့် ကြုံတွေ့ကြလေ့ရှိကြသည်။ မကြာသေးမီက အိမ် ခြံ မြေ ဝယ်ရောင်း အမျိုးသမီးတစ်ဦး ကျွန်ုပ်ထံ ရောက်လာသည်။

သူဝယ်ထားသည့် ပါမစ်မြေကွက်မှာ အတု-အစစ် သိလို၍ ရန်ကုန်မြို့ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနသို့ သွားရောက်ကာ တာဝန်ရှိသူများထံတွင်
ပြသစစ်ဆေးရာ မှန်ကန်ကြောင်း သိခဲ့ရသည်။

ထိုမျှနှင့် အားရကျေနပ်မှုမရှိသဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနတွင်လည်း နာမည်ပေါက်မှန်ကန်မှု ရှိ၊မရှိ သွားရောက်စစ်ဆေးရာ အမည်ပေါက်မှန်ကန်ကြောင်း ပြန်ကြားစာ ရရှိခဲ့သည်။ ထို့ကြောင့် ယင်းမြေကွက်ကို ဝယ်ယူပြီး မိမိအမည်ပေါက်ဖြစ်ရန် နှစ် ၆၀ ဂရန်သစ် ထုတ်ပေးရန် မြေယာဌာနတွင် လျှောက်ထားခဲ့သည်။

ပါမစ်မှ ဂရန်သစ်လျှောက်ထားပြီး ၁၄ ရက်ခန့် အကြာတွင် ယခင်က မူလအမည်ပေါက်ပိုင်ရှင်က ၂၀၁၀ ခုနှစ်က ဂရန်သစ်လျှောက်ထားသည့် မှတ်ချက်ရှိ၍ ရှင်းလင်းရန် စည်ပင်မြေယာဌာနမှ အကြောင်းကြားစာ ရောက်လာသဖြင့် ဘယ်လိုဆောင်ရွက်ရမည်မသိ၍ ကျွန်ုပ်ထံ ရောက်လာ မေးမြန်းခြင်းဖြစ်သည်။

ဒီလို ဂရန်သစ်လျှောက်တဲ့အခါမှာ ပါမစ်တစ်ခုထဲတွင် ဂရန်လျှောက်သူ ၂ ဦး ပေါ်တတ်ကြောင်း သိရသည်။ ယင်းသို့ဖြစ်ရခြင်းမှာ မူလ ဂရန်သစ်လျှောက်ထားသူက လျှောက်ထားသည့် မြေကွက်ပေါ်တွင် တစ်သက်လုံးနေရန် ရည်ရွယ်၍ ဂရန်သစ်လျှောက်ထားသည်ကို တွေ့ရသည်။

နောက်ပိုင်းတွင် မိသားစု စီးပွားရေးအတွက် ဖြစ်စေ၊ ဈေးကောင်းရ၍ ပြန်ရောင်းရသည့်အခါမျိုးတွင်ဖြစ်စေ၊ မိမိ ယခင်က ဂရန်သစ် လျှောက်ထားဖူးကြောင်း ပြောဆိုရန်
မေ့နေတက်ကြသည်။ "ဂရန် မထုတ်ရသေးတာပဲ၊ အရေးမကြီးပါဘူးလေ" ဟူသော အထင်ဖြင့် မေ့မေ့လျော့လျော့ နေတတ်ကြသည်။

ပါမစ်မူရင်းကို အခြားသူ တစ်ဦးဦးသို့ ရောင်းချပြီးသော်လည်း မိမိလျှောက်ထားခဲ့သည့် ဂရန်အသစ်အမှုတွဲမှာ အရေးမပါဟု ယူဆကြသဖြင့် မြေကွက်အရောင်းအဝယ်လုပ်သည့်အခါ မိမိထံမှဝယ်ယူသူကို ဂရန်သစ်လျှောက်ထားသည့်
အကြောင်း မပြောဘဲ နေခဲ့မိသည်။

ထို့အတူ "ဂရန်လျှောက်ထားစဉ်က ဂရန်သစ်လျှောက် အမှုတွဲအမှတ်ပါသည့် ဝန်ဆောင်ခ ပေးသွင်းသည့် ပုံစံလျှောက်လွှာ" တို့ကိုပါ ပေးအပ်ရန် မေ့တက်ကြသည်။ "သတိမမူတော့ ဂူမမြင်၊ သတိမူတော့ မြူစင်၍ ဂူမြင်သည်" ဆိုသော ဆိုရိုးစကားအတိုင်း မူလအမည်ပေါက်ထံမှ ထပ်မံဝယ်ယူသူက ဂရန်သစ်လျှောက်သည့်အခါ ယခုလို ဂရန်သစ်လျှောက်ထားသည့် မှတ်ချက်ကြီးက ပေါ်လာတော့ ဌာနကလာရောက်ရှင်းလင်းချက် ရေးသားတင်ပြပါဆိုပြီး ခေါ်ယူတော့ စိတ်ညစ်စရာတွေနဲ့ ကြုံရတာပေါ့။ ဒီလို ကြုံရတဲ့အခါ မူလရောင်းသူအမည်ပေါက် သို့မဟုတ် စာချုပ်အဆက်ဆက်ဖြင့် ဂရန်လျှောက်ဖူးသူကို ပြန်ပြီးခေါ်၍ မြို့တော်ခန်းမ လက်ထောက်ဌာနမှူးရှေ့မှာ မိမိလျှောက်ခဲ့သည့် ဂရန်သစ်အမှုတွဲပိတ်သိမ်းပေးဖို့ အခြားသူတစ်ဦးဦးအား ရောင်းချထားခြင်းကြောင့် မိမိလျှောက်ထားချက် ရုတ်သိမ်းကြောင်း စာတင်ခဲ့ရတယ်။

ကိုယ်တိုင်လာရောက်အမှုပိတ်သိမ်းသူ မှန်ကန်ကြောင်း ၎င်းအရာရှိရှေ့မှာ လက်မှတ်ထိုးရတယ်။ အမှုပိတ်သိမ်းတဲ့ အမှုတွဲတင်ပြချက်နှင့်အတူ ပိတ်သိမ်းသူရဲ့ မှတ်ပုံတင်မိတ္တူ၊ ပါမစ်မိတ္တူ တစ်စုံစီကို ပူးတွဲတင်ပြရတယ်။ အဲဒီတင်ပြချက်တွေကို အရာရှိရှေ့မှာ ဒီအတိုင်း ထားခဲ့လို့ မရဘူး။ ဝင်စာလက်ခံတဲ့သူထံမှာ တင်ခဲ့ရတယ်။ အဲဒီ ဝင်စာလက်ခံသူက ဝင်စာအမှတ်( )နဲ့ နေ့စွဲကို ပြောပြတယ်။ ဥပမာ- ဝင်စာအမှတ် ၉၉၉/ နေ့စွဲ ၂၉-၅-၂၀၁၄ လို့ ပြောရင် မှတ်သားထားရတယ်။ အဲဒီဝင်စာအား ဂရန်သစ်လျှောက်ထားတဲ့မြေကွက်ပေါ်မှာ ရှိတဲ့ မှတ်ချက်ကို ဖျက်ပေးလိုက်တယ်။ အဲဒီအခါမှ ဂရန်သစ်လျှောက်ထားသူအတွက် ဌာနက မြေတိုင်းကွင်းဆင်းစစ်ဆေးခြင်း သတင်းကြော်ငြာပေးခြင်း၊ ဂရန်သစ်ထုတ်ပေးသည့် ဘုတ်အဖွဲ့သို့ တင်ပြခြင်း၊ ခွင့်ပြုချက်ရလျှင် မြေကွက်တန်ဖိုး ငွေသွင်းခြင်း၊ ယင်းနောက် တာဝန်ရှိသူ အဆင့်ဆင့် လက်မှတ်ရေးထိုးပေးပြီး ဂရန်သစ်ထုတ်ပေးဖို့ အဆင်သင့်ဖြစ်တဲ့နေ့မှာ လျှောက်ထားသူထံကို အကြောင်းကြားပါတယ်။ ရုံးက အကြောင်းကြားစာရောက်မလာမီ မိမိကိုယ်တိုင် မြို့တော်ခန်းမမှာ မကြာခဏ သွားစုံစမ်းလို့လည်း ရပါတယ်။ မြတ်ဗုဒ္ဓ ဟောတယ် မဟုတ်လား။
"အတ္တာဟိ..အတ္တနော နာထော" တဲ့လေ။ "ကိုယ့်ကိုယ်ကိုပဲ အားကိုးရာပါ"ဆိုတော့ အမြန်ရအောင် ခဏခဏသွားစုံစမ်းပေါ့။

ဤသို့ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို ကျွန်ုပ်က ပြောပြလိုက်သည့်အခါ လာရောက်မေးသူ အမျိုးသမီးမှာလည်းသဘောပေါက်နားလည်ပြီး
ကျေးဇူးတင်ကြောင်း ပြော၍ ပြန်သွားလေတော့သည်။

Credit: လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service