မြေဂရန်ကို အွန်လိုင်းမှ လျှောက်ထားနိုင်ပြီဖြစ်သော်လည်း လျှောက်ထားသူနည်းပါးနေ

မြေဂရန်ကို အွန်လိုင်းမှ လျှောက်ထားနိုင်ပြီဖြစ်သော်လည်း လျှောက်ထားသူနည်းပါးနေ - Property Knowledge in Myanmar from iMyanmarHouse.com
16 May 2016 12:16 pm တွင် တင်ခဲ့သည်
9847 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

မြေဂရန်လျှောက်ခြင်း၊ ပိုင်ဆိုင် မှုကြေညာခြင်း စသည့်မြေယာစီမံခြင်း များကို မြို့တော်ခန်းမ၌ လာရောက် လျှောက်ထားရန်မလိုတော့ဘဲ ဧပြီ ၁ရက်မှစတင်ကာ အွန်လိုင်းမှလျှောက် ထားနိုင်ပြီဖြစ်သော်လည်း လက်ရှိအ ချိန်အထိ လျှောက်ထားသူ နည်းပါး နေကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှသိရသည်။

''အွန်လိုင်းကနေ မြေဂရန်လျှောက် ထားတာကို ယခုလ ၁ရက်နေ့က စတင် ဆောင်ရွက်နေပေမယ့် လျှောက်ထား သူ နည်းနေသေးတယ်။ သင်္ကြန်ပိတ် ရက်တွေနဲ့လဲ တိုက်ဆိုင်နေလို့ပါ။နောက်ပိုင်းမှာတော့ တဖြည်းဖြည်းသိ လာပြီး အွန်လိုင်းကနေ လျှောက်လာ နိုင်မှာပေါ့''ဟု ရန်ကုန်မြို့တော်စည် ပင်သာယာရေးကော်မတီမှ ကော်မ တီဝင်တစ်ဦးက ပြောသည်။

အွန်လိုင်းမှ မြေယာစီမံမှုလျှောက် ထားနိုင်သည့် မြို့နယ်များမှ ဒဂုံမြို့ သစ်(အရှေ့ပိုင်း)၊ ဒဂုံမြို့သစ်(တောင် ပိုင်း)၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ဒဂုံ မြို့သစ်(ဆိပ်ကမ်း)၊ ဒဂုံ၊ ကြည့်မြင်တိုင်၊ ဆိပ်ကမ်း၊ ရန်ကင်း၊ သာကေတ၊ မင်္ဂ လာတောင်ညွန့်၊ ဆိပ်ကြီးခနောင်တို၊ ဒေါပုံ၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ မင်္ဂ လာဒုံ၊ မရမ်းကုန်း၊ အင်းစိန် စသည့် မြို့နယ် ၁၇ မြို့နယ်ဖြစ်ကြောင်း သိ ရသည်။

အွန်လိုင်းမှ မြေယာစီမံခြင်းများ ကိုလျှောက်ရန် www.ycdc.gov.mm ကိုဝင်ရမည်ဖြစ်ပြီး အွန်လိုင်းဝန် ဆောင်မှုတွင် အိမ်ခြံမြေဂရန်ကိုရွေး ၍ လျှောက်လွှာတွင် မြေပုံကူး၊ လျှောက် ထားလိုသည့်ကိစ္စကိုရွေးကာ မြေပုံကူး လျှောက်ထားခြင်းလျှောက်လွှာပုံစံ အချက်အလက် များဖြည့်ရမည်ဖြစ် သည်။ အီးမေးလ်လိပ်စာရှိပါကလည်း ဖြည့်စွက်ပေးရန်လိုအပ်ကြောင်း သိ ရသည်။

ထို့နောက် လိုအပ်သည့်စာရွက် စာတမ်းများအား scan ဖတ်ပြီး attach ဖိုင်တွဲကာ ပို့ပေးရမည်ဖြစ်သည်။ အ ထက်ပါအချက် အလက်များအားလုံး ပြည့်စုံပါက လျှောက်ထားပါသည်ကို နှိပ်လိုက်လျှင် ဌာနမှပေးသော တိုကင် နံပါတ်ကိုရရှိမည်ဖြစ်ကြောင်း သိရ သည်။

ဌာနမှ အီးမေးလ်၊ SMS ပေးပို့ ပြီး အကြောင်းပြန်ပေးမည်ဖြစ်ကြောင်း သိရသည်။ တိုကင်နံပါတ်လက်ခံရရှိ သည်နှင့် မူရင်းနှင့်တိုက်ဆိုင်စစ်ဆေး ရန် မြို့တော်ခန်းမသို့ လာရောက်ရန် အကြောင်းကြားပေးသွားမည်ဖြစ် ကြောင်း သိရသည်။

''လျှောက်ထားသူအနေနဲ့ ဌာန က လိုအပ်တာတွေ စစ်ဆေးပြီးရင် မြို့တော်ခန်းမမှာ ဝန်ဆောင်ခပါ တစ် ပါတည်း ပေးသွင်းနိုင်ပါတယ်။ တစ်ပါ တည်းမပေးသွင်းနိုင်ရင်လဲ လျှောက် ထားတဲ့မြို့နယ်က နီးစပ်ရာမြို့တော် စည်ပင်ဘဏ်ခွဲတွေ၊ ဒါမှမဟုတ် ဧရာ ဝတီဘဏ်ခွဲတွေမှာ တိုက်ရိုက်ပေးသွင်း နိုင်ဖို့ ငွေသွင်းချလန်အမှတ်ကို အွန် လိုင်းကနေ အကြောင်းကြားပေးမှာ ပါ''ဟု ¤င်းကဆက်လက်ပြောဆိုသည်။

ဌာနလုပ်ထုံးလုပ်နည်းအရ စိစစ် ဆောင်ရွက်ပြီး သတင်းစာကြေညာရန် လိုအပ်သည့်လျှောက်ထားမှုများအ တွက် ဌာနမှတာဝန်ယူကြေညာသည့် သတင်းစာကြေညာခငွေကို ဌာနတွင် လာရောက်ပေးသွင်းရမည်ဖြစ်သည်။

သီးခြားသတင်းစာကြေညာရန် လိုအပ်ပါက ဌာနမှပေးသည့်ကြော်ငြာ ပုံစံနှင့် သက်ဆိုင်ရာသတင်းစာတိုက် များတွင် ကာယကံရှင်ကိုယ်တိုင် ငွေ ပေးသွင်း၊ သတင်းစာကြေညာထည့် သွင်းဆောင်ရွက်ရမည်ဖြစ်ပြီး သတင်း စာပါပြီး နောက်ရက်တွင် ယင်းသတင်း စာများအား ဌာနသို့မပျက်မကွက်ပြန် လည်ပေးပို့ပေးရမည်ဖြစ်ကြောင်း သိ ရသည်။

အွန်လိုင်းဖြင့်မြေယာစီမံမှုလျှောက် ထားခြင်းများအပေါ် ဌာနမှစိစစ်ခွင့် ပြုပြီးပါက လျှောက်ထားသည့်မြေပုံ ရာဇဝင်ကို ဌာနတွင်ကိုယ်တိုင်ထုတ် ယူခြင်း (သို့မဟုတ်) လျှောက်ထားစဉ် တိုကင်အမှတ်ဖြင့် သက်ဆိုင်ရာမြို့ နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ရုံးများတွင် ထုတ်ယူနိုင်မည်ဖြစ်သည်။ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေး မှူးရုံးများရှိ ဌာနမှသတ်မှတ်ထုတ်ပေး ထားသောစာရွက်ဖြင့်သာ ခွင့်ပြုထား သော မြေပုံ၊ မြေရာဇဝင်ကိုထုတ်ယူ ပြီး စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း သိရသည်။

Credit : Yangon Times

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service