အိမ်ခြံမြေ၀ယ်ယူမယ့်သူတွေ သိသင့်တဲ့ အချက်များ

အိမ်ခြံမြေ၀ယ်ယူမယ့်သူတွေ သိသင့်တဲ့ အချက်များ - Property Knowledge in Myanmar from iMyanmarHouse.com
8 Apr 2016 1:10 pm တွင် တင်ခဲ့သည်
10015 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

မရွှေ့မပြောင်းနိုင်တဲ့ အိမ်ခြံမြေကို ၀ယ်ရင် သိသင့်တဲ့အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) စာချုပ်ချုပ်ရမယ်၊ (၂) ၀ယ်ယူတဲ့ တန်ဖိုးအလျောက် တံဆိပ်ခေါင်း ထမ်းဆောင်ရမယ်၊ (၃) စာချုပ်မှာ ရောင်းသူနဲ့ ၀ယ်သူတို့ လက်မှတ်ထိုးရမယ်၊ (၄) သက်သေနှစ်ယောက် လက်မှတ်ရေးထိုးရမယ်၊ (၅) စာချုပ်ကို စာချုပ်စာတမ်းမှတ်ပုံ တင်ရုံးမှာ မှတ်ပုံတင်ကြေး ပေးဆောင်ပြီး မှတ်ပုံတင်ရပါမယ်။

ဒါမှ အပြည့်အ၀ တရားဝင်၊ ဥပဒေနဲ့ အညီ ၀ယ်ယူခြင်းကြောင်း ပစ္စည်းလွှဲ ပြောင်းခြင်းအက် ဥပဒေ၊ စာချုပ်စာတမ်း မှတ်ပုံတင် အက်ဥပဒေ၊ အခွန်တော်ခေါင်း အက်ဥပဒေ၊ ပဋိညာဉ် အက်ဥပဒေ တွေမှာ ပြဌာန်းထားပါတယ်။

မှတ်ပုံတင်စာချုပ်နဲ့ ၀ယ်ယူပြီးရင်တော့ ပြန်ရတဲ့ မှတ်ပုံတင်စာချုပ်နဲ့ သက်ဆိုင်ရာ မြေစာရင်း၊ မြို့တော်စည်ပင် ဌာနမှာ အိမ်ဝယ်ယူတဲ့ မြေအမျိုးအစားအလျောက် အမည်ပြောင်း၊ ဂရန်အမည်ပေါက် ဖောက်ပေးဖို့ ဆက်လက်လုပ်ဆောင် ရမှာပါ။

ဘိုးဘွားပိုင်မြေဆိုရင် ကိုယ့်နာမည်နဲ့ ဂရန်မြေဆိုရင် မိမိအမည်ပေါက် ဂရန်စာချု့်နဲ့အတူ မြေစာရင်းပုံစံ (၁၀၅) မြေပုံ၊ မြေစာရင်းပုံစံ (၁၀၆) မြေရာဇ၀င်ပုံစံ ထွက်လာပါမယ်။ ဒါဆိုရင် မိမိက ၀ယ်ယူတဲ့ အိမ်ခြံမြေရဲ့ ပိုင်ရေးဆိုင်ခွင့်ကို သက်သေခံ စာချုပ်စာတမ်းတွေနဲ့အတူ ပိုင်ဆိုင်တယ်လို့ မှတ်ရပါမယ်။

အပြည့်အ၀ တရားဝင် ဥပဒေနဲ့အညီ ၀ယ်ယူခြင်းဟာ အပြည့်အ၀ တရားဝင် ပိုင်ဆိုင်ခွင့် ရရှိစေပါတယ်။ ကိုယ်က တခြားသူကို လွှဲပြောင်းရောင်းချလို့ ရပါတယ်။ နောက်ဝယ်တဲံ သူကလည်း တရားဝင် ပိုင်ဆိုင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။

Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...

စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...

လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...

ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service