ပွဲစားခ အများကြီးပေးစရာမလိုပဲ အိမ်အရောင်းထွက်အောင် ဘယ်လိုလုပ်ကြမလဲ

ပွဲစားခ အများကြီးပေးစရာမလိုပဲ အိမ်အရောင်းထွက်အောင် ဘယ်လိုလုပ်ကြမလဲ - Property Knowledge in Myanmar from iMyanmarHouse.com
21 Mar 2016 11:50 am တွင် တင်ခဲ့သည်
2027 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

စမတ်ကျပြီး ကြည့်ကောင်းနေတဲ့ နေအိမ်တစ်လုံးကို အိမ်ခြံမြေဈေး ကွက်ထဲမှာ ဈေးကောင်းကောင်းနဲ့ အရောင်းထုတ်နိုင်ဖို့အတွက် က တော့ သိပ်ခက်ခဲတဲ့ကိစ္စတော့မဟုတ်ပါဘူး။ အိမ်အတွင်းပိုင်းကော၊ အပြင်ပိုင်းပါသပ်ရပ်ပြီး လူသစ်နေထိုင်ဖို့ထပ်ပြီးပြင်ဆင်စရာမလိုတဲ့ အိမ်တစ်လုံးကို ဝယ်လက်တွေဈေးပေါပေါနဲ့ ဈေးဆစ်ချမှာမဟုတ်သ လို ဝယ်ယူလိုက်ဖို့လည်း စဉ်းစားတွေဝေနေကြမှာ မဟုတ်ပါဘူး။

ဒါပေမဲ့ အိမ်ခြံမြေဈေးကွက်နဲ့ အိမ်ပိုင်ရှင်တွေရဲ့ ထုံးစံအတိုင်းအ ရောင်းပွဲတစ်ခုဖြစ်ဖို့ အိမ်ခြံမြေဈေးကွက်ကျွမ်းကျင်သူ တစ်နည်း အိမ်အရောင်းပွဲစားတွေ လက်ထဲကိုထည့်ပြီး ဈေးကောင်းကောင်းနဲ့ မြန်မြန်အရောင်းထွက်ဖို့ နည်းလမ်းတစ်ခုအဖြစ် အသုံးချလိုက်ကြပါ တယ်။ ဒီနည်းလမ်းကနေ ကျွမ်းကျင်တဲ့ အိမ်ခြံမြေပွဲစားက မိမိအိမ် ကို ဈေးကောင်းကောင်းနဲ့ မြန်မြန်ဆန်ဆန်ပဲ အရောင်းထွက်သွားဖို့ ကြိုးစားအားထုတ်တဲ့အတွက်ပေးရတဲ့ အကျိုးဆောင်ခကလည်း နည်းနည်းနောနောပဲဆိုလည်း အဆင်မပြေနိုင်လှပါ။

အိမ်ကိုဈေးကောင်းကောင်းနဲ့အရောင်း ထွက်သွားသော်လည်းပဲ အိမ်ခြံမြေပွဲစားကိုပေးရတဲ့ပွဲခက ပျမ်းမျှအားဖြင့် မိမိဝင်ငွေတစ် လ စာနီးပါးလောက် ရှိနေတဲ့အတွက်ကြောင့်မို့လို့ အိမ်ခြံမြေပွဲစားအ ကျိုးဆောင်ကိုပေးရမယ့် အကျိုးဆောင်ခသက်သာအောင်နဲ့ ဘယ် လိုနည်းလမ်းလုပ်ငန်းသဘော တူညှိနှိုင်းမှုတွေ ပြုလုပ်သင့်သလဲဆို တာ အကြံဥာဏ်ကောင်း ဖော်ပြပေးချင်ပါတယ်။

၁။ အရောင်းထွက်ဖို့ အလုပ်မအပ်ခင်ကတည်းက အကျိုးဆောင်ခ ကိုညှိနှိုင်းပါ။
လုပ်ငန်းသဘောအရ စကားတွေပြောတော့မယ်ဆိုကတည်းက တိ ကျသေချာဖို့လိုပါတယ်။ မိမိရဲ့ အိမ်အရောင်းထွက်သည်ဖြစ်စေ၊ အ ရောင်းမထွက်သည်ဖြစ်စေ အိမ်ခြံမြေအကျိုးဆောင်လက်ထဲ အပ် လိုက်ပြီဆိုကတည်းက သူ့ကိုပေးရမယ့် အကျိုးဆောင်ခအကြောင်း ကို ခိုင်ခိုင်မာမာပြောဆိုပါ။ မိမိနဲ့ ဘယ်လောက်ပဲ ရင်းနှီးတဲ့ပွဲစားပဲ ဖြစ်ဖြစ်၊ အသိမိတ်ဆွေပဲ ဖြစ်ဖြစ်၊ ပွဲခကိုစေတနာကြေးတို့၊ မိတ် ဆွေကြေးတို့သဘောမထားပဲ လုပ်ငန်းအနေနဲ့ပဲ လုပ်ကိုင်ပါ။ ကိုယ့် အိမ်ရောင်းထွက်မယ့် တန်ကြေးနဲ့ ပွဲခပေးနိုင်မယ့်တန်ကြေးတွေကို အပြန်အလှန်အဆင်ပြေနိုင်အောင် ညှိနှိုင်းပြီးလုပ်ငန်းလုပ်ဆောင်ပါ။ တချို့ကစကားအဖြစ်နဲ့ ပြောထားတုန်းက တစ်မျိုး နောက်ပိုင်းအိမ် အရောင်းထွက်သွားတော့ မှ ငွေမြင်ပြီး လောဘတက်ကာ အကျိုး ဆောင်ခကို ထပ်တိုးပြီးတောင်လားနိုင်ကြပါတယ်။ ဒီ့အတွက် ကြောင့် ဘယ်လောက်ပဲခင်မင်နေပါစေ။ အလုပ်ကိစ္စအကြောင်းကိုပဲ တိကျစွာလုပ်ကိုင်တတ်ဖို့လိုပါတယ်။

၂။ အကျိုးဆောင်ခ သက်သာတဲ့ အိမ်ခြံမြေပွဲစားနဲ့ အလုပ်လုပ်ကိုင် ပါ။
အိမ်ခြံမြေအရောင်းထွက်ဖို့ အကျိုးဆောင်ခ လျှော့ချတဲ့နည်းလမ်း ဖော်ပြမယ်ဆိုကတည်းက အကျိုးဆောင်ခ သက်သာတဲ့နည်းလမ်း ကိုပဲ ဦးစားပေးသင့်ပါတယ်။ အကျိုးဆောင်ခ သက်သာတဲ့ အိမ်ခြံ မြေပွဲစားဆိုပေမယ့် အိမ်ခြံမြေလောကမှ ကျွမ်းကျင်ပြီး အတွေ့အ ကြုံရှိပြီးသားလူ ကို ရွေးချယ်တတ်ဖို့လည်း လိုပါတယ်။ တချို့အိမ်ခြံ မြေပွဲစားတွေက သူတို့လက်ထဲမှာကိုင်ထားတဲ့ ဈေးကောင်းအိမ်ကြီး အိမ်ကောင်းတွေရဲ့ အရောင်းအဝယ်ကိစ္စတွေကြောင့်ပဲ နာမည်ကြီး လာတာမို့လို့ သူတို့ကိုပေးရတဲ့ ပွဲစားခတွေကလည်း များလွန်းပါ တယ်။ တချို့အတွေ့အကြုံအများကြီးရှိသေးတာ မဟုတ်တဲ့ပွဲစား ငယ်လေးတွေကျတော့လည်း သူတို့ရဲ့အိမ်အရောင်းအပ်ထားတဲ့ အိမ်တွေက အကောင်းကြီး မဟုတ်ပေမယ့် သူတို့အစွမ်းအစနဲ့သူ တို့တော့ အရောင်းထွက်နိုင်အောင် ပြုလုပ်တတ်ကြပါတယ်။ အဲ့ဒီ လိုပွဲစားတွေကတော့ သူတို့အတွက်အကျိုးဆောင်ခက သိပ်ပြီးတော့ ကြေးမများလောက်ပါဘူး။

၃။ သတင်းစာ၊ စာစောင်နဲ့ အင်တာနက်ဝက်ဆိုက်တွေမှာ အရောင်း ကြော်ငြာတွေ ကမ်းလှမ်းတာမျိုးတွေလုပ်ပါ။
ဒီနည်းလမ်းက မိမိအိမ်အရောင်းအတွက်ကို ပွဲစားအပ်ပြီးရောင်း လိုက်တာမျိုးလောက် အကျိုးမဖြစ်ထွန်းပေမယ့် ကိုယ့်အိမ်အရောင်း အတွက်ကိုတော့ လူအများကြီးကိုပေးသိသွားနိုင် မှာဖြစ်ပါတယ်။ အရင်က စာစောင် တွေနဲ့သတင်းစာတွေမှာ အိမ်အရောင်းကြော်ငြာ အတွက် ကြော်ငြာခပေးပြီး တင်ရသော်လည်းပဲ အခုနောက်ပိုင်း အိုင်တီခေတ်မှာတော့ လူမှုကွန်ရက်စာမျက်နှာတွေနဲ့ ဆိုရှယ်ပေ့ခ်ျ တွေမှာ အိမ်ခြံမြေနဲ့ပတ်သက်ပြီး အရောင်းကြော်ငြာတင်တဲ့ ဝက် ဆိုက်တွေက များလာပါတယ်။ သူတို့တွေက ဒီအတိုင်း အသင်းဝင် တဲ့ အကောင့်လေးတစ်ခုရှိယုံနဲ့တင် ဘာအဖိုးအခအကုန်အကျမှ မရှိပဲ မိမိရောင်းချတင်တဲ့ အိမ်ခြံမြေအကြောင်းကို ပြည့်ပြည့်စုံစုံရေး သားဖော်ပြပြီး အရောင်းထုတ်နိုင်ပါတယ်။ တချို့ဝယ်လက်တွေက ဒီ ဝက်ဆိုက်တွေကို ဝင်ကြည့်ပြီး စိတ်ဝင်စားသဘောကျတဲ့ အိမ်တွေ ကို အိမ်ပိုင်ရှင်တွေနဲ့ တိုက်ရိုက်ဆက်သွယ်ပြီး အရောင်းအဝယ်စ ကား ပြောလာကြတာလည်းဖြစ်ပါတယ်။ အရောင်းအဝယ်ဖြစ်သွား တာမျိုးတွေလည်းရှိပါတယ်။ ဒီ့အတွက်ကြောင့် ဒီနည်းလမ်းကိုအသုံး ပြုမယ်ဆိုရင်လည်း အကျိုးဆောင်ခပေးစရာမလိုပဲ အိမ်အရောင်းအ ဝယ်ပြုလုပ်နိုင်ပါတယ်။


Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service