ဘာသာမတူ မွေးစားသားသမီးများထံမှ အိမ်ခြံမြေ ၀ယ်ယူပိုင်ခွင့်

ဘာသာမတူ မွေးစားသားသမီးများထံမှ အိမ်ခြံမြေ ၀ယ်ယူပိုင်ခွင့် - Property Knowledge in Myanmar from iMyanmarHouse.com
16 Mar 2016 11:22 am တွင် တင်ခဲ့သည်
2074 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

တစ်နေ့က စာရေးသူ၏ ရုံးခန်းသို့ အမျိုးသားတစ်ဦး ရောက်လာပါသည်။ ထိုသူ၏ ပြောစကားအရ မိတ်ဆွေတစ်ဦးက ညွှန်ပြလိုက်၍ ဆွေးနွေးရန် ရောက်လာသည်ဟု ဆိုပါသည်။ စာရေးသူ၏ မိတ်ဆွေအမည်ဖြစ်နေသဖြင့် ထိုသူ၏ ဥပဒေပြဿနာကို လက်ခံဆွေးနွေးပေးရန် သဘောတူလိုက်သည်။
ဒီလိုပါ ဆရာ၊ ကျွန်တော့်အနေနဲ့ အိမ်နဲ့ မြေဝယ်ဖို့ စာရွက်စာတမ်းတွေ သွားကြည့်ပါတယ်။

''ဘာအခက်အခဲတွေ တွေ့ခဲ့လဲ''
''စာရွက်စာတမ်းတွေအရတော့၊ ဂရန်အမည်ပေါက်က အဘွားကြီး အမည်ပေါက်။ ဒါပေမယ့် သူက အပျိုကြီးဘဝနဲ့ ကွယ်လွန်သွားတယ်''
''ဒါက ရှင်းပါတယ်။ ကွယ်လွန်သူရဲ့ အငယ်မောင်နှမတွေက အမွေဆက်ခံမှာပေါ့၊ မောင်နှမ သားချင်း မရှိလို့လား''
''မောင်နှမသားချင်းလည်း ရှိတယ်။ ခက်နေတာက အမည်ပေါက်အဘွားကြီးမှာ မွေးစားသား ရှိတယ်လို့ ပြောတယ်''

''ဒါဆို ပိုအဆင်မပြေဘူးလား။ ကိတ္တိမ မွေးစားစာချုပ် ရှိမရှိ၊ စုံစမ်းပြီး၊ ကိတ္တိမ မွေးစားစာချုပ်နဲ့ ချုပ်ဆိုထားတဲ့ မွေးစားခြင်းဖြစ်ရင်တော့ တရားဝင်တယ်။ သားသမီး အမွေဆက်ဆံသူအနေနဲ့ အမွေဆက်ခံစာချုပ် ပြုလုပ်ပြီး အရောင်းအဝယ်မှတ်ပုံတင်စာချုပ် ပြုလုပ်လို့ရတယ်။ ဥပဒေနဲ့အညီ တရားဝင် ကိတ္တိမ မွေးစားစာချုပ် ရှိမရှိကို အဓိက စိစစ်ပြီး ဝယ်ရင် ဖြစ်ပါတယ်''

''မွေးစားသားဆိုတဲ့ သူနဲ့ ကျွန်တော်တွေ့ခဲ့တယ် ဆရာ။ အစ္စလမ်ဘာသာဝင် ကုလားလူမျိုး ဖြစ်နေလို့''
''ဟင်'' ကျွန်တော်အနည်းငယ် တွေဝေသွားပါသည်။ ပြီးမှ -
''အစ္စလမ်ဘာသာဝင်က ပြဿနာမဟုတ်ဘူး။ နိုင်ငံခြားသား၊ တစ်နည်းအားဖြင့် နိုင်ငံခြားသားမှတ်ပုံတင်လက်မှတ် ကိုင်ဆောင်ထားသူ မဟုတ်ဖို့ လိုတယ်။ နိုင်ငံခြားသားဖြစ်နေရင်တော့ အမွေဆက်ခံခွင့်မရဘူး''

''ကွယ်လွန်သွားတဲ့ ဂရန်အမည်ပေါက်အဘွားကြီးက ဗုဒ္ဓဘာသာဝင်ဖြစ်နေတော့ အစ္စလမ်ဘာသာဝင်က အမွေရနိုင်ပါ့မလား''
''ဟုတ်တယ်။ မှန်တယ်၊ မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေအရ၊ ဗုဒ္ဓဘာသာဝင် မိဘရဲ့ အမွေဆက်ခံခွင့်ဟာ ဘာသာခြားသားသမီးဆီ မရောက်နိုင်ဘူးပေါ့။ ဒါပေမယ့် အခုကိစ္စက မွေးစားခြင်းကိစ္စနဲ့ ပတ်သက်နေတယ်။ အခုမွေးစားစာချုပ်ကို သေချာကြည့်ခဲ့ရဲ့လား''

''အဲဒါတော့ သူက မပြတာကြောင့် မကြည့်ဖြစ်ခဲ့ဘူး။ ကျွန်တော်လည်း သေချာမမေးလိုက်မိဘူး။ ပွဲစားအမျိုးသမီး ပြောတာတော့ မှတ်ပုံတင် မွေးစားစာချုပ် ရှိတယ်ပြောတာပဲ''
''ဒါနဲ့ ပတ်သက်လို့ မိတ်ဆွေကြီး ရှင်းသွားအောင် တရားရုံးချုပ်က စာချွန်တော်အနေနဲ့ ဆုံးဖြတ်ထားတဲ့ အမှုတစ်ခုကို ဖတ်ပြမယ်''
ကျွန်တော်က စီရင်ထုံး စာအုပ်ကို စာအုပ်စင်မှ ဆွဲထုတ်ပြီး ဖတ်ပြလိုက်ပါသည်။

''ဦးကျော်မင်းပါ နှစ်ဦးနှင့် ဌာနမှူးမြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီပါ နှစ်ဦး။ ၂ဝ၁၃ ခုနှစ် မြန်မာနိုင်ငံ တရား စီရင်ထုံး စာမျက်နှာ ၁'' အမှုမှာ၊ အမှုဖြစ်စဉ်က ရန်ကုန်တိုင်း တရားရုံးတွင် တရားလို ဦးကျော်ဝင်း၊ ဦးကျော်မင်းတို့က တရားပြိုင် မိုဟာမက်ကာဆင် (ခ) ဘဆွေအပေါ် ၁၈.၈.၂ဝဝ၈ နေ့စွဲပါ နှစ်ဦးသဘောတူ အရောင်းအဝယ် စရန်ပေးစာချုပ်ပါအတိုင်း ကျန်ငွေ ကျပ်သန်း ၄၈ဝ အားလက်ခံရယူပြီး မှတ်ပုံတင် အရောင်းအဝယ်စာချုပ် ချုပ်ဆိုပေးစေလိုမှု စွဲဆိုရာ အနိုင်ဒီကရီ ရခဲ့သည်။ ယင်းအနိုင်ဒီကရီအရ အရောင်းအဝယ် စာချုပ်ကို ချုပ်ဆိုရန် ပျက်ကွက်သော တရားရှုံး ကိုယ်စား ဒုတိယဦးစီးအရာရှိ (တရားရေး)မှ မှတ်ပုံတင်စာချုပ်ဖြင့် အပြီးအပိုင်လွှဲပြောင်း စာချုပ်ချုပ်ဆိုပေးရန် အမိန့်ချခဲ့သည်။

မှတ်ပုံတင် စာချုပ်ချုပ်ဆိုရန် အတွက် အချင်းဖြစ်မြေနှင့် စပ်လျဉ်း၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန၌ အရောင်းအဝယ်မြေပုံ မြေရာဇဝင် ကူးယူခွင့် လျှောက်ထားရာ ယင်းဌာနမှ မိုဟာမက်ကာဆင် (ခ) ဦးဘဆွေ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားတွင် အိန္ဒိယလူမျိုး အစ္စလာမ်ဘာသာ ကိုးကွယ်သူဟု ပါရှိသဖြင့် မြန်မာဓလေ့ထုံးတမ်းဥပဒေနှင့် သက်ဆိုင် အကျုံးဝင်သူမဟုတ်ကြောင်း တွေ့ရသည့်အပြင် အစ္စလာမ်ဘာသာဝင်များ၏ ကုရ်အာရ်ကျမ်းတွင်လည်း သားသမီးမွေးစားမှုကို လုံးဝအသိအမှတ် မပြုသောကြောင့် ကိတ္တိမ မွေးစားခြင်းကို လက်ခံစဉ်းစား၍ ရနိုင်မည်မဟုတ်ကြောင်း ဟု အကြောင်းပြန်ကြားပြီး မြေပုံကူး လျှောက်လွှာကို ခွင့်မပြုခဲ့ပေ။

ထိုကြောင့် ဦးကျော်ဝင်းတို့က တရားရုံးချုပ်သို့ အာဏာပေးစာချွန်တော် အမိန့်ထုတ်ဆင့်ပေးပါရန် လျှောက်ထားလာခြင်း ဖြစ်သည်။
တရားရုံးချုပ်က သုံးသပ်သည်မှာ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေနှင့် ကိတ္တိမ သားသမီးမွေးစားခြင်း မှတ်ပုံတင်အက်ဥပဒေတို့တွင် မြန်မာဗုဒ္ဓဘာသာ မိဘသည် အခြားလူမျိုး ဘာသာမတူသူကို မွေးစားခွင့် မရှိဟု ပိတ်ပင်တားမြစ်ထားခြင်း မရှိပါ။ သားသမီး မွေးစားခြင်းမှာ ပဋိညာဉ်ပြုလုပ်ခြင်းပင် ဖြစ်သည်။ ထို့ကြောင့် ပဋိညာဉ်မပြုလုပ်နိုင်သူ တစ်နည်းအားဖြင့် အသက် ၁၈ နှစ် မပြည့်သေးသူ၊ ရူးသွပ်သူများ သားသမီးမမွေးစားနိုင်ဟုသာ တားမြစ်ချက် ရှိပေသည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ မော်လဝီအဖွဲ့ (ဌာနချုပ်) ရန်ကုန်မြို့၏ ၁၄.၁.၂ဝ၁ဝ နေ့စွဲဖြင့် အစ္စလာမ် တရားဥပဒေ၊ ဓမ္မသတ် ပြန်ကြားစာတွင် အစ္စလာမ်ဘာသာဝင်များအနေဖြင့် ''မွေးစားခံခြင်း'' နှင့် စပ်လျဉ်း၍ တားမြစ်မှု မရှိကြောင်း ဖော်ပြထားသည်။

သို့ဖြစ်၍ ဤအမှုတွင် မွေးစား မိခင်ဖြစ်သည့် ဒေါ်ဝင်းမှီသည် မိုဟာမက်ကာဆင် (ခ) ဦးဘဆွေ အား ၂ဝ.၁.၁၉၉၅ နေ့တွင် ရန်ကုန်မြို့ စာချုပ်စာတမ်းမှတ်ပုံတင်ရုံး မှတ်ပုံတင်စာချုပ်အမှတ် ၃၄၈/၉၅ ဖြင့် အမွေစားအမွေခံ ကိတ္တိမ သားသမီး မွေးစားစာချုပ် ချုပ်ဆိုခဲ့ရာ ယင်းမွေးစားခြင်း မှတ်ပုံတင်စာချုပ်သည် ဥပဒေနှင့်အညီဖြစ်ကြောင်း သုံးသပ်တွေ့ရှိရသဖြင့် မြေပုံမြေ ရာဇဝင် လျှောက်ထားခြင်းအား ခွင့်ပြုထုတ်ပေးရန် အာဏာပေးစာချွန်တော် အမိန့်ကို ထုတ်ဆင့်ကြောင်း ဆုံးဖြတ်ခဲ့ပါသည်။

''အဲဒီဆုံးဖြတ်ချက်အရဆိုရင် ဘာသာခြား တစ်ဦးတစ်ယောက်ကို ဗုဒ္ဓဘာသာဝင် မိဘတွေက မွေးစားနိုင်တယ်ဆိုတာ တွေ့ရတယ်။ အခု မိတ်ဆွေရဲ့ ကိစ္စမှာလည်း ကွယ်လွန်သူ အမည်ပေါက်က ဗုဒ္ဓဘာသာဝင်ဖြစ်နေစေကာမူ အစ္စလာမ်ဘာသာဝင်ကို ကိတ္တိမ မွေးစားစာချုပ် မှတ်ပုံတင်ပြုလုပ်ပြီး တရားဝင် မွေးစားနိုင်တယ်''
''ဒါဆိုရင် မွေးစားစာချုပ်ရှိ ဖို့ပဲ လိုတာပေါ့''
''တစ်ခုတော့ ရှိတယ်။ မှတ်ပုံတင် မွေးစားစာချုပ်၊ ကိတ္တိမ မွေးစားချုပ်ဖြစ်ဖို့တော့ လိုတယ်။ ဒါမှ တရားဝင်ဆောင်ရွက်နိုင်မှာ ဖြစ်တယ်။ ဒီတော့ မွေးစားစာချုပ်ကို လေ့လာပြီး ဆက်လက်ဆောင်ရွက်ပေတော့''ဟု ဆွေးနွေးလိုက်ပါတော့သည်။

Credit : ဈေးကွက်ဂျာနယ်

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service