အိမ်ရှင်မတွေရဲ့ မီးဖိုချောင်ရှင်းလင်းရေး အလွယ်ကူဆုံးနည်းလမ်း များ

အိမ်ရှင်မတွေရဲ့ မီးဖိုချောင်ရှင်းလင်းရေး အလွယ်ကူဆုံးနည်းလမ်း များ - Property Knowledge in Myanmar from iMyanmarHouse.com
18 Feb 2016 11:29 am တွင် တင်ခဲ့သည်
11658 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

အိမ်ရှင်မတွေအတွက် တစ်နေ့တာအများဆုံး အချိန်ကုန်တဲ့နေရာ ကို ပြောပါဆိုရင် မီးဖိုချောင်ခန်းတွေပဲ ဖြစ်ပါလိမ့်မယ်။ အိမ်ရှင်မပဲ ဖြစ်ဖြစ်၊ အိမ်ရှင်ထီးပဲဖြစ်ဖြစ် အချက်အပြုတ် ဝါသနာပါတဲ့သူဆိုရင် တော့လည်း မီးဖိုချောင်က သူ့ရဲ့ပျော်စရာ နတ်ဗိမာန်လေးတစ်ခုလို တင်စားလို့ရနိုင်လောက်အောင်ကို နှစ်သက်တတ်ကြလေ့ရှိပါတယ်။ ဒါပေမယ့် တစ်ခုရှိတာက အချက်အပြုတ်ချက်ကြတဲ့ အိမ်ရှင်မတွေ ဟာဆိုရင် သူတို့ချက်ပြုတ်တဲ့ မီးဖိုချောင်အခန်းကို ပြန်လည်ရှင်း လင်းဖို့ ကြတော့ သိပ်မကျွမ်းကျင်ကြသလို၊ လုပ်ဖို့လည်း ပျင်းကြ တယ်လို့ ဝန်ခံကြပါတယ်။

အစားအသောက်တွေချက်ပြုတ်ကြော် လှော်ပြီးရင်တော့ သေချာ ပါတယ်။ ပြန်ပြီးသန့်ရှင်းရေးလုပ်တာတို့၊ ရှင်းလင်းတာတို့ ပြုလုပ် သင့်ပါတယ်။ အဓိကအသုံးပြုတဲ့နေရာတွေနဲ့ရှင်းလင်းရမယ့်နေ ရာတွေဖြစ်တဲ့ ထမင်း၊ဟင်းချက်ပြုတ်ဖို့နဲ့ အစားအသောက်တွေ လှီးဖြတ်တင်တဲ့ ကောင်တာ၊ ဆေးကြောသန့် စင်တဲ့ဘေစင်၊ ရေဇ လုံ၊ အနံ့ဆိုးတွေထုတ်တဲ့ မီးခိုးတိုင်၊ မီးဖိုချောင်ကြမ်းပြင်၊ ကြော် လှော်တဲ့ဒယ်အိုး၊ အိုးခွက်နဲ့မီးဖိုတွေစသဖြင့်နေရာတွေကို အဓိက သန့်ရှင်း အောင်ထားသင့်ပါတယ်။
ဒီလိုဆိုရင် အိမ်ရှင်မတွေရဲ့ မီးဖိုချောင်လေးကို ဘယ် လိုစနစ်တကျ ရှင်းလင်းရေး လုပ်ကြည့်မလဲဆိုတာနဲ့ လွယ်လွယ်ကူ ကူမြန်မြန် သန့်ရှင်းရေးလုပ်လို့ရနိုင်မယ့် နည်းလမ်းတွေကို ဖော်ပြပေးချင်ပါ တယ်။

၁။ မီးဖိုချောင်ထဲ တာရှည်စွဲနေတဲ့ အနံ့ဆိုးတွေကို ဘယ်လိုဖယ်ရှား ကြမလဲ။ ဒီ့အတွက် အလွယ်ကူဆုံးနဲ့ အရိုးရှင်းဆုံးနည်းလမ်းက ဗီနီ ဂါအရည်ကြည်ပါပဲ။ ဗီနီဂါအရည်တွေကို မီးဖိုပေါ်ပွက်ပွက်ဆူ အောင်တည်ပြီး ဗီနီဂါကထွက်ရှိလာတဲ့ အငွေ့နဲ့ အနံ့အသက်တွေ က မီးဖိုခန်းအတွင်း စွဲထင်နေတဲ့အနံ့အသက်ဆိုးတွေကို မြန်မြန် ဆန်ဆန်ပျောက် ကင်းသွားစေနိုင်ပါတယ်။ မီးခိုးနံ့တွေ၊ အသားကင် အနံ့တွေ၊ ဟင်းနံ့တွေစသဖြင့်အနံ့တွေကို ဗီနီဂါက ပျောက်ကင်း သွားအောင် လုပ်ပေးမှာဖြစ်ပါတယ်။

၂။ ထမင်းဟင်းချက်ပြုတ်တဲ့ မီးဖို၊ မိုက်ခရိုဝေ့ဖ် မီးဖိုတွေကိုဘယ်လို မျိုး သန့်ရှင်းပြုလုပ်ကြမလဲ။ မီးဖိုတွေထဲကို စိုစွတ်တဲ့တာဝါတို့၊ အ ဝတ်စတို့ကို အပူချိန်မြင့်မြင့်နဲ့ သုံးမိနစ်ကနေ ငါးမိနစ်ခန့် ထည့် ထားပြီး အပူပေးပါ။ အဝတ်စက ထွက်လာတဲ့ ရေငွေ့နဲ့ အပူတွေက မိုက်ခရိုဝေ့ဖ်မီးဖိုတွေထဲမှာရှိတဲ့ ချေးညှော်တွေ၊ အနံ့အသက်တွေကို ရေငွေ့ပျံစေကာ အညစ်အကြေးတွေကို စုပ်ယူနိုင်ပါလိမ့်မယ်။ ထပ် ပြီးပြောင်လက်ဖို့နဲ့ အနံ့ဆိုးတွေကင်းစေဖို့ဆိုရင်တော့ အချဉ်ဓာတ် ပါတဲ့ သံပုရာရည်နဲ့ ရေတစ်ဝက်ခန့်ရောပြီး မီးဖိုအတွင်းခန်းထဲ ပွတ် တိုက်ဆေးကြောနိုင်ပါတယ်။

၃။ ဟင်းတွေမျိုးစုံချက်ပြုတ်တဲ့ ဒယ်အိုး၊ လက်ကိုင်ဒယ်ပြားတွေမှာ ကပ်ညှိနေတဲ့ ဆီချေးနဲ့ မီးခိုးချေးတွေကို ဘယ်လိုဖယ်ရှားကြမလဲ။ ဆားကိုအဓိကအသုံးပြုပြီး သန့်ရှင်းပါ။ အမြဲလိုလိုချတ်ပြုတ်ကြော် လှော်နေတာမို့လို့ ဒယ်အိုးတွေမှာ ဆီတွေကပ်ကျန်နေတတ်ပါတယ်။ ရိုးရိုးတန်းတန်းရေတို့၊ ဆပ်ပြာတို့နဲ့ ဆေးကြောလို့ မရနိုင်တာမို့လို့ စားပွဲတင်ဆား တစ်ဇွန်းနဲ့ သုတ်ပုဝါတစ်ခုကိုအသုံးပြုပြီး ပွတ်တိုက် ပြီး ရေဆေးချလိုက်ပါ။ ဆီတွေပါသွားတာကို တွေ့ရပါလိမ့်မယ်။

၎။ အညစ်အကြေးတွေနဲ့ အညှိတက်နေတဲ့ ပန်းကန်ဆေးစင်၊ ဘေစင်၊ ရေဇလုံတွေကို ဘယ်လိုသန့်ရှင်းပြောင်လက်အောင် လုပ်ကြမလဲ။ ဒီတစ်ခါလည်း အိမ်တွင်းလွယ်ကူတဲ့နည်းလမ်းလေး ဖြစ်ပြီး အသုံးဝင်တဲ့အရာဖြစ်တဲ့ သံပုရာသီးပါပဲ။ သံပုရာသီးရဲ့ အသုံးဝင်ပုံတွေ သိပ်ကိုများပြားလှပါတယ်။ သံပုရာသီးနဲ့ မုန့်ဖုတ် ပေါင်ဒါကိုအသုံးပြုပြီး ဘေစင်ကြွေပြားတွေကို ဆေးကြောသန့်စင်ပါ။ ဘေစင်ကြွေပြားမျက်နှာပြင်ပေါ် မုန့်ဖုတ်ပေါင်ဒါမှုန့်ကို အနှံ့ဖြူးပြီး သံပုရာခြမ်းတစ်ခြမ်းနဲ့ လိုက်ပြီးပွတ်သပ်တိုက်ချွတ်လိုက်ပါ။ ချေးနဲ့ အညှိတွေ ပျောက်ကင်းပြီး ကြည်လင်သန့်ရှင်းသွားတာကို တွေ့ရပါ လိမ့်မယ်။

၅။ မီးဖိုချောင်ရဲ့ ကြမ်းပြင်ဆိုတာကတော့ အခန်းတစ်ခန်းလုံးရဲ့ အဓိ ကနေရာကျယ်ကျယ်အသုံးပြုထားတဲ့ အရာပါပဲ။ မီးဖိုချောင်ပစ္စည်း တွေနဲ့တခြားအရာတွေ မသန့်ရှင်းနိုင်ဘူးဆိုရင်တောင် မီးဖိုချောင် ကြမ်းပြင်ကိုတော့ မဖြစ်မနေသန့်ရှင်းရေးလုပ်ဆောင်သင့်ပါတယ်။ ပါကေးခင်းကြမ်းပြင်ဖြစ်ဖြစ်၊ ကြွေပြားခင်းကြမ်းပြင်ဖြစ်ဖြစ် အရင်ဆုံး အပေါ်ယံတံမြက်စည်းလှည်းကျင်းပါ။ နောက် ဗီနီဂါအရည်နဲ့ ရေ ထားတဲ့ ရေတစ်ပုံးကို ကြမ်းပြင်ရဲ့အပေါ်တွေမှာ လောင်းချပြီး ဆေး ကြောပွတ်တိုက်ပါ။
ဘရက်ရှပ်လေးတွေကို အသုံးပြုပြီး ချိုကြား ချောင်ကြားထဲထိုးက လော်ပြီးအမှိုက်တွေထုတ်ပါ။ အဝတ်စတွေနဲ့ လိုက်လံသုတ် ပေးပါ။ အစိုတစ်မျိုး၊ အခြောက်တစ်မျိုး အဝတ်စနဲ့ လိုက်လံသုတ်ပေးပါ။ နောက်ကြမ်းပြင်တွေပြောင်လတ်သွားအောင်နဲ့ အစိုဓာတ်မရှိ အောင်အသုံးပြုလို့ရမယ့် အိမ်သုံးဆေးရည်တွေကို အသုံးပြုပါ။ ပိုးမွှားအကောင်တွေ၊ အင်းဆက်တွေ မလာနိုင်အောင် ဆေးရည် တွေဖြန်းပေးပါ။ နောက်ဆုံးအဆင့်မှာတော့ အမွှေးအကြိုင် လိုအရည်တွေနဲ့ အခန်းသုံး အမွှေးဆီအရည်တွေသုံးပြီး သင့်ရဲ့မီးဖို ချောင်လေးကို နေချင်စရာနေရာလေးဖြစ်အောင် ဖန်တီးလို့ရနိုင်ပါ ပြီ။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
အိမ်ရှင်မတွေရဲ့ မီးဖိုချောင်ရှင်းလင်းရေး အလွယ်ကူဆုံးနည်းလမ်း များ - Property Knowledge in Myanmar from iMyanmarHouse.com
အိမ်ရှင်မတွေရဲ့ မီးဖိုချောင်ရှင်းလင်းရေး အလွယ်ကူဆုံးနည်းလမ်း များ - Property Knowledge in Myanmar from iMyanmarHouse.com
အိမ်ရှင်မတွေရဲ့ မီးဖိုချောင်ရှင်းလင်းရေး အလွယ်ကူဆုံးနည်းလမ်း များ - Property Knowledge in Myanmar from iMyanmarHouse.com
အိမ်ရှင်မတွေရဲ့ မီးဖိုချောင်ရှင်းလင်းရေး အလွယ်ကူဆုံးနည်းလမ်း များ - Property Knowledge in Myanmar from iMyanmarHouse.com
အိမ်ရှင်မတွေရဲ့ မီးဖိုချောင်ရှင်းလင်းရေး အလွယ်ကူဆုံးနည်းလမ်း များ - Property Knowledge in Myanmar from iMyanmarHouse.com
အိမ်ရှင်မတွေရဲ့ မီးဖိုချောင်ရှင်းလင်းရေး အလွယ်ကူဆုံးနည်းလမ်း များ - Property Knowledge in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service