လယ်မလုပ်တဲ့လယ်မြေ ဝယ်ယူတဲ့အခါ ဆောင်ရွက်ရမယ့်အချက်များ

လယ်မလုပ်တဲ့လယ်မြေ ဝယ်ယူတဲ့အခါ ဆောင်ရွက်ရမယ့်အချက်များ - Property Knowledge in Myanmar from iMyanmarHouse.com
17 Feb 2016 9:53 am တွင် တင်ခဲ့သည်
1084 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

လယ်မလုပ်တဲ့လယ်မြေကွက်တွေကို ဈေးကွက်ထဲမှာ ရောင်းသူတွေက ပိုင်ဆိုင်မူ့အာမခံပြီး ရောင်းချတာတွေကို ဝယ်ချင်ပေမယ့် မဝယ်ရဲတဲ့သူတွေဝယ်ယူတဲ့အခါ ခိုင်မာမူ့ရှိအောင် ဆောင်ရွက်ရမယ့် အချက်တွေကို အကျိုးဆောင်ရှေ့နေတချို့ကို မေးမြန်းထားပါတယ်။

လယ်မလုပ်တဲ့လယ်မြေတွေကို ဝယ်ပြီးချက်ချင်း အိမ်ဆောက်လို့ရတယ်။ အရှုပ်အရှင်းအာမခံတယ် စသည်ဖြင့် အာမခံနဲ့ရောင်းချကြတာပါ ။ ပိုင်ဆိုင်မူ့စာရွက်စာတမ်းအနေနဲ့ ပုံစံ ၇ ၊ ပုံစံ ၁၀၅ ကျပြီး လ/န ၃၀ လျှောက်ထားပြီး ၊ ကျေးရွာတိုးချဲ့မြေကွန်ကရစ်လမ်းမီးတိုင်တွေ့ပါရှိတယ် စသည်ဖြင့်ပရိုမိုးရှင်းကောင်းကောင်းနဲ့ ဈေးကွက်ထဲမှာရောင်းချနေကြတာပါ ။ မြေတစ်ကွက်ကို ကျပ်၁၉သိန်း ၊ သိန်း ၂၀ ၊ ၂၁ သိန်း စသည်ဖြင့် တန်ဖိုးနည်းနည်းနဲ့ ရောင်းချတာဖြစ်ပါတယ်။

လယ်မြေက လယ်ယာစိုပ်ပျိုးရေးအတွက် ချထားပေးတဲ့ မြေဖြစ်ပေမဲ့ သည့်နောက်ပိုင်းမှာ ပါမစ်ချပေးတာတွေ ၊ ကျေးရွာတိုးချဲ့မြေအဖြစ် လျှောက်ထားပြီးနေထိုင်ကြတာတွေ ရှိပါတယ်။ ရောင်းသူက အာမခံပြီးရောင်းချပေမယ့် ဝယ်သူဘက်က ခိုင်မာအောင်တော့ စိစစ်သင့်တဲ့အချက်တွေရှိတယ်လို့ပြောပါတယ် ။

အကျိုးဆောင်ရှေ့နေဦးကျော်စွာက ‘လယ်မြေဝယ်တာကတော့ သတိထားပြီးဝယ်သင့်တယ် ၊ အရှုပ်အရှင်းများလို့ပါ ၊ ဈေးအရမ်းသက်သာလို့ ၊ နေရာကနောက်ပိုင်းစည်ကားလာမှာမို့ ဝယ်တယ်ဆိုရင် ပိုင်ရှင်ဆီက မဖြစ်မနေတောင်းယူရမယ့်အချက်တွေတော့ရှိတယ်’ လို့ပြောပါတယ်။

ကိုယ်ဝယ်မယ့်မြေကွက်ရဲ့ ပုံစံ ၇ ကို မြေစာရင်းဦးစီးဌာနမှာ စစ်ဆေးရမှာပါ ။ မူရင်းစာရွက်တွေရမှသာ ဝယ်ယူဖို့စရန်ငွေပေးသင့်တယ် ။ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူး ၊ ဥက္ကဌတို့လို တာဝန်ရှိသူတွေနဲ့ သေချာခိုင်မာအောင် မေမြန်းပြီး သူတို့ရှေ့မှာပဲ စာချုပ်ချုပ်ဆိုသင့်ပါတယ် ။ငွေအကျေမချေခင်မှာ ပုံစံ ၁၀၅ ထုတ်ယူရမှာပါ။ ပုံစံ ၁၀၅ ကို ပိုင်ရှင်ဆီကနေ ကိုယ်စားလှယ်လွဲစာ (sp) လွဲပြောင်းပေးခိုင်းရမှာဖြစ်ပါတယ်။ ပုံစံ ၇ မူရင်းကိုလည်း တောင်းရမှာပါ။ ဒါတွေအားလုံးစုံလင်အောင်ရရင်တော့ စိတ်ချလက်ချဝယ်ယူလို့ရတယ်လို့ သိရပါတယ်။

ဒါပေမယ့် ဈေးကွက်ထဲမှာတော့ စာရွက်စာတမ်းလိမ်လည်ပြီး ရောင်းတာတွေ ၊ အစိုးရဌာနဆိုင်ရာမြေတွေကို ကွက်ရိုက်ပြီး ရောင်းတာတွေကြောင့် မြေစာရင်းဌာနတွေမှာ သေချာစိစစ်သင့်တယ်လို့ ပြောပါတယ်။
ဈေးကွက်ထဲမှာ လယ်မြေတွေပေါ် ကျူးကျော်နေထိုင်တာတွေတင်မကဘဲ ပါမစ်မြေတွေပေါ်မှာပါ ပုံစံအမျိုးမျိုးနဲ့ ကျူးနေကြတာကြောင့် ပိုင်ဆိုင်မူခိုင်မာနေဖို့ လိုအပ်တယ်လို့ သိရပါတယ်။

အများဆုံးရောင်းချတာက ထန်းတပင် ၊ မှော်ဘီ ၊ လှည်းကူး တို့ဖြစ်ပါတယ် ။ ထန်းတပင်ဘက်ကို လိုင်သာယာ ၊ ရွှေပြည်သာတို့နဲ့ နီးတာ။

လှည်းကူးက ပဲခူး ဟံသာဝတီလေဆိပ် ပရောဂျက်ကြောင့်လည်း စိတ်ဝင်စားခံရတာဖြစ်သလို ထောက်ကြံ့ ၊ ပဲခူးတစ်ဆက်တည်းတွဲလျက်ရှိနေပြီး ကားလမ်းမဘေးရှိ လယ်မြေဈေးတွေကလည်း ဈေးကောင်းလာနိုင်တယ်လို့ အကျိုးဆောင်တချို့ထံမှ သိရတယ်။

Crsdit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service