နေအိမ်တိုင်းဖြစ်ပေါ်တတ်တဲ့ အန္တရာယ်များနဲ့ ကြိုတင်ရှောင်ရှားခြင်းနည်း လမ်းများ သိကောင်းစရာ

နေအိမ်တိုင်းဖြစ်ပေါ်တတ်တဲ့ အန္တရာယ်များနဲ့ ကြိုတင်ရှောင်ရှားခြင်းနည်း လမ်းများ သိကောင်းစရာ - Property Knowledge in Myanmar from iMyanmarHouse.com
1 Jan 2016 2:03 pm တွင် တင်ခဲ့သည်
983 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

အိမ်ပိုင်ရှင်တွေတိုင်းက မိမိတစ်အိမ်လုံးစာ သက်တောင့်သက်သာ အဆင် ပြေပြေနေထိုင်နိုင်မယ့် ပတ်ဝန်းကျင်မျိုးကိုဖန်တီးရင်း၊ ရှာဖွေရင်းနဲ့ အမြဲလို လို အခက်အခဲများကြုံကာ စိတ်ရှုပ်ထွေးနေရပါတယ်။ မိမိနေထိုင်တဲ့အိမ် တွင်းမှာဖြစ်ပေါ်နေတဲ့ ပြဿနာသေးသေးလေးတွေနဲ့ ကြုံရတဲ့အခါ ဖြေရှင်း ရလွယ်ကူပြီး အချို့ကြီးမားတဲ့ ပြဿနာတွေနဲ့ကြုံရတဲ့အခါမျိုးကျတော့ ဖြေရှင်းရခက်ခဲပြီး ကိုယ့်အတွက်အန္တရာယ်တောင် ကျရောက်လာနိုင်ပါ တယ်။ ဥပမာ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေရှိတဲ့ အိမ်မှာတော့ မတော်တဆဖြစ်မှုတွေ မကြာခဏဖြစ်တတ်ပါတယ်။ လှေကားပေါ်ကပြုတ် ကျတာပဲဖြစ်ဖြစ်၊ ရေချိုးခန်းထဲ ချော်လဲတာပဲဖြစ်ဖြစ်၊ သက်ကြီးမိဘတွေကို အိမ်မှာတစ်ယောက် တည်းထားခဲ့ပြီး မီးအသုံးပြုမှုအတွက် သတိမပေးမိတာ တို့၊ စတဲ့နေအိမ်တွင်းဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်တွေများစွာရှိပါတယ်။

ဒါကြောင့်မို့လို့ အိမ်ပိုင်ရှင်တိုင်းသိထားသင့်တဲ့ နေအိမ်တွင်းမှာဖြစ်ပေါ်လာ နိုင်တဲ့ အခက်အခဲ၊ အန္တရာယ်များနဲ့ ကြိုတင်ကာကွယ်နိုင်တဲ့ နည်းလမ်းဖြေ ရှင်းမှုများကို စာဖတ်ပရိတ်သတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

၁။ ကာဗွန်မိုနောက်ဆိုက် ကတော့သင့်အိမ်ရဲ့အတွင်းလူသတ်သမားပါပဲ။ အရောင်မရှိ၊ အနံ့မရှိပဲ လူကိုသေစေနိုင်ပါတယ်။ အခိုးငွေ့များကို များစွာ ရှုရှိုက်သွင်းမိရင် ခေါင်းမူးလာမယ်၊ မူးနောက်နောက်ဖြစ်လာမယ်၊ စိတ်တွေ ရှုပ်ထွေးလာမယ်၊ ပျို့အန်ချင်လာမယ် တို့ဖြစ်ပေါ်လာပြီး နောက်ဆုံးအသက် ပါဆုံးရှုံးလာစေနိုင်ပါတယ်။ ဒီလိုအဆိပ်ပြင်းတဲ့ ကာဗွန်မိုနောက်ဆိုက်ကို သင့်အိမ်တွင်းကားဂိုဒေါင်ထဲက စက်မသတ်ထားတဲ့ ကားတွေ၊ မီးခိုးခေါင်း တိုင်၊ အပူပေးရေပိုက်၊ ဂတ်စ်မီးဖို၊ စိမ့်ထွက်နေတဲ့ အပူပေးစက်အစရှိတဲ့နေ ရာတွေက ထုတ်လွှတ်တာဖြစ်ကာ သတိပြုဆင်ခြင်ပြီး သုံးစွဲနေထိုင်သင့်ပါ တယ်။

၂။ လှေကားပေါ်ကလိမ့်ကျခြင်းနဲ့ ပတ်သက်ပြီး အိမ်တိုင်းကမိသားစုဝင်တိုင်း ကြုံဖူးကြမှာပါ။ လူငယ်ဆို တော်ရုံဘာမှမဖြစ်တတ်ကြပေမယ့် ကလေးငယ်နဲ့ အသက်ကြီးရွယ်အိုတွေမှာတော့များစွာ အန္တရာယ်ရှိပါတယ်။ လှေကားဆယ် ဆင့်မှာ ခြောက်ဆင့်လောက်က ပြုတ်ကျရင်တောင် အသက်သေဆုံးနိုင်ပါ တယ်။ ဒါ့ကြောင့်မို့လို့ လှေကားအတက်အဆင်းအတွက် ဘေးအန္တရာယ်လုံ ခြုံရေးကိုပြုလုပ်သင့်ပါတယ်။ လှေကားအဆင်းအတက်မှာ အလင်းအား ကောင်းကောင်းမီးလုံး၊ မီးချောင်းများတပ်ဆင်ထားခြင်း၊ ခိုင်ခံ့တဲ့ လက်ရန်း၊ လက်ကိုင်တန်းတွေတပ်ဆင်ခြင်း၊ ခလုတ်တိုက်ချော်လဲစေမယ့် အမှိုက်များ၊ ညစ်ပစ်တဲ့အဆီ၊ အရည်များကိုဖယ်ရှားသုတ်သင်ပြီး သန့်သန့် ရှင်းရှင်းထား သင့်ပါတယ်။

၃။လျှပ်စစ်ဝါယာကြိုးများ မှားယွင်းစွာတပ်ဆင် အသုံးပြုခြင်းကြောင့် သင်တို့ ရဲ့နေအိမ်ကို စက္ကန့်ပိုင်းအတွင်းလောင်ကျွမ်းသွားစေနိုင်ပြီး အသက်အန္တ ရာယ်ကိုပါ ဆုံးရှုံးလာစေနိုင်ပါတယ်။ ဝါယာကြိုးခွေများ ပေါက်နေခြင်း၊ ပြတ် တောက်နေခြင်း၊ ဟောင်းနွမ်းပျက်စီးနေခြင်း၊ သက်တမ်းကုန်ဆုံးခြင်းများကို အမြဲလိုလိုစစ်ဆေးမှုများ ပြုလုပ်သင့်ပါတယ်။ ရုတ်တရက်လျှပ်စစ်အန္တရာယ် ပေါ်ပေါက်လာပါကလည်း အိမ်တွင်းအဓိကမိန်း မီးကြိုးကိုဖြုတ်ပြီး လျှပ်စစ် ဓာတ်အားပေးရေး တာဝန်ရှိသူတွေကိုဆက်သွယ်ကာ ပြင်ဆင်မှုများပြုလုပ် သင့်ပါတယ်။

၅။ မီးဘေးအန္တရာယ်ကို ကာကွယ်ဖို့အတွက် ကာကွယ်ရေးပစ္စည်းတွေကို နေအိမ်ရဲ့ နေရာတိုင်းမှာဆောင်ထားသင့်ပါတယ်။ မီးအသုံးပြုတဲ့ မီးဖိုချောင်၊ လူနေခန်း၊ အိပ်ရာ၊ စတိုခန်း အစရှိတဲ့ နေရာတွေမှာ မီးသတ်ဆေးဘူး၊ မီးအ ချက်ပြ၊ မီးဘေးကာကွယ်ရေး ပစ္စည်းများထားရှိသင့်ပါတယ်။

၆။ မှိုနဲ့ ဘက်တီးရီးယားတွေက သင့်အိမ်ရဲ့နေရာတိုင်းမှာရှိပြီး လူတွေကို အ ဆိပ်အတောက်ဖြစ်စေနိုင်ပါတယ်။ ကြာရှည်တဲ့ အစားအစာတွေ၊ ပစ္စည်းတွေ မှာ မှိုများ အများဆုံးပေါက်ပွားပြီး လူ့မျက်လုံးနဲ့လည်းမြင်ရဖို့ ခက်ခဲပါတယ်။ ထို့ကြောင့် ဒိတ်လွန်နေတဲ့ အစားအစာတွေနဲ့ အသုံးအဆောင်တွေကို အိမ် ပတ်ဝန်းကျင်မှာ မထားရှိဖို့နဲ့ ဆက်လက်အသုံးမပြုဖို့လိုအပ်ပါတယ်။

၇။ အိမ်မွေးတိရစ္ဆာန်နဲ့ အင်းဆက် တွေကတော့ လူတွေနဲ့ ရောဂါပိုးကိုအများ ဆုံးထိတွေ့နိုင်စေတဲ့ လမ်းကြောင်းတစ်ခုပါပဲ။ တိရစ္ဆာန်တွေရဲ့ခန္ဓာကိုယ်မှာ ကပ်ပါးနေထိုင်တဲ့ ပိုးမွှားအကောင်တွေက လူတွေအပေါ်ရောက်ရှိလာ ရောဂါ များဖြစ်ပွားလာစေနိုင်ပါတယ်။ ဒါ့ကြောင့်မို့လို့ သင့်အိမ်မှာမွေးထားတဲ့ အိမ် မွေးတိရစ္ဆာန် ကြွက်၊ ကြောင်၊ ခွေး၊ ငှက် နဲ့ အခြားတိရစ္ဆာန်တွေနဲ့ ဝေးရာမှာ နေထိုင်သင့်ပြီး သူတို့ကိုလည်း သန့်သန့်ရှင်းရှင်းထားပေးဖို့လိုပါတယ်။

၈။ ပိုးသတ်ဆေးဝါးများအန္တရာယ်ကလည်း
ကြောက်ဖို့ကောင်းပါတယ်။ ပိုး သတ်ဆေးအမျိုးအစား တစ်ခုကို သောက်သုံးမိသွားခဲ့ရင်တော့ အသက်ရှင် နိုင်ဖို့ ခဲရင်သွားလောက်အောင်ကို အန္တရာယ်ရှိပါတယ်။ အိမ်တွင်းကသတ် ဖို့မလွယ်ကူတဲ့ အင်းဆက်တွေကိုသေစေနိုင်ဖို့ ဓာတုဆေးဝါးများနဲ့ဖော် စပ်ထား ပိုးသတ်ဆေးဝါးပုလင်းတွေကို ကလေးငယ်တွေမြင်သာမယ့် နေရာ တွေ၊ လူအသုံးများတဲ့နေရာတွေနဲ့ ဝေးရာလုံခြုံတဲ့ နေရာတွေမှာထားရှိသင့် ပါတယ်။

၉။ ရေဒီယိုသတ္တုများ၊ ဓာတ်ရောင်ခြည်များ၊ အဆိပ်သင့်ဓာတ်ငွေ့များက သဘာဝအလျှောက်ဖြစ်ပေါ်ခြင်းနဲ့ လူလုပ်ခြင်းတို့ကနေ ပေါ်ပေါက်လာ ပြီး သင့်အိမ်ပတ်ဝန်းကျင်ကို ဆိုးရွားစွာဖျက်စီးပစ်နိုင်တာကြောင့် သတိထား ဆင်ခြင်ပြီးနေထိုင်သင့်ပါတယ်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service