အိမ်မြေ၀ယ်လျှင် အထူး သတိပြုရမည့် စာရွက်စာတမ်း အတုများ

အိမ်မြေ၀ယ်လျှင် အထူး သတိပြုရမည့် စာရွက်စာတမ်း အတုများ - Property Knowledge in Myanmar from iMyanmarHouse.com
16 Dec 2015 11:24 am တွင် တင်ခဲ့သည်
6439 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

တစ်နေ့က နေ့စဉ်ထုတ် သတင်းစာတစ်စောင်ထဲမှာ တရားမဝင် မြေရောင်း မြေဝယ်တွေ ပေါ်ပေါက်နေတယ်လို့ ဖတ်လိုက်ရတယ်'' ဟု မိတ်ဆွေတစ်ဦးက စတင် ဆွေးနွေးလာပါသည်။

''ဟုတ်တယ်။ ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေမှာ မြို့ပြလူဦးရေ ထူထပ်လာကြတော့ မြို့ပြ ဆင်ခြေဖုံး နေရာတွေကို တရားမဝင် ကျူးကျော်နေထိုင်သူတွေ များလာကြတယ်။ တချို့နေရာဆိုရင် ရွာကြီးတစ်ရွာအခြေအနေမျိုး ရောက်နေကြတယ်''

''နိုင်ငံတော်အစိုးရကတော့ မြို့ပြစီမံကိန်းတွေ လုပ်ပေးနေတယ် မဟုတ်လား''

''အဲဒီ မြို့ပြစီမံကိန်းနဲ့ နီးတယ်ဆိုပြီး အကြောင်းပြချက်နဲ့ အားနည်းချက်ကိုရယူပြီး အရောင်းအဝယ် တရားမဝင်လုပ်နေကြတာပဲ။ အခုဆိုရင် နိုင်ငံတော်က ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆင်းရဲနွမ်းပါး လျှော့ချရေးကို အလေးထားတဲ့အနေနဲ့ ကျေးရွာ မြေငှားဂရန် ထုတ်ပေးနိုင်ရေး အထူးလုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းလို့ မြေငှားဂရန်တွေ ထုတ်ပေးနေတယ်လေ''

''မြေခွန်ပြေစာအတုတွေ ပေါ်နေဆိုလားပဲ''ဟု မိတ်ဆွေက ပြောပြန်သည်။

''အတုကတော့ မြေခွန်ပြေစာတစ်ခုတည်း မဟုတ်ဘူး။ မြေချပါမစ် အတု၊ မြေဂရန် အတုတွေ လည်းရှိတာပဲ''

''အဲဒါ ဘယ်လိုခွဲခြားမလဲ''

''အဲဒါ ဘယ်လိုခွဲခြားမလဲ ဆိုတော့ ငွေစက္ကူလို အတုအစစ် ခွဲခြားလို့ရတဲ့ စာရွက်နမူနာပုံစံတော့ မရှိဘူးပေါ့။ ဒါပေမယ့် ဒီမြေကွက်ပြေစာကို ထုတ်ပေးတယ်ဆိုတဲ့ သက်ဆိုင်ရာရုံးဌာနကို မေးမြန်းစုံစမ်းလို့ရတယ်''

''မြေကိုဝယ်မယ်ဆိုရင် မြေစာရင်းဦးစီးဌာနကို စုံစမ်းရမယ်ပေါ့ ဟုတ်လား''

''ကျေးရွာနဲ့ မြို့ပြဆင်ခြေဖုံးနေရာတွေမှာတော့ နီးစပ်ရာ မြေစာရင်းဦးစီးဌာနမှာ စုံစမ်းလို့ ရတယ်။ မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာန၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ စတဲ့ တရားဝင်ဌာနဆိုင်ရာတွေမှာ သွားရောက်စုံစမ်းပြီး ခိုင်မာတယ်ဆိုမှ ဝယ်သင့်တယ်''

''ဒါဆိုရင် သက်ဆိုင်ရာဌာနက အတု၊အစစ် ခွဲခြားပေးတယ်ပေါ့''

''ဒီသဘောပေါ့လေ၊ တင်ပြတဲ့ မြေကွက်ပြေစာ၊ မြေကွက်ရဲ့ မြေချပါမစ်၊
မြေဂရန်တွေဟာ သက်ဆိုင်ရာဌာနက ထုတ်ပေးခဲ့ခြင်း ရှိ၊မရှိ စိစစ်ပေးတယ်''

''သက်ဆိုင်ရာဌာနက ထုတ်ပေးတဲ့ စာရွက်စာတမ်း မဟုတ်ရင် လက်ဝယ်ရှိသူမှာ အပြစ်ရှိသလား''

''မှန်ကန်တဲ့ စာရွက်စာတမ်း မဟုတ်မှန်းသိလျက်နဲ့ မြေကွက်ကို အကြောင်းပြရောင်းမယ်ဆိုရင် အပြစ်ရှိသွားမှာပေါ့။ လွန်ခဲ့တဲ့ ၅ နှစ်လောက်က ဖြစ်မယ် ထင်တယ်။ မိတ်ဆွေတစ်ဦးက ရန်ကုန်မြို့ပြဆင်ခြေဖုံးမြို့နယ်တစ်ခုမှ မြေဂရန်ရှိပြီး မြေကွက်တစ်ကွက်ကိုဝယ်လိုက်တယ်။ နောက်မှာ မြေကွက်
သွားကြည့်တော့ အခြားလူတွေနေကြတာကို တွေ့ရတယ်။ ဒါနဲ့ မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာနသို့ သွားပြီးစုံစမ်းတော့ ဒီမြေဂရန်ဟာ မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာနက ထုတ်ပေးထားတဲ့ မြေဂရန်စာချုပ် မဟုတ်ဘူးလို့ ပြန်ကြားစာ ရခဲ့တယ်။ ဒီမှာပဲ သူ့ကို လိမ်လည်ရောင်းချတယ်ဆိုပြီးတရားစွဲလို့ ရောင်းချသူတွေ
ထောင်ဒဏ်ကျခံခဲ့ရတယ်။ ဒါကြောင့် သိလျက်နဲ့ ရောင်းရင်တော့ အပြစ်ရှိမှာဖြစ်တယ်''

''လိမ်လည်ရောင်းသွားတဲ့ သူကို ရှာမတွေ့ရင် ဘယ်လိုလုပ်မလဲ''

''လိမ်လည်ရောင်းသွားတဲ့ သူကို ရှာမတွေ့ရင်တော့ ဝယ်သူက အဆုံးရှုံးခံရမှာပေါ့''

''မြေချပါမစ် ၂ ခု ထပ်နေမယ်၊ မြေဂရန် ၂ ခု ထပ်နေရင် သက်ဆိုင်ရာဌာနက ဘယ်သူ့ကို တရားဝင်အသိအမှတ်ပြုမလဲ''

''ဒါလည်း မကြာခဏဖြစ်တတ်တဲ့ ကိစ္စပဲ။ မြေချပါမစ် ၂ ခု၊ မြေဂရန် ၂ ခု ထပ်နေမယ်ဆိုရင် သက်ဆိုင်ရာဌာနက စိစစ်ပြီး အမှန်တကယ်ထုတ်ပေးထားတဲ့ စာရွက်စာတမ်းကို အတည်ပြုကြောင်းနဲ့ မမှန်မကန်ရယူထားတဲ့ စာရွက်စာတမ်းကို ပယ်ဖျက်ကြောင်း ကြေညာ မှတ်တမ်းတင်ပေးမှာဖြစ်တယ်''

''ဒီလိုဆိုတော့လည်း မြေမဝယ်မီမှာ သေချာစုံစမ်းသင့်တယ်''

''ဟုတ်တယ်၊ ဒါနဲ့ပတ်သက်လို့ ဗဟုသုတအဖြစ် ပြောရရင် နေ့စဉ်ထုတ် သတင်းစာတစ်စောင်မှာ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက အများသိစေရန် ကြေညာချက် ထုတ်ပြန်ပေးတာမျိုး ရှိတယ်''

မြို့နယ် မြေတိုင်းရပ်ကွက် အမှတ် (x)၊ မြေကွက်အမှတ် (xx) အား ဦး ... အမည်ပေါက် မြေချပါမစ် တင်ပြပြီး၊ ဦး ... မှ အမှုတွဲအမှတ်(x)ဖြင့်ဂရန်လျှောက်ထားရာ မြေငှားစာချုပ်အ
မှတ်ဖြင့် (xxx)နေ့တွင် ၎င်းအမည်ပေါက် မြေငှားစာချုပ်(ဂရန်) ထုတ်ယူသွားပြီး ဖြစ်ပါသည်။

အဆိုပါ မြေကွက်ကိုပင် ပါမစ်အမည်ပေါက်ဦး ... ထဲမှ ဝယ်ယူထားသူ ဒေါ် ... မှ ပါမစ်မူရင်း တင်ပြ၍ ဂရန်သစ် လျှောက်ထားလာသည်။

မြေကွက်တစ်ကွက်တည်းကို မြေချပါမစ် ၂ စောင် ထွက်နေသဖြင့် မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနသို့ အတည်ပြုမေးမြန်းခဲ့ရာ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ ပထမ ဦး ... တင်ပြသော မြေချပါမစ်မှာ ၎င်းဦးစီးဌာနမှ ထုတ်ပေးထားသောပါမစ်မဟုတ်ကြောင်း ပြန်ကြားလာသဖြင့် ဦး ... ထံသို့ ထုတ်ယူသွားသော မြေငှားစာချုပ်မူရင်းအား ဌာနသို့ ပြန်လည်အပ်နှံရန် ၃ ကြိမ်တိုင်တိုင် အကြောင်းကြားပြီးဖြစ်သော်လည်း ဌာနသို့ လာရောက်အပ်နှံခြင်းမရှိပါသဖြင့် မြေဂရန် လျှောက်ထားရယူသွားသော မြေငှားစာချုပ်အမှတ် (x) ဦး ... အမည်ပေါက် မြေငှားစာချုပ် ဂရန်စာအုပ်အား မြို့မြေစာရင်းမှ ပယ်ဖျက်ပြီးကြောင်း အသိပေး ကြော်ငြာအပ်ပါသည်'' လို့ ဖော်ပြ ကြော်ငြာပေးပါတယ်''

''ဒါဆို အဝယ်မမှားအောင် သေချာစိစစ်ဖို့ လိုပြီပေါ့''

''မှန်တယ် သူငယ်ချင်း၊ ခိုင်မာတဲ့ အထောက်အထား ဟုတ်၊မဟုတ် သေချာစုံစမ်းစစ်ဆေးပြီးမှ ဝယ်သင့်တယ်။ ဒါမှမဟုတ်ရင် ဆုံးရှုံးမှုများနဲ့ ရင်ဆိုင်နိုင်ပြီး မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်ပေါ်လာနိုင်လို့ မြေနဲ့ အိမ်ကိုဝယ်ရင် အထူးသတိပြုသင့်တယ် သူငယ်ချင်း''

Credit: ဈေးကွက်ဂျာနယ်

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service