မန္တလေးတိုင်းဒေသ ကြီးအတွင်း သိမ်းဆည်းမြေဧက သုံးသောင်းကျော် ပြန်လည်စွန့် လွှတ်ပေးခဲ့ပြီး ဆက်လက်၍ မြေ ယာအရေးကိစ္စနှင့် ပတ်သက်သည့် တိုင်ကြားစာ ၁၀၀ ကျော် ကို ဖြေရှင်းပေးနိုင်ရန် စိစစ်နေ ကြောင်း မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်က ပြောကြားသည်။
တိုင်းဒေသကြီးအတွင်း မြေ ယာသိမ်းဆည်းခံရမှုများနှင့် ပတ် သက်၍ စုံစမ်းစစ်ဆေးရေးကော်မ ရှင်နှင့် သီးခြားတင်ပြလာသည့် မြေယာကိစ္စပေါင်း ၂,၀၀၀ ကျော်ရှိကာ ယင်းတိုင်ကြားတင်ပြလာမှု များမှ မြေယာကိစ္စ ၁,၉၀၀ ကျော် ကို စိစစ်ပြီး စုစုပေါင်း မြေဧက သုံးသောင်းကျော် ပြန်လည်စွန့် လွှတ်ခဲ့ခြင်းဖြစ်သည်ဟု ၀န်ကြီးချုပ် ဦးရဲမြင့်က ဒီဇင်ဘာ ၃ ရက်တွင်ပြုလုပ်သည့် မန္တလေးတိုင်းဒေသ ကြီးလွှတ်တော်အစည်းအဝေး၌ ပြောကြားသည်။
တစ်စိတ်တစ်ဒေသ စွန့်လွှတ်ခြင်း မြေ ၁၄,၁၃၅ ဧကကျော်နှင့် အားလုံးစွန့်လွှတ်ခြင်း မြေ ၁၆,၀၁၇ ဧကကျော် စုစုပေါင်းမြေ၃၀,၁၅၂ဧကကျော် ပြန်လည်စွန့်လွှတ်ပြီးဖြစ်သည်ဟုဆိုသည်။ဆက်လက်၍စုံစမ်းရေးကော်မရှင်က ပေးပို့လာသည့် တိုင်ကြားစာ ၁၁၀ကျော်နှင့် သီးခြားတင်ပြလာသည့် မြေယာပြဿနာ ၃၀ ကျော်တို့ကို ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန်
စိစစ်နေဆဲဖြစ်သည်ဟု ၀န်ကြီးချုပ် ဦးရဲမြင့်က ဆိုသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ် အပါအ၀င် အစိုးရတာဝန်ရှိသူအ ချို့က မြေယာများပြန်လည်စွန့် လွှတ်ပေးနေသည်ဟု ဆိုသော်လည်း မြေသိမ်းခံတောင်သူအများစုသည် မြေပြန်မရသေးဟု မန္တလေးတိုင်းဒေသကြီးရှိ လယ်သမားအရေး
ကူညီဆောင်ရွက်ပေး နေသူများက ပြောသည်။
ပြင်ဦးလွင်မြို့နယ် ဇီးပင်ကြီး ကျေးရွာတွင် ဇီးပင်ကြီးဗဟိုဝန် ထမ်းတက္ကသိုလ်၊ ဌာနဆိုင်ရာ ကျောင်းနှင့် ရုံးခန်းများ တည် ဆောက်ရန်၁၉၉၆မှစတင်ကာ မြေဧက ထောင်ချီသိမ်းဆည်းခံခဲ့ရပြီး ပြီးခဲ့သည့် သြဂုတ်အတွင်းက သိမ်းဆည်းခံမြေများအနက် ဧက ၁၅၀ ကျော် ပြန်လည်စွန့်လွှတ်ပေးမည်ဟု တိုင်းဒေသကြီးဝန်ကြီးချုပ်ကကတိပြုပြောကြားခဲ့သော်လည်း ယနေ့အချိန်ထိ မြေယာများပြန်လည်ရရှိခြင်းမရှိသေးကြောင်း ဇီးပင်ကြီးကျေးရွာမှ မြေယာအရေး ဆောင်ရွက်နေသူ
မသန္တာကျော်က ပြောသည်။
‘‘သိမ်းဆည်းမြေရဲ့ အစွန်း ထွက်လေးပါ။ ဧက ၁၅၀ လောက်ပြန်ပေးမယ်လို့ ပြောတယ်။ ဒါပေ မဲ့ အခုအချိန်ထိ လုံးဝပြန်မရသေး ဘူးဖြစ်နေတယ်’’ဟု မသန္တာကျော်က ပြောသည်။
မြေအသုံးချမှု စီမံခန့်ခွဲရေး ဗဟိုကော်မတီက နိုဝင်ဘာ ၃၀ ရက်စွဲဖြင့် ထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်တွင် မန္တလေးတိုင်း ဒေသကြီးအတွင်း မြေယာသိမ်း ဆည်းခံရမှုများနှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်မြေယာ နှင့်အခြားမြေများ သိမ်းဆည်းခံရ မှုများကြောင့် ပြည်သူများ နစ်နာ မှုမရှိစေရေး စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာ အပိုင်း (၁) မှ (၁၅)အထိ ပေးပို့လာသည့် တိုင်ကြားစာ ၁,၇၀၀ ကျော်နှင့် သီးခြားတင်ပြလာသည့် မြေယာကိစ္စ ၃၅၀ ကျော် စုစုပေါင်း မြေယာပြဿနာတိုင်ကြားစာ ၂,၀၀၀ ကျော်ရှိသည်ဟု ဆိုသည်။ ယင်းတိုင်ကြားစာများထဲမှ စုစုပေါင်း ၁,၉၀၀ ကျော်ကို စိစစ်ဖြေရှင်းပြီးဖြစ်ပြီး စုစုပေါင်းမြေဧကသုံးသောင်းကျော်ကို ပြန်လည်စွန့်လွှတ်မည်ဟု ဆိုသည်။
သို့သော် စွန့်လွှတ်မြေဧက သုံးသောင်းကျော်တွင် မြေဧက တစ်သောင်းခြောက်ထောင်ကျော်ကိုသာ တောင်သူလယ်သမားများထံ လွှဲပြောင်းပေးထားပြီး စွန့်လွှတ်မြေဧက တစ်သောင်းသုံးထောင်ကျော်မှာ တောင်သူလယ်သမား များထံလွှဲပြောင်းပေးရန် ကျန်ရှိ နေဆဲဖြစ်သည်ဟု မြေအသုံးချမှု စီမံခန့်ခွဲရေးဗဟိုကော်မတီ သတင်းထုတ်ပြန်ချက်တွင်
ဖော်ပြထားသည်။
Credit: 7Daydaily