ဆောက်လုပ်ရေးအသင်းပိုင် မြေနေရာတွင် အဆောက်အအုံများ ဆောက်ရန် ပြည်ပလုပ်ငန်းရှင်များ ကမ်းလှမ်းမှုများ ရှိလာ

ဆောက်လုပ်ရေးအသင်းပိုင် မြေနေရာတွင် အဆောက်အအုံများ ဆောက်ရန် ပြည်ပလုပ်ငန်းရှင်များ ကမ်းလှမ်းမှုများ ရှိလာ - Property News in Myanmar from iMyanmarHouse.com
4 Dec 2015 9:58 am တွင် တင်ခဲ့သည်
1214 ကြိမ် ကြည့်ရှု့ပြီး
သင်္ဃန်းကျွန်းမြို့နယ်၊ ဝေဇယန္တာလမ်းနှင့် သံသုမာ လမ်းထောင့်ရှိ အကျယ်အ၀န်းနှစ်ဧက ကျော်ကျယ် ၀န်း သည့် မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင် များအသင်းပိုင် မြေနေရာပေါ်တွင် အထပ်မြင့် အဆောက် အအုံများ၊ ဈေးဝယ်စင်တာများ ပါဝင်သည့် Mixusecomplex အဆောက်အအုံများ ဆောက်လုပ်ရန် ပြည်ပလုပ်ငန်းရှင်များကကမ်းလှမ်းမှုများရှိလာကြောင်း မြန်မာနိုင်ငံ ဆောက် လုပ်ရေး ဆိုင်ရာလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌဦးသာဌေးက
ပြောသည်။

"ဒီမြေနေရာကို development လုပ်ချင်တဲ့ သူတွေက လာပြီးကမ်းလှမ်းတာတွေရှိနေ ပါတယ်။ သူတို့ပေးမယ့် အကျိုးအမြတ်ကတော့ ဒေါ်လာသန်း ၃၀ ကို ငွေသား
အဖြစ် အလိုက်ပေးမယ့်အပြင် ထွတ်လာမယ့် အခန်း တွေရဲ့ ၃၀ ရာခိုင်နှုန်းကိုလည်းအချိုးကျရမှာ ဖြစ်ပါတယ်။ အသင်းပိုင်မြေ ဖြစ်တဲ့အတွက် ကြောင့်လည်း အသင်းသားစုံညီအစည်း အဝေးခေါ်ယူပြီး အတည်ပြုပြီးမှသာ တည် ဆောက်ရေး လုပ်ငန်းတွေကို
လုပ်ကိုင်သွား မှာ ဖြစ်ပါတယ်" ဟု ၎င်းကပြောသည်။

နိုဝင်ဘာ ၂၈ ရက်တွင် မြန်မာကွန်ဗင်းရှင်း စင်တာ၌ ကျင်းပပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင် များအသင်း၏ အသင်းသားစုံညီ အထူးအစည်းအဝေးပွဲတွင် ၎င်းကထည့်သွင်း ပြော ကြားခဲ့ခြင်း ဖြစ်သည်။

ယင်းမြေနေရာကိုမြန်မာနိုင်ငံ ဆောက် လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းက ၁၉၉၆ ခုနှစ်ကစ၍
ရရှိခဲ့ခြင်းဖြစ်သည်။ ၁၉၉၈ ခုနှစ်ကစ၍ အဆောက် အအုံ ဆောက်လုပ်ခြင်း။ ခြံစည်းရိုးကာရံခြင်း များ လုပ်ဆောင် ပြီး အသင်း၏ လုပ်ငန်းများကို ယင်းနေရာတွင် စတင်လည်ပတ်ခဲ့ခြင်းဖြစ်သည်။

ပြည်တွင်းဆောက်လုပ်ရေး လုပ်ငန်းများ တိုးတက် လာစေရန်ရည်ရွယ်ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံ ဆောက်လုပ်ရေး ဆိုင်ရာ လုပ်ငန်း ရှင်များအသင်းတွင် အသင်းဝင် စုစုပေါင်း၃,၀၀၀ ကျော်ရှိပြီး ပြည်နယ်နှင့် တိုင်းဒေသ ကြီးများတွင်ပါ ရုံးခွဲများဖွင့်လှစ်နိုင်ရန် လုပ်ဆောင်နေ ဆဲဖြစ်သည်။

သာကေတ၊ သင်္ဃန်းကျွန်း၊ တာမွေမြို့နယ် တို့အနီး သွားလာရေးလွယ်ကူ အဆင်ပြေစေသည့် ယင်းအသင်းပိုင်မြေနေရာကို ၁၉၉၆ ခုနှစ်ကစတင်၍
နိုင်ငံတော်က မြေနေရာချထားပေးခဲ့ပြီး အဆောက်အအုံများ ဆောက်လုပ် ခဲ့ပြီးဖြစ်
သည်။

ကြားကာလအတွင်း အစိုးရ အဆက်ဆက် ပြောင်းလဲသွားခဲ့သော်လည်း
ပိုင်ဆိုင်မှုဆိုင်ရာ အထောက်အထားများဖြစ် သည့် မြေချပါမစ်၊ စလစ်၊ မြေငှားစာချုပ်များ
မရှိသေးသည့်အတွက် တရားဝင် အထောက် အထားတစ်ခုဖြစ်သည့် မြေငှားစာချုပ်
ဂရန် ရရှိနိုင်ရန်ပြန်လည် ကြိုးစားလုပ်ဆောင်ခဲ့ရ ကြောင်း ဦးသာဌေးက ပြောသည်။

မကြာ သေးမီက ယင်းမြေနေရာအတွက် မြေဂရန် ရရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်းက
အစည်းအဝေး တွင် ထည့်သွင်းပြောကြားခဲ့သည်။ တရုတ်၊ ကိုရီးယားနှင့် ဂျပန်လုပ်ငန်းရှင်
များက ယင်းမြေနေရာပေါ်တွင် ဖွံ့ဖြိုးရေး စီမံကိန်းများ ပြုလုပ်ရန် အဆိုပြုတင်ပြ
လာခြင်းဖြစ်ပြီး စီမံကိန်းတန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၂၀၀ အထိ တန်ကြေးရှိသည့်
အပြင် အသင်းသားများ၏ သဘောတူညီချက် ဖြင့် ယင်းစီမံကိန်းကို ဆောက်လုပ်ခွင့်ပြု
မည် ဆိုပါကလည်း ကနဦး နှစ် ၅၀၊ ထပ်တိုး ၁၀ နှစ်၊ နှစ်ကြိမ် စုစုပေါင်း နှစ်ပေါင်း ၇၀
သဘောတူစာချုပ်ဖြင့် မြေငှားရမ်းပေးသွား မည်ဖြစ်သည်။

Build operate Tranfer (BOT ) စနစ်ဖြင့် အကျိုးတူ လုပ်ကိုင်မည်ဖြစ်ပြီး အသင်း
၏ ရေရှည်အကျိုးစီးပွားအတွက် အသင့်တော်ဆုံး အဖွဲ့ဖြင့်သာ လက်တွဲလုပ်ကိုင်သွား
ရန်ရည်ရွယ်ထားကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း၏ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးကျော်ကျော်စိုးက မြန်မာတိုင်း(မ်)နှင့်
သီးခြားတွေ့ဆုံစဉ် ပြောသည်။

"ရှေ့နှစ် မေ၊ ဇွန်လောက်မှာ ပြုလုပ်တဲ့ အထူးအစည်း
အဝေးမှာ ဆုံးဖြတ်ပြီးရင် စီမံကိန်းလုပ်ငန်းတွေကို ၂၀၁၆ ဒီဇင်ဘာလ လောက်မှာစပြီးလုပ်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ဘယ်နိုင်ငံကအဖွဲ့ကို ပေးမယ်ဆိုတာတော့မဆုံးဖြတ်သေးပေမယ့် ကမ်းလှမ်း လာတဲ့ အဆိုပြုချက်တွေကိုကြည့်ပြီး ဆုံးဖြတ်သွား
မှာပါ။ နိုင်ငံငါးနိုင်ငံကနေ အဖွဲ့ ရှစ်ဖွဲ့ လာကမ်းလှမ်းထားတာတော့ ရှိနေပါတယ်။

ဥက္ကဋ္ဌကြီး အခုအစည်းအဝေးမှာ ပြောသွားတဲ့ ဒေါ်လာသန်း ၃၀ အသားတင်ငွေသားရယ်၊
အခန်းရဲ့၃၀ရာခိုင်နှုန်းရယ် ပြန်ပေးမယ်လို့ ပြောတာကတော့ ဂျပန်အဖွဲ့ ဖြစ်မယ်ထင်ပါတယ်။ ရှိတဲ့မြေနှစ်ဧကလုံးကို အကုန်မဆောက်ပါဘူး။ တစ်ဧကခွဲလောက် ကိုပဲ
အဆောက်အအုံဆောက်ဖို့ သုံးသွားမှာပါ။ ၃၄ ထပ်အထိမြင့်တဲ့ လူနေ အဆောက်
အအုံတွေပါ ထည့်သွင်းတည်ဆောက်မှာ ဖြစ်ပါတယ်"ဟု ၎င်းကပြောသည်။

ထို့ပြင် မြန်မာနိုင်ငံ ဆောက်လုပ်ရေး ဆိုင်ရာ လုပ်ငန်းရှင်များ အသင်းအတွက်နေပြည်တော် ဟိုတယ်ဇုန်အနီးတွင် ရရှိထား သည့် မြေဧက ငါးဧက ပေါ်တွင်လည်း
ဖွံ့ဖြိုး ရေး စီမံကိန်းလုပ်လိုသည့် ပြည်တွင်း ပြည်ပ အဖွဲ့အစည်းအချို့၏ အကျိုးတူ
ပူးပေါင်း လုပ်ဆောင်လိုသည့် ကမ်းလှမ်းမှုများ ရှိလာ နေကြောင်း အသင်းဥက္ကဋ္ဌဦးသာဌေးက ပြောသည်။ သို့သော် ယင်းမြေနေရာပေါ်တွင် ဆောက်လုပ်ရေးလုပ်ငန်း
များနှင့် သက်ဆိုင် သည့် သင်တန်းများ ဖွင့်လှစ်သင်ကြားပေး မည့် သင်တန်းကျောင်းများတည်ဆောက် ရန်လျာထားကြောင်း ၎င်းကပြောသည်။

Credit: MyanmarTimes

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service