ဂရန်ကြောင့် တိုင်ပတ်ကြသူများ

ဂရန်ကြောင့် တိုင်ပတ်ကြသူများ - Property Knowledge in Myanmar from iMyanmarHouse.com
3 Dec 2015 11:16 am တွင် တင်ခဲ့သည်
9137 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

ခွဲခြမ်းပြီး ရောင်းချတဲ့ မြေကွက်တွေနဲ.အကွက်သစ်ရိုက်ပြီး
ရောင်းချတဲ့ မြေကွက်တွေ ဝယ်ယူထားတဲ့ သူတချို.မှာ ဂရန်အမည်(ခြံအမှတ်) လွဲမှားကြတာတွေရှိ သလိုအကွက်ကျယ်ဖြစ်ဖို. ပြန်ဝယ်ရာမှာလည်း ခြံတစ်ကွက်တည်းမရရှိတဲ့ ပြဿသာနာတွေ ဖြစ်ပေါ်နေတယ်လို. သိရပါတယ်။

‘ဝယ်တုန်းကတော့ ဂရန်ကောစာချုပ်ကော အမှန်ပဲ၊ ကိုယ်တွေက အိမ်ပြန်ပြင်လို. ခြံခတ်တော့မှ စည်ပင်ကို မြေအကျယ်အဝန်းတိုင်းခိုင်းတော့မှ
ကိုယ့်အိမ်က ဂရန်က ဘေးအိမ်နံပါတ်မှန်း သိရတယ်။ ဘေးအိမ်နဲ.က ခင်နေတော့ ဒီအတိုင်းပဲ အရောင်းအဝယ် စာချုပ်နဲ. အကုန်လုံးကို မူလဝယ်ထားတဲ့ ပိုင်ရှင်နဲ. ပြန်ရှင်းရတယ်’ လို. တောင်ဒဂုံ(၂၀)(က) ရပ်ကွက်မှာ ပေ၂၀ x ပေ ၆၀ အိမ်ဝယ်ယူတဲ့ မတင်အေးကြည်က သူ.အဖြစ်အပျက်ကို ရှင်းပြပါတယ်။

ရှင်းမရလို. ဖြိုရတယ်။

သည်လို ပြဿနာတွေ ဖြစ်ပေါ်ရတဲ့ မြေတွေကတော့ မြေပိုင်ရှင်တစ်ဦးတည်းက အိမ်ကို အစိုးရက ချပေးတဲ့ ပေ၄၀ xပေ၆၀၊ နှစ်ကွက်ခွဲပြီး (A)(B), (က)(ခ)ခွဲရောင်းတဲ့ အကွက်တွေပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အစိုးရက လယ်ကွင်းနဲ. မြို.သစ်တည်ဆောက်မှုတွေမှာ အကွက်အများကြီးကို နံပါတ် အစဉ်လိုက် တစ်ခါတည်း ဝယ်ယူထားပြီးတစ်ကွက်ချင်း ပြန်ရောင်းတဲ့အခါမှာလည်း မြေကွက်အမှတ်နဲ.ဂရန်ပေါက်မြေကွက်နံပါတ်လွှဲမှားနေတဲ့
ပြဿသာနာတွေ ရှိနေပါတယ်။

တချို.အကွက်သစ်ချတဲ့ မြေကွက်တွေမှာ အဆောက်အအုံ မှားယွင်းဆောက်လုပ်မိတဲ့ ပြဿသာနာတွေမှာတော့ တကယ်မြေပိုင်ရှင်က ငွေကြေးအဆမတန်
တောင်းဆိုမှုကြောင့် တစ်တိုက်လုံး ဖြိုဖျက်ပေးလိုက်ရတဲ့ ပြဿသာနာတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။ သည်လို ပြဿသာနာနေတွေမှာ ပျဉ်ထောင်အိမ်ဆောက်လုပ်ထားသူတွေအတွက် အရွှေ.အပြောင်းက ပြဿသာနာမရှိပေမဲ့ တိုက်အိမ်ပတ်ကားဆောက်လုပ်သူတွေ အတွက်တော့ ဆုံးရှုံးနစ်နာမှုကြီးတယ်လို. သိရပါတယ်။

‘တချို.မြေပိုင်ရှင်တွေက တိုက်အိမ်ဆောက်ထားတဲ့ ဈေးလောက်ကို လိုချင်ကြတာ၊ အမှန်ဆို မြေကွက်ထက် အမြတ်ကို ကြည့်တော့ ညှိနှိုင်းမရလို. အဆုံးခံဖြိုတာတွေလဲရှိတယ်။ အမှန်ဆို ဘေးချင်းကပ်မြေကွက်ချင်းလဲလို. အဲဒီလောက်ကြီး မထိခိုက်ဘဲ အမြတ်ရှာကြတာ’ လို. အိမ်ခြံမြေ အကျိုးဆောင် ကိုသစ္စာက ပြောပါတယ်။

သည်လို မြေကွက်နေရာနဲ. အမည်ပေါက် နာမည်လွဲခဲ့တဲ့ ပြဿနာတွေဟာ အဆောက်အအုံဆောက်လုပ်တဲ့အခါ ပုံစံတင်မှုထက် ခြံစည်းရိုးခတ်ဖို. ဌာနက မြေလာတိုင်းတဲ့အခါမှ သိရှိကြတာ များတယ်လို. သိရတယ်။

ရောင်းပေမဲ့ ဝယ်ဖို.ခက်နေ

သည်လို(က)(ခ)ခွဲရောင်းတဲ့ မြေကွက်တွေမှာ အိမ်နံပါတ်ကွဲလွဲတာကြောင့် တစ်ခြံတည်း မြေကွက်ကျယ်လိုချင်တဲ့ ဝယ်လက်အနေနဲ. အခက်ကြုံရတဲ့ ပြဿနာတွေလည်း ရှိပါတယ်။

‘ကိုယ့်အိမ်နံပါတ်က ၃(က)ဝယ်ထားလို. ဘေးက ရောင်းတဲ့အိမ်ကို ဝယ်ချင်ပေမဲ့ ဘေးချင်းကပ်ကို သူက ၂(ခ) ဖြစ်လို. ဂရန် တစ်ခုတည်း လျှောက်ဖို.ခက်လို. မဝယ်ဖြစ်တာ၊ အစက ပေ၂၀ x ပေ ၆၀ ဖြစ်ပေမဲ့ ပေ ၄၀ x ပေ ၆၀ လိုချင်လို. ချဲ.ဝယ်တဲ့အခါ လိုချင်တာကို ဝယ်မရလို. ဈေးပိုပေးဝယ်ရတာ’ လို. တောင်ဒဂုံမြို.နယ် မှာနေတဲ့ ဒေါ်ရင်ရင်သန်းက ပြောပါတယ်။

တချို.မြေကွက်တွေမှာ ဘေးချင်းကပ်အိမ်တွေ
ရောင်းဝယ်ကြပေမဲ့ နံပါတ်မတူညီတဲ့ ပြဿသာနာတွေကြောင့် သက်ဆိုင်ရာဌာနမှာ ဂရန်အမည်ပြောင်းလုပ်တဲ့အခါ နှစ်ခါပြန်အချိန်ကြာတာတွေ ဖြစ်ပေါ်ရပါတယ်။ ဒါကြောင့် ဂရန်မြေတစ်ခုတည်းကို (က)(ခ) ခွဲခြမ်းပြီး ရောင်းချတဲ့ အိမ်တွေကို ဝယ်ယူသူတွေ အနေနဲ. မိမိဝယ်ယူထားတဲ့ မြေစာရင်းကို သက်ဆိုင်ရာဌာနမှာ စစ်ဆေးရုံသာမက မြေကွက်ကိုပါ ကွင်းဆင်းတိုင်းတာပြီး အမည်နဲ. မြေကွက် မှန်မမှန် စစ်ဆေးသင့်တယ်လို. သိရပါတယ်။

သည်လို ပြဿနာတွေဟာ ခိုင်ခန်.ပြီး ရွှေ.ပြောင်းမရတဲ့ အဆောက်အအုံတွေ ဆောက်လုပ်မိပြီး အကွက်မှန်ကို ပြန်မလဲနိုင်ပါက ဆုံးရှုံးနစ်နာမှု ကြီးနိုင်ပါတယ်။ သည်လို ပြဿနာအများစုကတော့ မြေကွက်ကို ခွဲခြမ်းရောင်းချတဲ့ မြို.နယ်တွေနဲ. မြေကွက်အသစ်တွေကို အကွက်ရိုက်ကာ စတင်ပေးတဲ့ မြို.သစ်တွေမှာ အဖြစ်များတယ်လို. သိရပါတယ်။

Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service