အောင်လံနှင့် ဆင်ပေါင်ဝဲတွင် ယာမြေများ ဈေးကောင်းနေ

အောင်လံနှင့် ဆင်ပေါင်ဝဲတွင် ယာမြေများ ဈေးကောင်းနေ - Property News in Myanmar from iMyanmarHouse.com
2 Dec 2015 10:39 am တွင် တင်ခဲ့သည်
1521 ကြိမ် ကြည့်ရှု့ပြီး
မကွေးတိုင်း အောင်လံနှင့် ဆင်ပေါင်ဝဲမြို့နယ်များရှိ လမ်းမကြီးနံဘေးတွင် တည်ရှိသော ယာကွက်များကို ဈေးကောင်းပေး ဝယ်ယူမှုများ ရှိနေကြောင်း သတင်းရရှိသည်။

ရန်ကုန်-ပြည်-မကွေး ကားလမ်းမကြီးဘေး ဝဲယာမှ ယာခင်း အကွက်များကို ရွာနှင့်ဝေးပါက မြေနေရာ အနေအထားပေါ်မူတည်၍ တစ်ဧကလျှင် ကျပ် ၂ သိန်းမှ ၅ သိန်းခန့်နှင့်ရွာနှင့်နီးပါက ပေအတိုင်းအတာအလိုက်
ဈေးကောင်းပေးဝယ်ယူနေခြင်း ဖြစ်သည်။

‘‘ရွာနဲ့နီးရင်နီးသလို ဈေးပို ကောင်းတယ်။ လမ်းဘေးအကွက်ပဲ ဝယ်နေကြတာ။ ဆင်ပေါင်ဝဲနယ် ကိုးပင်ကနေ အောင်လံ ပြလို့ရွာနားလောက်အထိ ယာခင်းက ကုန်သလောက်ဖြစ်နေပြီ။ ရေပေါတဲ့နေရာ၊ အချက်အချာကျတဲ့ လမ်းဆုံနေရာတွေက ကုန်ပြီ’’ဟု ဆင်ပေါင်ဝဲနယ်၊ကိုးပင်ကျေးရွာမှ ဒေသခံခြံမြေအရောင်း
အဝယ်သမားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ၃ နှစ်ခန့်က စက်သုံးဆီဆိုင်များ ဖွင့်လှစ်လာခြင်း၊ ကိုးပင်သာဂရလမ်းကတ္တရာခင်းခြင်းနှင့် ပြည်လမ်းမ
တစ်လျှောက် လျှပ်စစ်မီးရရှိမည့်စီမံကိန်းများ စတင်လုပ်ဆောင်လာခြင်းတို့ကြောင့် အဆိုပါနေရာတွင် ဝယ်ယူသူများပြားလာခဲ့ပြီး ယခုအခါ လမ်းဘေးဝဲယာ ယာစိုက်ခင်းများပါ ရောင်းချရန် နေရာလွတ်မကျန်တော့ကြောင်း ၎င်းက ပြောသည်။

အထူးသဖြင့် လယ်ယာမြေ လုပ်ပိုင်ခွင့်ပုံစံ (၇)ရှိသည့် အကွက်များ အများဆုံးအရောင်းအဝယ်ဖြစ်နေခြင်း ဖြစ်သည်။

ဆင်ပေါင်ဝဲမြို့နယ် ကိုးပင်ကျေးရွာအနီး ပြည်လမ်းမကြီးနှင့် သာဂရရိုးမဖြတ်လမ်းဆုံရာ လမ်းဆုံဝဲယာရှိ ယာခင်းများကိုလည်း ပိုင်ရှင်များက ပေ ၄၀ × ၆၀၊ ပေ ၆၀ × ၁၀၀၊ ပေ ၄၀ × ၁၀၀ စသည်ဖြင့် အကွက်များရိုက်ကာ ရောင်းချနေပြီး တစ်ကွက်လျှင် ပျမ်းမျှကျပ် သိန်း ၁၀၀ ကျော် အထိ ဈေးပေါက်နေကြောင်း သိရသည်။

ဆင်ပေါင်ဝဲမြို့နယ်ရှိ ကိုးပင်၊ လှေဝန်း၊ ဂွေးချို၊ ဧကရာဇ်၊ သာယာကုန်း စသည့်ကျေးရွာအနီးအနား လယ်ယာမြေများနှင့် အောင်လံမြို့နယ်ရှိ ကန်နှစ်ဆင့်၊ တောင်ဗွေ၊ မိုးကောင်း၊ ရွှေညောင်ပင်၊ တန်ဘိုး၊ ပန်းမတ၊ အင်းကုန်း စသည့် ကျေးရွာအနီး ယာမြေများ အရောင်းအဝယ်ဖြစ်နေခြင်း ဖြစ်သည်။

ကျေးရွာ ဒေသခံများသာမက မြို့ပေါ်လုပ်ငန်းရှင်များလည်း လာရောက်ဝယ်ယူနေကြကာ ကျွန်းနှင့် လျှော်ဖြူ စသော နှစ်ရှည်သီးနှံပင်စိုက်ပျိုးရန် ဝယ်ယူသူများလည်းရှိပြီး အများစုမှာ ရင်းနှီးမြှုပ်နှံသည့်အနေဖြင့် စုဆောင်းဝယ်ယူနေခြင်း ဖြစ်ကြောင်း အောင်လံမြို့မှ အိမ်ခြံမြေ အရောင်းအဝယ်လုပ်ကိုင်သူတစ်ဦးက ပြောသည်။

Credit: 7Day News

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service