ဒေါ်လာ ၁.၃ သန်းတန် ကိုယ်ပိုင်အိမ်ဝင်းထဲက မြက်ခင်းပြင်ပေါ်မှာ ခြောက်လကြာ အိမ်ခြေရာမဲ့အဖြစ်နေထိုင်ခဲ့ရသူ

ဒေါ်လာ ၁.၃ သန်းတန် ကိုယ်ပိုင်အိမ်ဝင်းထဲက မြက်ခင်းပြင်ပေါ်မှာ ခြောက်လကြာ အိမ်ခြေရာမဲ့အဖြစ်နေထိုင်ခဲ့ရသူ - Property News in Myanmar from iMyanmarHouse.com
9 Oct 2015 10:09 am တွင် တင်ခဲ့သည်
1174 ကြိမ် ကြည့်ရှု့ပြီး
့ ဆရာဝန်ဖြစ်သူမိန်းမက ကန်ချပြီးနောက်၊ အသက် ၆၉ နှစ်အရွယ် သူဌေးအဘိုးကြီးတစ်ယောက်ဟာ သူပိုင်ဆိုင်တဲ့ ဒေါ်လာ ၁.၃ သန်းတန် အိမ်ဝင်းထဲက အိမ်ရှေ့ မြက်ခင်းပြင်မှာ ခြောက်လကြာ နေထိုင်ခဲ့ရပါတယ်။

Texas ပြည်နယ်၊ Seabrook မြို့ က Sharafat Khan ဆိုသူ အမျိုးသားဟာ လက်ရှိမှာ အိမ်ခြေရာမဲ့တစ်ဦး ဖြစ်ပြီး ခမ်းနားထည်ဝါတဲ့သူပိုင်အိမ်ကြီးရှေ့ တံခါးရဲ့ မလှမ်းမကမ်းမှာပဲ အိပ်စက်နေရသူဖြစ်ပါတယ်။ အသက် ၆၁ နှစ်အရွယ် ဇနီးဖြစ်သူ Shahnaz နဲ့ စကားများရန်ဖြစ်အပြီးမှာ
ဇနီးဖြစ်သူဟာ အိမ်ရဲ့ သော့ခလောက်တွေ အကုန် ပြောင်းလဲပစ်လိုက်တာကြောင့် Khan တစ်ယောက် အခုလို အိပ်စက်နေရတာဖြစ်ပါတယ်။

မြို့ ဆင်ခြေဖုံးမှာရှိတဲ့ အိမ်ကြီးရဲ့တစ်ဝက်ကို ပိုင်ဆိုင်တဲ့ Khan ဟာ အခုအခါ လင်မယားနှစ်ယောက်ပိုင်တဲ့ ပိုက်ဆံတွေကိုလည်း သုံးခွင့်မရတော့သလို၊ အ၀တ်လျှော်စက် ပစ္စည်းတွေလည်း သုံးခွင့်ပိတ်ခံထားရတယ်လို့ ဆိုပါတယ်။ ညဘက်ဆို အိမ်ရှေ့ ဆင်ဝင်အောက်မှာ အိပ်ရာခင်းလေးတစ်ခု ခြုံအိပ်ရပြီး
အေးအေးဆေးဆေးနားနေချင်တဲ့အခါ နောက်ဖေးခြံဝင်းထဲက ရေကူးကန်ဘေးနားသွား နားနေရပါတယ်။ နေ့ လယ်ဘက် နေပူတဲ့အခါ အရိပ်ရအောင်အတွက် သစ်ပင်တွေ အောက်မှာ ခိုနေရ တယ်လို့ သိရပါတယ်။

အိမ်နီးနားချင်းတွေဟာ Khan ဟာ သူ့ အိမ်ရှေ့ မှာတင် သူသေသွားနိုင်တယ်လို့ စိုးရိမ်နေကြပြီး အခုအခါ သူဟာ အလွန်အင်အားချည့်နဲ့ နေပြီး လမ်းတောင်ကောင်းကောင်းမလျှောက်နိုင်တော့ဘူးလို့ ဆိုပါတယ်။ ရပ်သူရွာသားတွေက သူ့ ကို စောင်တွေ လာပေးထားရင်တောင် မိန်းမဖြစ်သူက
ပြန်သိမ်းသွားတယ်လို့  ဒေသခံတွေက ပြောပြပါတယ်။ မိန်းမဖြစ်သူဟာ Khan ကို အစားအသောက်မကျွေးဖို့ အတွက် သတိပေးဆိုင်းဘုတ်တွေပါ ထောင်ထားတယ်လို့ သိရပါတယ်။

ရဲတွေ အကြိမ် ၃၀ လောက် ဆင့်ခေါ်ပြီး ကူညီခဲ့ကြပေမယ့်၊ တရားဥပဒေအရ သူ့ မိန်းမက သူ့ ကို အိမ်ထဲ ပြန်လက်ခံအောင် မလုပ်နိုင်ဘူးလို့ ဆိုပါတယ်။ သူတို့ နှစ်ဦးရန်ဖြစ်ရတဲ့အဓိကပြဿနာဟာ ငွေကြေးကြောင့်ဖြစ်ပြီး မိန်းမဖြစ်သူက သူမပစ္စည်းဥစ္စာရဲ့ တစ်ဝက်ကို မလွှဲပေးချင်လို့ ဖြစ်ကာ Khan ကလည်း
ရှေ့ နေမဌားရမ်းနိုင်တဲ့အတွက် တရားဝင်ကွာရှင်းမှု မလုပ်နိုင်ဘူးလို့ ဆိုပါတယ်။ ဒီအိမ်ခြံမြေနဲ့ ပတ်သက်ပြီး သူရသင်တဲ့ဝေစုကို လိုချင်ကြောင်း Khan က ပြောကြားခဲ့ပါတယ်။

Khan ဟာ မိသားစုကုမ္ပဏီ Khan Investments LLC ရဲ့ ဒါရိုက်တာတစ်ဦးဖြစ်ခဲ့ကြောင်း အွန်လိုင်းအချက်အလက်စာရင်းတစ်ခုမှာ
ဖော်ပြထားပါတယ်။

Credit : Trend Myanmar
ဒေါ်လာ ၁.၃ သန်းတန် ကိုယ်ပိုင်အိမ်ဝင်းထဲက မြက်ခင်းပြင်ပေါ်မှာ ခြောက်လကြာ အိမ်ခြေရာမဲ့အဖြစ်နေထိုင်ခဲ့ရသူ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service