ခွင့်ပြုချက်ထက် တိုးချဲ့ဆောက်လုပ်နေသော အဆောက်အအုံများကို ထိန်းချုပ်ရန် နည်းပညာအသုံးပြု စစ်ဆေးမည်

ခွင့်ပြုချက်ထက် တိုးချဲ့ဆောက်လုပ်နေသော အဆောက်အအုံများကို ထိန်းချုပ်ရန် နည်းပညာအသုံးပြု စစ်ဆေးမည် - Property News in Myanmar from iMyanmarHouse.com
8 Oct 2015 9:35 am တွင် တင်ခဲ့သည်
714 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့တော်စည် ပင်သာယာရေးကော်မတီ၏ ခွင့် ပြုချက်ထက် တိုးချဲ့ဆောက်လုပ် နေသော အဆောက်အအုံများကို ထိန်းချုပ်ရန် ဆောက်လုပ်ခွင့် ဆိုင်းဘုတ်တွင် နည်းပညာဖြင့် စစ်ဆေးနိုင်သည့် အမှတ်တံဆိပ်ထည့် သွင်းမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဆောက်လုပ်ရေး လုပ်ငန်း လုပ်နေသည့် အဆောက်အအုံ ရှေ့တွင် တပ်ဆင်ရမည့် ဆောက် လုပ်ခွင့်ဆိုင်းဘုတ်ကို အောက်တို ဘာ ၅ ရက်မှစ၍ စည်ပင်သာယာရေးကော်မတီ၏ အဆောက်အအုံဌာနက ထုတ်ပေးမည်ဟု သိရသည်။

‘‘ဆိုင်းဘုတ်မှာ ၁၄ ပေလို့ ရေးထားရင် ၁၄ပေပဲ ဆောက်ရမှာပေါ့။ အပိုဆောက်ပြီး ရောင်းတယ်ဆိုရင် ချက်ချင်းအရေးယူလို့လည်းရအောင် အမှတ်အသား ထည့် ထားတယ်။ အဆောက်အအုံဌာန က ဓာတ်ပုံရိုက်စစ်ဆေးတာနဲ့ ချက်ချင်းသိနိုင်မယ်’’ဟု အဆောက်အ အုံဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကန်ထရိုက်အချို့သည် အ ဆောက်အအုံဌာနက ခွင့်ပြုပေး ထားသည့် အကျယ်အ၀န်းနှင့် အ မြင့်ထက်ပိုမိုဆောက်လုပ်နေကြ ၍ အဆောက်အအုံဆောက်လုပ် ခွင့်ဆိုင်းဘုတ်တွင် ဆော့ဖ်ဝဲဖြင့် စစ်ဆေးနိုင်သည့် အမှတ်တံဆိပ် ထည့်သွင်းရန် စီစဉ်ရခြင်း ဖြစ်သည်။

‘‘ဆိုင်းဘုတ်စစ်တဲ့အခါ လိုဂို (အမှတ်တံဆိပ်) ကို ဆော့ဖ်ဝဲ ထည့်ထားတဲ့ ဖုန်းထဲက ကင်မရာ နဲ့ ရိုက်ပြီး စစ်ဆေးနိုင်တယ်။ ဖုန်း မှာထည့်သွင်းအသုံးပြုနိုင်တယ်။ အဆောက်အအုံဌာနကပဲ သုံး တာ။ လိုဂိုကို ဒီအတိုင်းကြည့်ရင် ဘာမှမပေါ်ဘူး’’ ဟု အဆောက်အအုံဌာနမှ တာဝန်ရှိသူက ပြော သည်။အဆောက်အအုံဌာနက ခွင့်ပြုထားသည့်
ခွင့်ပြုချက်ထက် ပိုမိုဆောက်လုပ်သည့် အဆောက်အအုံများကို ဒဏ်ကြေးဆောင်ခိုင်း ခြင်းနှင့် ဆောက်လုပ်ခွင့်ရပ်ဆိုင်း ခြင်းများ ဆောင်ရွက်နေသော် လည်း လက်ရှိအချိန်အထိ ခွင့်ပြု ချက်ထက် ပိုမိုဆောက်လုပ်ခြင်း များရှိနေသေးသည်ဟု ဆိုသည်။

၂၀၁၂ မှ ၂၀၁၅ စက်တင်ဘာအထိ ခွင့်ပြုချက်မဲ့ဆောက်လုပ်ခြင်းနှင့် ခွင့်ပြုချက်ထက် ပိုမိုဆောက်လုပ်ခြင်းများကြောင့် အရေးယူထားသည့် အဆောက်အအုံ ၂,၀၀၀ ရှိကြောင်း အဆောက်အအုံဌာန၏ အချက်အလက်များအရ သိရသည်။

အဆောက်အအုံ ဌာနက ယခုနှစ် ဧပြီမှ စက်တင်ဘာအထိ ခြောက်လတာကာလအတွင်း အဆောက်အအုံ ဆောက်လုပ်ခွင့် ပါမစ် ၃,၄၀၀ ကျော် ထုတ်ပေးပြီး ဖြစ်ကာ ၂၀၁၄-၁၅ ဘဏ္ဍာနှစ် တွင် အဆောက်အအုံဆောက် လုပ်ခွင့်ပါမစ် ၈,၀၀၀ ထုတ်ပေးခဲ့ သည်။

Credit : 7Day Daily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service