ပုဏ္ဏားကျွန်း စက်မှုဇုန် စီမံကိန်း မကြာမီ စတင်နိုင်ဖွယ်ရှိ

ပုဏ္ဏားကျွန်း စက်မှုဇုန် စီမံကိန်း မကြာမီ စတင်နိုင်ဖွယ်ရှိ - Property News in Myanmar from iMyanmarHouse.com
28 Sep 2015 10:51 am တွင် တင်ခဲ့သည်
1090 ကြိမ် ကြည့်ရှု့ပြီး
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်၌ တည်ဆောက်ရန် စီစဉ်နေသည့် ပုဏ္ဏားကျွန်းစက်မှုဇုန်၏ စီမံကိန်း တချို့အား လာမည့်လအနည်းငယ်တွင်စတင်တည်ဆောက်မည်ဟု
မြန်မာ့ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကုမ္ပဏီ
ဒုဥက္ကဋ္ဌ ဦးကျောက်တောင်က ဧရာဝတီသို့ ပြောသည်။

ဦးကျောက်တောင်က “မိုးရာသီကုန်တာနဲ့ စတင်မှာပါ။ အစိုးရနဲ့ MOU ထိုးပြီးပါပြီ။ ပထမဆုံးအနေနဲ့ စက်ရုံ ၄ ရုံ အရင် တည်ဆောက်သွားဖို့ ရှိတယ်”ဟု ပြောပြသည်။

ရခိုင်အခြေစိုက်အများပိုင်ကုမ္ပဏီတစ်ခုဖြစ်သည့်
မြန်မာ့ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကုမ္ပဏီက ပုဏ္ဏားကျွန်းစက်မှုဇုန် အမှတ် ၂၂ ကို စတင် အကောင်အထည်ဖော်ဆောင်နိုင်ရန် ပြည်နယ်အစိုးရနှင့် သဘောတူညီမှုရပြီး ဖြစ်ကြောင်း၊ စတင်ဆောက်လုပ်မည့် စက်ရုံ ၄ ခုတွင် တယ်လီဖုန်း ဆက်စပ်ပစ္စည်းများ ထုတ်လုပ်သည့်စက်ရုံ၊ အထည်ချုပ် လုပ်ငန်း၊ စားသောက်ကုန်ပစ္စည်း ထုတ်လုပ်သည့်စက်ရုံ၊ လယ်ယာလုပ်ငန်းသုံးပစ္စည်းများထုတ်လုပ်သည့်စက်ရုံနှင့်
ဆေးဝါး ထုတ်လုပ်သည့်စက်ရုံ စသည်တို့ကို တည်ဆောက်မည်ဟု သိရသည်။

ယင်းစက်ရုံများ တည်ဆောက်ရန် မြေဧက ၁၈၀၀ ၀န်းကျင် လိုအပ်ပြီး၊ လိုအပ်သည့် မြေနေရာများကို လယ်ပိုင်ရှင်များနှင့်ညှိနှိုင်းဝယ်ယူရန် ဆောင်ရွက်နေကြောင်း၊ ထိုစက်ရုံ ၄ ခု တည်ဆောက်ပြီးပါက ဒေသခံအလုပ်သမား ၂၀၀၀၀န်းကျင်ကိုအလုပ်အကိုင်များ ပေးနိုင်မည်ဟု
မျှော်လင့်ထားကြောင်း စီးပွားရေး လုပ်ငန်းရှင် ဦးကျောက်တောင်က ပြောသည်။

မြန်မာ့ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကုမ္ပဏီ (Myanmar Kyaukphyu Special Economic Zone Holding Public Co.,Ltd – MKSH)နှင့် ပြည်နယ် အစိုးရအဖွဲ့တို့သည် ပုဏ္ဏားကျွန်းစက်မှုဇုန် တည်ဆောက်ရေး စီမံကိန်းအတွက် နားလည်မှုစာချွန်လွှာကို စက်တင်ဘာလ ၁၆ ရက်က လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။

MKSHအများပိုင်ကုမ္ပဏီ၌ရခိုင်ပြည်နယ်၏ ဒေသအသီးသီးမှကုမ္ပဏီ ၁၇ ခု ဖြင့် ပါဝင်ဖွဲ့စည်းထားခြင်း ဖြစ်ပြီး စီမံကိန်းလုပ်ငန်းများစတင်ပါကအစုရှယ်များကို
ရောင်းချပေးသွားမည်ဟု ဦးကျောက်တောင်က ဆိုသည်။

ပုဏ္ဏားကျွန်းစက်မှုဇုန်အားလက်တွေ့အကောင်အထည်ဖော်မှု မရှိသေးသော်လည်း စက်မှုဇုန်တည်ဆောက်ရေး လုပ်ငန်းခွင်မှ အလုပ်သမားများ နေထိုင်မည့် အဆောက်အအုံများ တည်ဆောက်ရန် မြေနေရာများ ၀ယ်ယူနေသည်ကို တွေ့ရကြောင်းပုဏ္ဏားကျွန်း
ဒေသခံလည်းဖြစ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်
လည်းဖြစ်သူ ဦးအောင်ထွန်းမြက ဧရာဝတီသို့ ပြောသည်။

ဦးအောင်ထွန်းမြက “စက်မှုဇုန် တည်ဆောက်မယ်ဆိုရင် အလုပ်အကိုင် အခွင့်အလမ်းတွေ ရကြမှာဆိုတော့ ဒေသခံ အများစုကလည်း စီမံကိန်းကို လိုလိုလားလား သဘောတူကြပါတယ်။ ကိုယ့်ဒေသမှာ အလုပ်မရှိတဲ့အတွက် အလုပ်ရနိုင်မယ့် နေရာတွေကို ထွက်သွားကြလို့ ရခိုင်ပြည်နယ်က ရွာတွေမှာ လူတွေ အတော်နည်းကုန်ပါပြီ”ဟုလည်း ဆိုသည်။

စက်မှုဇုန် တည်ဆောက်ပါက အဆင်သင့်ဖြစ်စေရန် စက်မှုသင်တန်းကျောင်းတစ်ခု ဖွင့်လှစ်ထားပြီး သင်တန်းများ ပေးနေပြီ ဖြစ်ကြောင်း၊ ထို့ကြောင့် စက်မှုဇုန်ကိုအမြန်ဆုံးအကောင်အထည် ဖော်ဆောင်ရန်
ဒေသခံများက ဆန္ဒရှိနေကြကြောင်း၊ စက်မှုဇုန် တည်ဆောက်ရေးအတွက် မိမိတို့ လယ်မြေများကိုပင် အလွယ်တကူ ရောင်းချပေးနေကြကြောင်း ဦးအောင်ထွန်းမြက ဆက်ပြောသည်။

စက်မှုဇုန် တည်ဆောက်ရေးအတွက် လယ်မြေ တစ်ဧကလျှင်ကျပ်၂၅သိန်းနှုန်း လျော်ကြေးပေးသည့်အခါ
ဒေသခံအများစုက ရောင်းချပေးလျက်ရှိကြောင်း၊ တချို့ကမူ ကျပ် သိန်း ၅၀ အထိ တောင်းဆိုနေကြကြောင်းလည်း ဆိုသည်။

ပုဏ္ဏားကျွန်းစက်မှုဇုန်ကြီး တစ်ခုလုံးကို အကောင်အထည် ဖော်ဆောင်ပြီးစီးသွားပါက လူ ၁ သိန်းကျော်အတွက်အလုပ်အကိုင်များ ပေးနိုင်မည်
ဖြစ်ကြောင်း၊ သို့သော် စက်မှုဇုန်ကြီးတစ်ခုလုံး အပြီးအစီး အကောင်အထည် ဖော်ဆောင်ရန် အချိန်ကာလ အများအပြား ယူရဦးမည် ဖြစ်ကြောင်း ဦးကျောက်တောင်က ပြောသည်။

ရခိုင်ပြည်နယ်၌ ပုဏ္ဏားကျွန်းစက်မှုဇုန်နှင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်တို့အား အကောင်ထည်ဖော် တည်ဆောက်မည်ဟု ဦးသိန်းစိန်အစိုးရ တာဝန်ယူချိန်မှစ၍ ပြောဆိုခဲ့သော်လည်း ယနေ့အထိ လက်တွေ့အကောင်အထည် ဖော်ဆောင်နိုင်ခြင်း မရှိသေးဟု ဒေသခံများက ပြောဆိုကြသည်။

ထိုစက်မှုဇုန်များ လက်တွေ့အကောင်အထည်ဖော် တည်ဆောက်ပြီးစီးပါက လူဦးရေ ၃ သိန်းမှ ၅ သိန်းအထိ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဟု သိရသည်။

Credit; Irrawaddy News

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service