ဒလတံတားစီမံကိန်း ဖယ်ပေးရမည့် မြေနေရာအတွက် လျော်ကြေးများ အောက်တိုဘာလတွင် ပေးမည်

ဒလတံတားစီမံကိန်း ဖယ်ပေးရမည့် မြေနေရာအတွက် လျော်ကြေးများ အောက်တိုဘာလတွင် ပေးမည် - Property News in Myanmar from iMyanmarHouse.com
24 Sep 2015 10:33 am တွင် တင်ခဲ့သည်
1092 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန် - ဒလ မြစ်ကူးတံတားစီမံကိန်းအတွက် ယခုလ ၁၇ နှင့် ၁၈ ရက်နေ့များတွင် မြေနေရာ အသေးစိတ်တိုင်းတာမှုများ ပြုလုပ်ခဲ့ရာ အောက်တိုဘာလတွင် လျော်ကြေးငွေများ ပေးအပ်သွားမည်ဟု ဒလမြို့နယ်အထောက်အကူပြု ဥက္ကဋ္ဌ ဦးတင်လှိုင်က မြန်မာတိုင်း(မ်)ကို ယခုလ ၂၂ ရက်နေ့က ပြောသည်။

ဒေသခံမြေနေရာပါဝင်မှုများကို စိစစ်နေပြီး ကနဦး ပါဝင်သည့်နေရာများကို အလံတိုင်စိုက်ထူ သတ်မှတ်ထားခဲ့သော်လည်း ယခုအခါတွင် အသေးစိတ်တိုင်းတာ စာရင်းယူလျက် တိုင်းဒေသကြီးအစိုးရထံ တင်ပြထားပြီး ဖြစ်သည်။

ဖယ်ရှားရမည့် မြေနေရာ သတ်မှတ်ထားပြီး အပြီးသတ်သဘောတူချက် လက်မှတ်ရေးထိုးခြင်းကို ယခုလအတွင်း အပြီးသတ်ဆောင်ရွက်သွားမည်ဟု ၎င်းက ပြောသည်။ အဆိုပါတံတားကို တောင်ကိုရီးယားနိုင်ငံ၏ ချေးငွေဖြင့် တည်ဆောက်ပေးမည်ဖြစ်ကာ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်မှစတင်ကာ ငါးနှစ်စီမံကိန်း ဖြစ်သည်။ "ကာလဒေသပေါက်ဈေးအတိုင်း ပေးလျော်ဖို့ စီစဉ်နေပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ဆောက်လုပ်ရေး ၀န်ကြီးဌာနတို့ တိုင်ပင်ဆွေးနွေးအဖြေရှာမှာ ဖြစ်ပါတယ်။ မြန်မာအစိုးရဘက်က ဒေသခံတွေကို လျော်ကြေးပေးချေပြီးမှသာ ကိုရီးယားအစိုးရက
ချေးငွေစတင်ချထားပေးမှာ ဖြစ်ပါတယ်။ လျော်ကြေးပေးပြီးရင် တံတားစီမံကိန်း စမယ်။ ပြီးရင် စီမံကိန်းအတွင်းမှာ စည်ပင်နဲ့ ညှိနှိုင်းပြီးတော့ တံတားမှာ ရေပိုက်လိုင်းသွယ်တန်းစနစ် ထည့်မယ်။
ဒါပြီးတာနဲ့ ဒလမြို့ကို ရန်ကုန်မြို့တော်နယ်နိမိတ်ထဲ ထည့်သွင်းနိုင်ဖို့ ဆောင်ရွက်သွားမယ်"ဟု တိုင်းဒေသကြီးလွှတ်တော် ၁ က ဒလမြို့ခံ လွှတ်တော်ကိုယ်စားလှယ် ဦးသန်းလှိုင်က ပြောသည်။
အဆိုပါနေရာများတွင် ပေ ၄၀ × ၆၀ မြေတစ်ကွက်လျှင် ကျပ်သိန်း ၁,၅၀၀ မှ ၃,၀၀၀ အထိ ပေါက်ဈေးရှိသည်ဟု ဒေသခံများက ပြောသည်။

Credit: Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service