သယ်ယူနိုင်သော ကျွန်းတု

သယ်ယူနိုင်သော ကျွန်းတု - Property News in Myanmar from iMyanmarHouse.com
24 Sep 2015 10:05 am တွင် တင်ခဲ့သည်
1286 ကြိမ် ကြည့်ရှု့ပြီး
ချမ်းသာကြွယ်ဝသူများသည် တန်ဖိုးကြီးမားသော ရွက်လှေများ ၀ယ်ယူကာ ပင်လယ်ပြင်သို့ အပန်းဖြေ ခရီးထွက်လေ့ရှိသည်။ သို့သော် အနာဂတ်တွင် ရွက်လှေများဖြင့် ခရီးထွက်ခြင်းကို မေ့ပစ်ရမလို ဖြစ်နေသည်။ အကြောင်းမှာ ရွက်လှေများ နေရာတွင် သယ်ယူနိုင်သော ကျွန်းတုများ အစားဝင်နိုင်သောကြောင့် ဖြစ်သည်။ ကျွန်းတုများသည် ကမ္ဘာ့ မည်သည့် နေရာတွင်မဆို သယ်ယူသွားနိုင်သည်။ ရွက်လှေများထက် ပိုကြီးပြီး ပိုကောင်းသည့် ခေတ်မီပစ္စည်းများ တပ်ဆင်ထားခြင်းကြောင့် ပင်လယ်ပြင်တွင် အကောင်းဆုံး အနားယူနိုင်မည် ဖြစ်သည်။

အထူးခြားဆုံးမှာ ပင်လယ်ပြင်တွင် အန္တရာယ် မရှိတော့ခြင်း ဖြစ်သည်။ အလွန်ကြီးမားသော အိမ်၊ ရေတံခွန်၊ ရပာတ်ယာဉ် နားရန်နေရာ စသည့်အရာများကြောင့် ရွက်လှေများနှင့် ကွဲပြားခြားနားနေပြီး ပင်လယ်ပြင်တွင် အကောင်းဆုံး အနားယူနိုင်မည် ဖြစ်သည်။ တန်ဖိုးကြီး လှေများကို ကပ်နားနိုင်အောင်လည်း ပြုလုပ်ထားသည်။

သယ်ယူနိုင်သော ကျွန်းတုကို ပိုင်ဆိုင်သူသည် လှပသော ပင်လယ်ပြင်ကို (၃၆၀) ဒီဂရီဖြင့် မြင်နိုင်အောင် ပြုလုပ်ပေးထား သည်။ ဓာတ်လှေကားကိုလည်း တပ်ဆင်ပေးထားသည်။ အလှပြင်ခန်း၊ ကာယ လေ့ကျင့်ရေးရုံ၊ အရက်ဘား၊ ရေကူးကန် စသည့် ဇိမ်ခံနိုင်သော အရာအားလုံးကို ပြုလုပ်ပေးထားသည်။ ယင်းကို Migaloo ကုမ္ပဏီက ဖန်တီးသွားမည် ဖြစ်ပြီး အနာဂတ်တွင် မြင်တွေ့ရန် အလွန်နီးစပ်နေပြီ ဖြစ်သည်။

Migaloo သည် နည်းပညာမြင့် ရွက်လှေများ ဆောက်လုပ်နေခြင်း ဖြစ်ပြီး အနာဂတ်တွင် အေးဆေးစွာ အနားယူနိုင်ရေး သယ်ယူသွားနိုင်သော ကျွန်းတုကို ဖန်တီးသွားမည် ဖြစ်သည်။ ထို့ကြောင့် သယ်ယူနိုင်သော ကျွန်းတုများ ဖန်တီးနိုင်ရေး ၀ယ်ယူလိုသူများနှင့် ဆွေးနွေးတိုင်ပင်မည် ဖြစ်သည်။ လက်ရှိတွင် စိတ်ဝင်စားသူ အများအပြား ရှိနေသည်။ Migaloo ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက အနာဂတ်တွင် ဖြစ်ပေါ်လာမည့် သယ်ယူသွားနိုင်သော ကျွန်းပုံစံကို အကောင်းဆုံး ဖန်တီးနေကြောင်း၊ မိမိတို့၏ ဖောက်သည်များကလည်း စိတ်ဝင်စားကြောင်း၊ ထို့ကြောင့် မကြာမီ မြင်တွေ့ရတော့မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ သယ်ယူနိုင်သော ကျွန်းတုသည် ရေထဲတွင် နေထိုင်နိုင်ရန် ပထမဆုံး စမ်းသပ်မူတစ်ခုလည်း ဖြစ်ကြောင်း သိရသည်။

Credit: messenger
သယ်ယူနိုင်သော ကျွန်းတု - Property News in Myanmar from iMyanmarHouse.com
သယ်ယူနိုင်သော ကျွန်းတု - Property News in Myanmar from iMyanmarHouse.com
သယ်ယူနိုင်သော ကျွန်းတု - Property News in Myanmar from iMyanmarHouse.com
သယ်ယူနိုင်သော ကျွန်းတု - Property News in Myanmar from iMyanmarHouse.com
သယ်ယူနိုင်သော ကျွန်းတု - Property News in Myanmar from iMyanmarHouse.com
သယ်ယူနိုင်သော ကျွန်းတု - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service