ကားပါကင်နေရာ စိစစ်ကြပ်မတ်မှုများကြောင့် သြဂုတ်လတွင် ကားပါကင်မြေနေရာ ထောက်ခံချက်ဖြင့် ကားတင်သွင်းခွင့်ထုတ်ပေးမှုမှာ ပြီးခဲ့သည့် ဇူလိုင်လထက်အစီးရေတစ်ထောင်ကျော် လျော့နည်း
သွားကြောင်းစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
ရန်ကုန်တိုင်းအတွင်း သြ ဂုတ်တစ်လလုံးတွင် ကားပါကင် မြေနေရာ ထောက်ခံချက်ဖြင့် ကားတင်သွင်းခွင့်လိုင်စင် ၃,၅၀၃ ခုထုတ်ပေးခဲ့ကာ ပြီးခဲ့သည့် ဇူလိုင်လတွင် လိုင်စင်ခွင့်ပြုချက်ဖြင့် ၄,၉၅၅ စီးထုတ်ပေးခဲ့ခြင်းကြောင့် တစ်လချင်းနှိုင်းယှဉ်ပါက လိုင်စင်ထုတ်ပေးမှုအစီးရေ၁,၀၀၀ ကျော် လျော့နည်းနေ
သည်။‘‘တင်ပြလာတဲ့ မြေနေရာကကားဝင်နိုင်တဲ့ မြေနေရာမဟုတ် ဘူးဆိုရင် ပယ်ဖျက်လိုက်တယ်။
တကယ် လာဝယ်မယ့်သူတွေက တော့ စီးကူးရုံးမှာ လာပြီး ပြန်လျှောက်လို့ရတယ်။ ပြန်လျှောက် တဲ့သူတွေကိုတော့ တင်သွင်းမယ့် ကားအခြေအနေကို မေးပြီး ပြန်တင်သွင်းခွင့်ပေးတယ်’’ ဟု ကုန် သွယ်မှု မြှင့်တင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး တစ်ဦးက ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သည် ကားလမ်းကျပ်တည်းမှုပြဿနာဖြေရှင်းရန် ကားပါကင် မြေနေရာပြနိုင်မှသာ ယာဉ်တင်သွင်းခွင့်ပြုသည့်စနစ်ကို ၂၀၁၅ ဇန်န၀ါရီတွင် စတင်ဆောင်ရွက်ခဲ့သည်။
စတင် ဆောင်ရွက်သည့် အချိန်မှ သြဂုတ်အထိ ကားပါကင်ထောက်ခံချက် မြေနေရာ ၃၁,၀၀၀ ကျော် ထုတ်ပေးပြီးဖြစ် ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာနက သတင်းရရှိသည်။
ပါကင်မြေနေရာပြ၍ ယာဉ် တင်သွင်းခွင့်လျှောက်ထားပါက မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဦးစီးဌာနက တရားဝင်ထုတ်ပြန်ပေးထားသည့် အိမ်ထောင်စုစာရင်း ရှိရမည်ဖြစ် သည်။
စည်ပင်ပိုင်မြေနှင့်အများပြည်သူပိုင်အသုံးပြုသည့် မြေနေရာတွင် ကားမြေနေရာပါမစ်ပြပါက ခွင့်မပြုကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီး ဌာနမှ သိရသည်။
ယာဉ်တင်သွင်းခွင့်လျှောက်ထားစဉ်က ပါကင် ပြထားသည့် မြေနေရာထားရှိခြင်း ရှိ၊ မရှိ မြို့ နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနက ရှောင်တခင် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
Credit: 7daydaily