မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့
ရှိ ကြံ့နှစ်ကောင်ဘိလပ်မြေ စက်ရုံက
ထုတ်လုပ်မှုတန်ချိန်ကိုလာမည့် နှစ်တွင် နှစ်ဆတိုး
ထုတ်လုပ်မည်ဖြစ်ကြောင်း အဆိုပါဘိလပ်မြေ
ဖြန့်ချိသော အားမာန်သစ်ကုမ္ပဏီလီမိတက်က အထွေထွေမန်နေဂျာ Mr.Wachirawichက
ပြောသည်။
မြန်မာနိုင်ငံ၏ ဆောက်လုပ်ရေးလုပ်ငန်းတွင် အဓိကုန်ပစ္စည်းအဖြစ် အသုံးပြုလျက်ရှိသော
ဘိလပ်မြေဈေးကွက်အတွင်း ထိုင်း နိုင်ငံမှတင်သွင်းသည့ှ်SCG ဘိလပ်မြေကိုသာ ဆောက်လုပ်ရေး
လုပ်ငန်းရှင် အများစုက အသုံးများသော်လည်း ကြံ့နှစ်ကောင်ဘိလပ်မြေမှာ ၂၀၁၂ ခုနှစ်မှစတင်၍
ပြည်တွင်း၌ စက်ရုံတည်ကာ ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင်လည်း တန်ချိန်အများဆုံး ထုတ်လုပ်နိုင်သည့် ပြည်တွင်းဘိလပ်မြေစက်ရုံဖြစ်ကြောင်း
Mr.Wachirawichက ပြောသည်။ "တံဆိပ်အသစ် ဖြစ်ပေမယ့် အရည် အသွေးနဲ့ လိုအပ်တဲ့
ဝယ်လိုအားအရ တစ်ရက် တန်ချိန် ၅,၀၀၀ ထုတ်လုပ်ပေးနေတဲ့ မြန်မာ နိုင်ငံရဲ့ အကြီးဆုံး
ဘိလပ်မြေစက်ရုံတစ်ခု ပါ။ လာမယ့်နှစ်ကစပြီး ဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့တစ်ရက်ကို တန်ချိန် ၁၀,၀၀၀ ထိ ထုတ်လုပ်သွားမှာပါ"ဟု ၎င်းက ပြောသည်။
ကြံ့နှစ်ကောင်ဘိလပ်မြေသည်တံဆိပ်အသစ်ဖြစ်သည့်
အတွက် ဈေးကွက်ထိုးဖောက်နိုင်ရန်
ဘိလပ်မြေကို အမျိုးအစားသုံးမျိုး ခွဲကာ ကွဲပြားသည့် အရည်အသွေးများဖြင့် ခွဲခြားထုတ်လုပ်
ထားကြောင်း ၎င်းက ပြောသည်။
"လိုအပ်တဲ့ အရည်အသွေးကို ချိုသာတဲ့ ဈေးနှုန်းနဲ့ရရှိစေဖို့
ဘိလပ်မြေကို ခံနိုင်ရည်အလိုက် အမျိုးအစားခွဲပြီး အစိမ်းရောင်၊ အနီရောင်နဲ့ မီးခိုးရောင်ဆိုပြီး
သုံးမျိုး ထုတ်လုပ်နေပါတယ်။
အဆင့်မြင့်ကွန်ဒိုတိုက် ကြီးတွေ ဆောက်မယ်ဆိုရင် မီးခိုရောင်ဘိလပ် မြေအမှတ်တံဆိပ်ကို သုံးသင့်ပြီး ရိုးရိုးလမ်းနဲ့ တံတားတွေ ဆောက်မယ်ဆိုရင်
အစိမ်းရောင်က သင့်တော်ပါတယ်။ အော်ဒါမှာတာတွေရှိရင် အရည်အသွေးကောင်းတဲ့အညိုရောင် ဘိလပ်မြေကိုလည်း ထုတ်လုပ်ပေးနေပါ တယ်" ဟု အားမာန်သစ်ကုမ္ပဏီ၏
အင်ဂျင်နီယာချုပ် ဦးမြင့်အောင်က ပြောသည်။
အားမာန်သစ်ကုမ္ပဏီသည် ဘိလပ်မြေတစ်မျိုး
တည်းကိုသာ ထုတ်လုပ်သော ကုမ္ပဏီ တစ်ခုဖြစ်ပြီး ထိုဘိလပ်မြေများကို ပြည်တွင်းတွင်သာ
ဖြန့်ချိသွားမည်ဖြစ်ကာ နိုင်ငံခြားသို့ တင်ပို့ရောင်းချရန် အစီအစဉ်မရှိသေးကြောင်း
Mr.Wachirawichက ပြောသည်။
ပြည်ကျော် ဆောက်လုပ်ရေးပစ္စည်း ရောင်းဝယ်ရေးက
ဒေါ်ဇင်မာလွင်က"ကြံ့နှစ်ကောင်ဘိလပ်မြေက ဈေးနှုန်းချိုသာပြီး အရည်အသွေးကောင်းလို့ တံဆိပ်အသစ်ဖြစ်ပေမယ့်
ဝယ်တဲ့သူတွေ များပါတယ်။ ကြံ့နှစ်ကောင် ဘိလပ်မြေနဲ့မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး
ကျောက်ဆည်မြို့ရှိ ကြံ့နှစ်ကောင်ဘိလပ်မြေ စက်ရုံက ထုတ်လုပ်မှုတန်ချိန်ကိုလာမည့်နှစ်တွင် နှစ်ဆတိုးထုတ်လုပ်မည်ဖြစ်ကြောင်း အဆိုပါဘိလပ်မြေ ဖြန့်ချိသော အားမာန်သစ်
ကုမ္ပဏီလီမိတက်က အထွေထွေမန်နေဂျာ Mr.Wachirawichက ပြောသည်။
မြန်မာနိုင်ငံ၏ ဆောက်လုပ်ရေးလုပ်ငန်းတွင် အဓိကုန်ပစ္စည်းအဖြစ် အသုံးပြုလျက်ရှိသော
ဘိလပ်မြေဈေးကွက်အတွင်းထိုင်း နိုင်ငံမှတင်သွင်းသည့်
ှSCG ဘိလပ်မြေကိုသာဆောက်လုပ်ရေးလုပ်ငန်းရှင် အများစုက အသုံးများသော်လည်း ကြံ့နှစ်ကောင်ဘိလပ်မြေမှာ၂၀၁၂ ခုနှစ်မှစတင်၍ ပြည်တွင်း၌ စက်ရုံတည်ကာ ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင်လည်း
တန်ချိန်အများဆုံးထုတ်လုပ်နိုင်သည့် ပြည်တွင်း
ဘိလပ်မြေစက်ရုံဖြစ်ကြောင်းMr.Wachirawichက
ပြောသည်။
"တံဆိပ်အသစ် ဖြစ်ပေမယ့် အရည် အသွေးနဲ့ လိုအပ်တဲ့ဝယ်လိုအားအရ တစ်ရက် တန်ချိန်
၅,၀၀၀ ထုတ်လုပ်ပေးနေတဲ့ မြန်မာ နိုင်ငံရဲ့ အကြီးဆုံး ဘိလပ်မြေစက်ရုံတစ်ခု ပါ။ လာမယ့်နှစ်
ကစပြီး ဈေးကွက်လိုအပ်ချက် ကို ဖြည့်ဆည်းပေးနိုင်ဖို့ တစ်ရက်ကို တန်ချိန် ၁၀,၀၀၀ ထိ
ထုတ်လုပ်သွားမှာပါ"ဟု ၎င်းက ပြောသည်။ ကြံ့နှစ်ကောင် ဘိလပ်မြေသည် တံဆိပ်
အသစ်ဖြစ်သည့်အတွက် ဈေးကွက်ထိုးဖောက် နိုင်ရန် ဘိလပ်မြေကို အမျိုးအစားသုံးမျိုး ခွဲကာ
ကွဲပြားသည့် အရည်အသွေးများဖြင့် ခွဲခြားထုတ်လုပ်ထားကြောင်း ၎င်းက ပြောသည်။
"လိုအပ်တဲ့ အရည်အသွေးကို ချိုသာတဲ့ ဈေးနှုန်းနဲ့ရရှိစေဖို့ ဘိလပ်မြေကို ခံနိုင်ရည်အလိုက်
အမျိုးအစားခွဲပြီး အစိမ်းရောင်၊ အနီရောင်နဲ့ မီးခိုးရောင်ဆိုပြီး သုံးမျိုး ထုတ်လုပ်နေပါတယ်။
အဆင့်မြင့်ကွန်ဒိုတိုက် ကြီးတွေ ဆောက်မယ်ဆိုရင် မီးခိုရောင်ဘိလပ် မြေအမှတ်တံဆိပ်ကို
သုံးသင့်ပြီး ရိုးရိုးလမ်းနဲ့ တံတားတွေ ဆောက်မယ်ဆိုရင် အစိမ်းရောင် က သင့်တော်ပါတယ်။
အော်ဒါမှာတာတွေရှိရင် အရည်အသွေးကောင်းတဲ့ အညိုရောင် ဘိလပ်မြေကိုလည်း ထုတ်
လုပ်ပေးနေပါ တယ်" ဟု အားမာန်သစ်ကုမ္ပဏီ၏ အင်ဂျင်နီယာချုပ် ဦးမြင့်အောင်က ပြောသည်။
အားမာန်သစ်ကုမ္ပဏီသည် ဘိလပ်မြေတစ်မျိုးတည်းကိုသာ ထုတ်လုပ်သော ကုမ္ပဏီ တစ်ခုဖြစ်ပြီး ထိုဘိလပ်မြေများကို ပြည်တွင်းတွင်သာ ဖြန့်ချိသွားမည်ဖြစ်ကာ နိုင်ငံခြား သို့ တင်ပို့ရောင်းချရန်
အစီအစဉ်မရှိသေးကြောင်း Mr.Wachirawichက ပြောသည်။
ပြည်ကျော် ဆောက်လုပ်ရေးပစ္စည်း ရောင်းဝယ်ရေးက ဒေါ်ဇင်မာလွင်က "ကြံ့နှစ်ကောင်
ဘိလပ်မြေက ဈေးနှုန်းချိုသာပြီး အရည်အသွေးကောင်းလို့ တံဆိပ်အသစ်ဖြစ်ပေမယ့် ၀ယ်တဲ့
သူတွေ များပါတယ်။ ကြံ့နှစ်ကောင် ဘိလပ်မြေနဲ့ SCGဘိလပ်မြေက တစ်အိတ်ကို
ကျပ်တစ်ထောင်လောက် ကွာနေပေမယ့် လက်ရှိဈေးကွက်မှာတော့ တံဆိပ်ဟောင်း SCG
ဘိလပ်မြေက ရောင်းအားအကောင်းဆုံး ဘိလပ်မြေပဲ ဖြစ်ပါတယ်"ဟု ပြောသည်။
Credit: Myanmartimes