အချုပ်ခန်းပုံစံ တည်းခိုခန်း

အချုပ်ခန်းပုံစံ တည်းခိုခန်း - Property News in Myanmar from iMyanmarHouse.com
16 Sep 2015 9:43 am တွင် တင်ခဲ့သည်
2060 ကြိမ် ကြည့်ရှု့ပြီး
အကျဉ်းကျနေသူရဲ့ အရသာကို သိရှိလိုသူတွေ အတွက် အကောင်းဆုံး ဖန်တီးမှုတစ်ခု ပြုလုပ်ပေးထားပါတယ်။ အဲဒါကတော့ တည်းခိုနေထိုင်မယ့် နေရာကို အချုပ်ခန်းပုံစံ ဖန်တီးထားခြင်း ဖြစ်ပါတယ်။

အခန်းထဲ ၀င်ရောက်တာနဲ့ အချုပ်ခန်းထဲ ရောက်သလို ခံစားသွားစေဖို့ ပြုလုပ်ထားခြင်း ဖြစ်ပါတယ်။ ဒါဟာကမ္ဘာမှာ အချုပ်ခန်းကို ငွေကြေးပေးပြီး နေထိုင်တဲ့ နေရာအဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။ ဒီနေရာကို ၂၀၁၃ ကတည်းက ဖွင့်လှစ်ခဲ့တာ ဖြစ်ပြီး တည်းခိုနေထိုင် သူပေါင်း ( ၄၀၀) ကျော် ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

ဒီနေရာဟာ အမေရိကန် ပြည်ထောင်စု၊ အိုဟိုင်းယို ပြည်နယ်မှာ တည်ရှိပြီး စားသောက်ဆိုင်နဲ့ အတူ အချုပ်ခန်း တည်းခိုခန်းတွေကို ဖွင့်လှစ်ထားခြင်း ဖြစ်ပါတယ်။ စုစုပေါင်း အခန်း(၄)ခန်းသာ ပါဝင်တာကြောင့် တစ်ညကို လူ (၄) ယောက်သာ တည်းခိုနိုင်မှာ ဖြစ်ပါတယ်။ ကလီဗီလန်းကနေ ကားဖြင့်သွားပါက (၄၅) မိနစ်ဆိုရင် ထူးခြားတဲ့ အချုပ်ခန်း တည်းခိုခန်းကို ရောက်ရှိမှာ ဖြစ်ပါတယ်။
အိုဟိုင်းယို ဒေသက ဗာမီလီယံ အရပ်ဒေသမှာ တည်ရှိပြီး ဒီနေရာကို အရင်က စာကြည့်တိုက် အဖြစ် တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ဒီနောက် အချုပ်ခန်း အဖြစ် ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။ ပင်လယ်ကမ်းခြေနဲ့ နီးတဲ့ ဒေသမှာ တည်ရှိတာဖြစ်ပြီး တည်းခို နေထိုင်နိုင်အောင် ပြန်လည် တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ဒီနေရာကို လာရောက်တဲ့ ဧည့်သည်တွေ ညအိပ်တည်းခိုတဲ့အခါ ထူးခြား အတွေအကြုံရဖို့ အခန်းတွေကို အရင် တည်ဆောင်ခဲ့တဲ့ အချုပ်ဆောင်တွေ အတိုင်း ထားခဲ့တာ ဖြစ်ပါတယ်။

ရှေးခေတ် ဥရောပစတိုင် ပြုလုပ်ထားခြင်းဖြစ်ပြီး အသုံးအဆောင် ပစ္စည်းတွေကတော့ အချုပ်ခန်း တစ်ခန်းထက် အများကြီး ကောင်းအောင် ပြုလုပ်ပေးထားပါတယ်။ အချုပ်ခန်း တစ်ခန်းဆိုရင် နှစ်ယောက်အိပ် ခုတင်တစ်လုံးကိုပါ ထည့်သွင်းထားကြောင်း သိရပါတယ်။ မိသားစုလိုက် လာရောက်ပြီး (၄) ခန်း စလုံးကို ငှားရမ်း နေထိုင်မယ်ဆိုရင် သီးသန့် ပိုင်ဆိုင်တဲ့နေရာ ဖြစ်သွားပြီး အခြားသူတွေ လာရောက် နှောင့်ယှက်မှာကို ပူပန်စရာ မလိုတော့ပါဘူး။ အချုပ်ခန်းရဲ့ အရသာကို သိစေဖို့ ပြစ်မှု ကျူးလွန်စရာမလိုဘဲ တစ်ညအိပ်စက် နေထိုင်နိုင်တာကြောင့် စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။

Credit: messenger

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား

ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service