ရန်ကုန်ဆေးရုံကြီးကို ပြတိုက်လုပ်ရန် စီစဉ်

ရန်ကုန်ဆေးရုံကြီးကို ပြတိုက်လုပ်ရန် စီစဉ် - Property News in Myanmar from iMyanmarHouse.com
15 Sep 2015 10:44 am တွင် တင်ခဲ့သည်
1405 ကြိမ် ကြည့်ရှု့ပြီး
နှစ်ပေါင်း ကြာမြင့်နေပြီ ဖြစ်သော ရန်ကုန်ဆေးရုံကြီးသည် ခံနိုင်ဝန်အား မမျှတော့သဖြင့် ဆေးရုံအသစ် ထပ်ဆောက်ကာယင်းအဆောက်အအုံကြီးကို ဆေးတက္ကသိုလ် သင်တန်း ခန်းမနှင့် ဆေးပညာပြတိုက် ဖွင့်ရန် အစီအစဉ်ချမှတ်ထားကြောင်းကျန်းမာရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းအောင်က The Messenger Media သို့ ပြောသည်။

ဝန်ထမ်းဟောင်း အဆောက်အအုံကို ဖြိုဖျက်ကာ (၁၂)ထပ်ရှိသည့် ဆေးရုံ တစ်ရုံ ဆောက်လုပ်သွားရန် အစီအစဉ် ချထားကြောင်း သိရသည်။

''အခု သူ့ရှေးဟောင်း လက်ရာမပျက် ပြင်နေတယ်။ ပိုက်ဆံလည်း အရမ်းကုန်တာပဲ။ ပြင်ပြီးရင် ကျွန်တော် စိတ်ကူးတာက ပြတိုက်တစ်ခုလုပ်မယ်။ ပြီးတော့ ဆေးတက္ကသိုလ်ရဲ့ သင်တန်းခန်းမတွေ လုပ်မယ်။ ဖြစ်နိုင်ရင်တော့ WHO ရဲ့ အောက်က အေဂျင်စီတွေကို ငှားမယ်။ ရတဲ့ပိုက်ဆံကို နိုင်ငံတော်ကိုသွင်း။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ငှားနေတဲ့ ပိုက်ဆံက ကျွန်တော်တို့ရတဲ့ grant လေ။

ကျွန်တော်တို့ရတဲ့ ပိုက်ဆံထဲကနေ သုံးပစ်လိုက်တာ။ သူတို့ အိတ်ထဲက စိုက်တာ မဟုတ်ဘူး။ ရတဲ့ grant ကို သူတို့ အိမ်ငှားစရိတ်၊ ၀န်ထမ်းစရိတ် နုတ်လိုက်တာ။ နုတ်လိုက်တော့ ဘာမှ မကျန်တော့ဘူး။ နိုင်ငံတော်ကလည်း WHO အသင်း ၀င်ကြေးပေးရတာ ရှိတယ်'' ဟု ၎င်းက ပြောသည်။

ရန်ကုန်ဆေးရုံကြီးမှာ၁၉၀၆ခုနှစ်ကစတင် ဆောက်လုပ်
ခဲ့ခြင်း ဖြစ်ကာ ယင်းအဆောက်အအုံကြီး စတင် တည်ဆောက်စဉ်က လူနာပေါင်း (၃၆၅)ဦး အတွက် ရည်ရွယ်ကာ ဆောက်လုပ် ထားခဲ့သော်လည်း၊ယခုအခါတွင်ယင်းအဆောက်အအုံကြီး
ပေါ်၌ လူနာပေါင်း (၁၅၀၀) ခန့် ရှိနေသဖြင့် လူနာတစ်ဦးလျှင် လူနာစောင့် တစ်ဦးနှုန်းဖြင့် တွက်ပါက လူနာစောင့် (၁၅၀၀) ဦးနှင့် ၀န်ထမ်းပေါင်း (၁၅၀၀) ဦး ရှိသောကြောင့် ယင်းအဆောက်အအုံပေါ်တွင် စုစုပေါင်း လူပေါင်း (၄၅၀၀) ခန့် ရှိနေကြောင်း သိရသည်။

ထို့အပြင်မိုးရာသီတွင် ဆေးရုံတည်ရှိရာ မြေအောက်တွင် ရေ၀င်မှုများရှိသဖြင့်ယခင်ကဘင်းများပတ်ထားသော်လည်း
ဆေးရုံကြီးမှာတဖြည်းဖြည်းနိမ့်ဆင်းမှုများရှိနေကြောင်း
ပြည်ထောင်စုဝန်ကြီးက ပြောသည်။

''ကျွန်တော့် တစ်ယောက်တည်း အမြင်ကတော့ ဆေးရုံအဖြစ် ထားမယ်။ နောက်ဟိုဘက်က လူနာတွေနဲ့ ၀န်ထမ်းတွေ အတွက် ထားပေးမယ်ဆိုရင် ဘာပဲပြောပြော ကောင်းတဲ့ကိစ္စပါပဲ။ အဓိကကတော့ ဘတ်ဂျက်ပေါ့။ ဘတ်ဂျက် ကျမလားပေါ့။ ဒီအစိုးရ နောက်အစိုးရရယ် မဟုတ်ဘူး။ ကောင်းတဲ့ ကိစ္စဆိုရင် ဆက်လုပ်ရမှာ။ နံပါတ်တစ်က ပြည်သူတွေ အတွက် အကျိုးရှိမယ်။ နံပါတ်နှစ်က ရှေးဟောင်း အမွေအနှစ်ကိစ္စ ဒါတွေနဲ့ တွဲလုပ်ရမှာ။ ဘတ်ဂျက်ဆက်ရရင် ဒါတွေ ဆက်လုပ်ရမှာ'' ဟု NLD ကျန်းမာရေး ကွန်ရက် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက ပြောသည်။

ကျန်းမာရေး ၀န်ကြီးဌာန အနေဖြင့် တစ်နိုင်ငံလုံးရှိ ဆေးရုံများကို အဆင့်တိုးမြှင့်ရန် စီစဉ်လျက် ရှိပြီး(၂၄) မိုင်ဝန်းကျင်တွင် ဆေးရုံတစ်ရုံ ထားရှိရန် ပြည်ထောင်စု အစိုးရသို့ တင်ပြထားကြောင်း သိရသည်။

အစိုးရသစ် လက်ထက်တွင် ကျန်းမာရေး အသုံးစရိတ်ကို တိုးမြှင့်သုံးစွဲလျက် ရှိပြီး ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် ကျပ်ငွေ(၆၅၂) ဘီလီယံကျော် အသုံးပြုခဲ့ပြီး ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် ကျပ်ငွေ (၇၀၈) ဘီလီယံကျော် အသုံးပြုရန် ပြည်ထောင်စု အစိုးရက ဘတ်ဂျက်ခွဲဝေ ချထားသည်။

Credit: Messenger

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service