မြန်မာတစ်နိုင်ငံလုံးရှိ ရှေးဟောင်း အမွေ အနှစ်အဆောက်အအုံ တွေကို စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်နိုင်ဖို့ အတွက် သြဂုတ်လ ၂၆ ရက်နေ့မှာ ပြည်ထောင်စု လွှတ်တော်ကနေ ဥပဒေ အမှတ် ၅၁ နဲ့ အတည်ပြုပြဌာန်းလိုက်ပြီး ဥပဒေသစ် အရ ရှေးဟောင်းအဆောက်အအုံ တွေ ကာကွယ်ထိန်းသိမ်းဖို့ အတွက် အခွင့်အာဏာ အားလုံးကိုလည်း ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသန နှင့် အမျိုးသား ပြတိုက်ဦးစီးဌာနကိုလုပ်ပိုင်ခွင့် အပ်နှင်းခဲ့ပါတယ်။
ရှေးဟောင်းအဆောက်အအုံ တစ်ခု အဖြစ် သတ်မှတ်ဖို့ အတွက်လည်း အနည်းဆုံး မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက် မှာနှစ် ၁၀၀ ထက်မနည်း သက်တမ်းရှိဖို့လိုတယ့် အပြင်ဘူမိဗေဒ သဘောတရား အရလည်း လူသားတို့နေထိုင် ပြုလုပ်သုံးစွဲခဲ့တဲ့ အဆောက်အအုံတွေကို သတ်မှတ်ပေးလိုက်တဲ့ အပြင် ၀န်ကြီးဌာနတွေ နိုင်ငံတော်အတွက် အမှတ်တရ ဖြစ်စေတဲ့ အဆောက်အအုံ တွေအတွက်လည်း နှစ် ၁၀၀ သက်တမ်း မပြည့်စေကာမှု နိုင်ငံတော်က ရှေးဟောင်း အဆောက်အအုံ တွေ စာရင်းထဲမှာ ထည့်သွင်းထားတဲ့ အဆောက်အအုံတွေကိုပါ
သတ်မှတ်ပေးထားပြန်ပါတယ်။
အသစ်ပြဌာန်းလိုက်တဲ့ ဥပဒေမှာ အခန်း ၁ ကနေ အခန်း ၁၀ အထိ ပုဒ်မပေါင်း ၃၄ ခုထိ ပါဝင်ပြီး ရှေးဟောင်းအဆောက်အအုံတွေ ထိန်းသိမ်းစောင့်ရှောက်ဖို့ အတွက် ၀န်ကြီးဌာန အချင်းချင်း၊ အစိုးရအဖွဲ့အချင်းချင်းကြားမှာ ၀ိဝါဒ ကွဲပြားနေတာကို ဥပဒေပါ ပြဌာနန်းချက်တွေ အရ အဆုံးသတ်ပေးလိုက်ပြီးဖြစ်ပါတယ်။ ရှေးဟောင်းအဆောက်အအုံကို ဖျတ်ဆီးခြင်း၊ ဖျတ်ဆီးရန် ပြုလုပ်ခြင်း ၊ မူလပုံသဏ္ဍာနှင့်မူလလက်ရာများကိုပြောင်းလဲရန် ပြုလုပ်ခြင်း၊ ရှေးဟောင်းအဆောက်အအုံမှ မူလအစိတ်အပိုင်းများ၊ အနုပညာလက်ရာများကိုဖြုတ်ယူခြင်း၊ ဖယ်ရှာခြင်း တို့ကိုပြုလုပ်ပါကလည်း အနည်းဆုံးထောင်ဒဏ်ခြောက်လမှ အများဆုံး ထောင်ဒဏ်တစ်
နှစ်ထိ ချမှတ်နိုင်သည့်အပြင် အနည်းဆုံး ငွေကျပ် သုံးသိန်းမှ အများဆုံး တဆယ့်ငါးသိန်းအထိ ဒဏ်ငွေချမှတ်နိုင်သလို ငွေဒဏ် နှင့် ထောင်ဒဏ် နှစ်ရပ်လုံးကိုပါ ပူးတွဲချမှတ်နိုင်သည်။
ဥပဒေသစ် ထွတ်ရှိပြီးဖြစ်ပေမယ့် နည်းဥပဒေ ထွတ်ရှိလာခြင်း မရှိသေးတဲ့ အတွက် မြို့ပြဒေသအတွင်း ကျရောက်နေတဲ့ ရှေးဟောင်းအဆောက်အအုံ များအနီးမှာ အဆောက်အအုံ သစ်တွေ ဆောက်လုပ်လိုတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ ပြည်သူတွေ အတွက် ၁၉၉၈ ခုနှစ်မှာ ပြဌာန်းပြီးဖြစ်တဲ့ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရေး ဥပဒေနဲ့ အညီ အဆောက်အအုံ ဆောက်လုပ်မှုကို
ယဉ်ကျေးမှုဝန်ကြီးဌာနဘက်က ခွင့်ပြုပေးနေသလို ယခုဥပဒေသစ် အရလည်း ရှေးဟောင်း အဆောက်အအုံ နားမှာ အဆောက်အအုံသစ် ဆောက်လုပ်မယ် ဆိုရင် ယဉ်ကျေးမှု ၀န်ကြီးဌာန ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက် ဦးစီးဌာနကနေ ခွင့်ပြုချက်ကို ကြိုတင်ရယူပြီးမှသာ ဆောက်လုပ်ခွင့် ရတော့မှာဖြစ်ပါတယ်။
မြို့ပြဖွံ့ဖြိုးတိုးတက်မှု ၊ စီးပွားရေး အခွင့်အလမ်းများ နှင့် မိုးမျှော်တိုက်များ ၊ ဟိုတယ်ကြီးများ
အများအပြားဆောက်လုပ်နေတဲ့ ယနေ့အချိန်မှာ ရှေ့ဟောင်းအဆောက်အအုံ အဖြစ် သတ်မှတ်ထားတဲ့ အဆောက်အအုံတော်တော်များများကလည်း မြို့ပြဒေသတွေထဲမှာ ဖြိုချဖျတ်ဆီးခံခဲ့ရတယ့် အပြင် ဖွံ့ဖြိုးတိုးတက်မုဖြစ်စဉ်တွေကလည်းနှင့် ရှေးဟောင်းအဆောက်အအုံတွေရဲ့အနာဂတ်ကိုခြိမ်းခြောက်လို့လာနေပါပြီ။
ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေ နှင့် ရှေးဟောင်း အမွေအနှစ်များကာကွယ်ထိန်းသိမ်းရေး ဥပဒေ အရ ရှေးဟောင်းအဆောက်အအုံ အနီးမှာ အဆောက်အအုံ သစ်တွေထပ်မံဆောက်လုပ်လိုသူ တွေ အနေဖြင့် ၂၀၁၁ ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ ရှေးဟောင်းအမွေအနှစ်များကာကွယ်ထိန်းသိမ်းရေးနည်းဥပဒေ ပါပုံစံ များနှင့် အညီ ယဉ်ကျေးမှု ၀န်ကြီးဌာနကို ဦးစွာ တင်ပြပြီးမှ သတ်မှတ်ချက်နဲ့ ကိုက်ညီမှသာ တည်ဆောက်ရေး လုပ်ငန်းများကို လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။
မြို့နယ်၊ ကျေးလက်၊ ကျေးရွာ နှင့်လူနေဒေသ အတွင်းမိမိဆောက်လုပ်မည့် အဆောက်အဦး၏ မြေပိုင်ဆိုင်မှု အထောက်အထားကို တင်ပြရမှာဖြစ်သလို ရှေးဟောင်းအဆောက်အအုံ အဖြစ်သတ်မှတ်ထားတဲ့ အဆောက်အအုံကနေ အဆောက်အအုံသစ်ဆောက်မယ့် မြေနေရာကလည်း အနည်းဆုံး ပေ ၁၂၀ အကွာမှာရှိရမှာဖြစ်ပါတယ်၊ ဆောက်လုပ်မည့် အဆောက်အအုံ သစ်ကလည်း အမြင့်ပေ ၃၀ ထက် ကျော်လွန်ပြီး ဆောက်လုပ်လို့ မရတဲ့ အပြင် ရှေးဟောင်းအဆောက်အအုံတွေရဲ့ ခိုင်ခံ့မှုကိုထိခိုက်နိုင်မှာကို ကြိုတင်ကာကွယ်တဲ့ အနေနဲ့ အသစ်ထပ်ဆောက်ဖို့ ခွင့်ပြုထားတဲ့ အဆောက်အအုံ သစ်တွေမှာ မြေအောက်ထပ်တွေ၊မြေအောက်ခန်းတွေ တူးဖို့ ခွင့်ပြုထားခြင်းမရှိပါဘူး။
အခုနောက်ဆုံးပြဌာန်းလိုက်တဲ့ ဥပဒေပါ ထူးခြားချက်တစ်ခု အနေနဲ့ကတော့ အခန်း ၄ မှာပါတဲ့ ရှေးဟောင်းအဆောက်အအုံများ၊ ကာကွယ်ထိန်းသိမ်းခြင်း၊ အပ်နှံခြင်း၊ လက်ခံခြင်း ခေါင်းစဉ်အရ ယဉ်ကျေးမှု ၀န်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီး ပြည်နယ်အစိုးရများ ၊ ဒေသန္တရ အဖွဲ့အစည်းများ ၊ အစိုးရ မဟုတ်သောအဖွဲ့အစည်းများ နှင့်ပူးပေါင်းညှိနှိုင်းပြီးကာကွယ်စောင့်ရှောက်နိုင်သလို
ပုဒ်မခွဲ ၈ ( က ) အရ လည်းယဉ်ကျေးမှုဝန်ကြီးဌာနမှ ရှေးဟောင်းအဆောက်အအုံ အဖြစ်သတ်မှတ်ထားသည့် အဆောက်အအုံ ပျက်စီးနိုင်သည်ဟုထင်မြင်ယူဆပါက လက်ရှိပိုင်ဆိုင်နိုင်သည့် ပိုင်ရှင် သို့မဟုတ် ပိုင်ဆိုင်ခွင့် ရှိသူထံမှ ထိုက်တန်သောကာလတန်ဖိုးအပြင် ယဉ်ကျေးမှု ဆိုင်ရာထပ်ဆောင်းချီးမြုင့်ငွေပေးအပ်ပြီး အစိုးရမှ ယဉ်ကျေးမှု အမွေ အနှစ်အဖြစ်
ထိန်းသိမ်းထားရန် ကိုပါ ပြဌာန်းထားသည်။
လတ်တလော အခြေအနေ အရ မြန်မာတစ်နိုင်ငံလုံးမှာ ရှိတဲ့ ရှေးဟောင်းအဆောက်အအုံ အဖြစ် သတ်မှတ်ထားတဲ့ အဆောက်အအုံ တွေမှာ နေထိုင်နေတဲ့ ပြည်သူတွေ အနေဖြင့်လည်း မိမိအစီအစဉ်ဖြင့်သာ အဆောက်အအုံတွေကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်နေရတဲ့ အခြေအနေကလည်း မကြာမီမှာ နိုင်ငံတကာစံချိန်စံညွန်းတွေနဲ့ အတူ နေထိုင်သူတွေနဲ့ ဆွေးနွေးညှိနှီုင်းထိန်းသိမ်းသွားမှာ ဖြစ်သလို၊ အစိုးရအဖွဲ့မဟုတ်တဲ့ NGO အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းပြီး ထိန်းသိမ်းစောင့်ရှောက်သွားဖို့ ရည်ရွယ်ထားတယ်လို့ ယဉ်ကျေးမှုဝန်ကြီးဌာနမှ မီဒီယာ များသို့ ပြန်လည်ဖြေကြားပေးထားတာ ကိုေ တွ့ရပါတယ်။
မြန်မာတစ်နိုင်ငံလုံးမှာ ရှေးဟောင်း အဆောက်အအုံ အမွေ အနှစ်အဖြစ် သတ်မှတ်ထားတဲ့ အဆောက်အအုံပေါင်း ၅၀၀၀ ကျော်ရှိပြီး ( ဘုရားစေတီ များ သာသနိက အဆောက်အအုံများ ) အပါအ၀င် ဖြစ်ပြီးယခုဥပဒေသစ်အရ ထပ်တိုးအဆောက်အအုံများလည်း ပါဝင်လာနိုင်ဖွယ်ရှိနိုင်ပါတယ်။
ထူးခြားချက် အနေနဲ့ကတော့ ဥပဒေ အခန်း ၄ ပါ ပုဒ်မခွဲ( ၈ ) ခ အပိုဒ် ၁ ၊ ၂ တွင်ဖော်ပြထားချက်အရ တိုင်းရင်းသားတို့၏ ဓလေ့ထုံးစံ အစဉ်အလာ အတိုင်း လက်ရှိကျင့်သုံးနေသည့် ရှေးဟောင်းအဆောက်အအုံနှင့် ဘာသာရေးဆိုင်ရာ အဆောက်အအုံ သို့မဟုတ် ပိုင်ရှင်က မိမိ သို့မဟုတ် မိမိ၏ ဘိုးဘွားအစဉ်အဆက် သို့မဟုတ်မိသားစု တွင်ပါဝင်သူ တစ်ဦးဦးနှင့် ပက်သက်သည့် သင့်လျော်သည့် အကြောင်းပြချက်ဖြင့် ကိုယ်ပိုင်ထိန်းသိမ်းစောင့်ရှောက်လိုသည့် အဆောက်အအုံ များမှာမူ ၀န်ကြီးဌာန၏ ထိန်းသိမ်းစောင့်
ရှောက်မှု နှင့် သက်ဆိုင်ြုခင်း မရျှိစေရန် ပြဌာန်းထားသည်။ယဉ်ကျေးမှု ၀န်ကြီးဌာနမှ ရရှိထားတဲ့ အချက် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်နေတဲ့ ရှေးဟောင်းအဆောက်အအုံတွေကို ပြုပြင်မွမ်းမံ ထိန်းသိမ်းဖို့ နိုင်ငံတော်က ဘတ်ဂျတ်ချထားပေးထားသော်လည်း လောက်ဌခြင်းမရှိသည့် အတွက် ပြည်တွင်းအလှုရှင်များ နိုင်ငံတကာ အဖွဲ့အစည်းများ ရဲ့အကူအညီနဲ့ ထိန်းသိမ်းစောင့်ရှောက်
စေလျက်ရှိပါသည်။
ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com