ဒူဘိုင်း - ယခုနှစ် ဒုတိယသုံးလပတ်မှာ ဒူဘိုင်းအိမ်ခြံမြေဈေးကွက်ဈေးနှုန်းတွေက ကမ္ဘာ့အကျဆင်းဆုံးပဲဖြစ်တယ်လို့ Knight Frank ကမ္ဘာ့အိမ်ခြံမြေဈေးနှုန်းညွှန်းကိန်းအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။ အရောင်းအ၀ယ်ပမာဏဆိုရင် ပြီးခဲ့တဲ့နှစ် ပထမခြောက်လနဲ့ ယခုနှစ် ပထမခြောက်လယှဉ်ရင် ၆၉ ရာခိုင်နှုန်း ကျဆင်းခဲ့တာကို တွေ့ရပါတယ်။
ဟောင်ကောင် - စီးပွားရေးမတည်ငြိမ်မှုတွေ များလာတဲ့ကြားကပဲ ဟောင်ကောင်မှာ အိမ်ခြံမြေရောင်းချရတဲ့ ပမာဏတွေ သြဂုတ်လတစ်လထဲမှာပဲ ၂၉ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် ပထမခြောက်လအတွင်းဆိုရင်တော့ ဟောင်ကောင်က အိမ်ခြံမြေဈေးနှုန်းတွေ ၁၀ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။
တရုတ် - ရိုက်တာသတင်းဌာနရဲ့ ဖော်ပြချက်အရဆိုရင် အိမ်ခြံမြေဈေးနှုန်းတွေ ပြီးခဲ့တဲ့ ဇူလိုင်လမှာ ၃ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး သြဂုတ်လက ၄ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ ဒါဟာ သီတင်းပတ်ရှစ်ပတ်အတွင်းမှာ ၉ ရာခိုင်နှုန်း နီးပါး ကျဆင်းခဲ့တယ်လို့ ညွှန်ပြလိုက်တာပါပဲ။
အိန္ဒိယ၊ မွမ်ဘိုင်း - စည်ပင်နယ်နမိတ်နဲ့ တခြားမြို့လေးတွေက အိမ်ခြံမြေဈေးနှုန်းတွေဟာ ပြီးခဲ့တဲ့နှစ်ဧပြီကထက် ဒီနှစ်မှ ၁၈ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ ဒီနှစ်ရဲ့ နောက်ဆုံးသုံးလပတ်အတွက် ထွက်ရှိလာတဲ့ အဆောက်အအုံသစ် ဆောက်လုပ်ခွင့်ပြုမိန့်တွေဟာ ၄၀ ကနေ ၈၀ ရာခိုင်နှုန်းထိကို ကျဆင်းခဲ့ပါတယ်။
အမေရိကန် - အိမ်ဈေးနှုန်းန်းတွေက တက်နှင့်ပြီးသားပါ။ အနာဂတ်မှာလည်း မြင့်တက်ဦးမယ်လို့ ခန့်မှန်းထားကြပါတယ်၊ ဥပမာ- နောက်နှစ်ထဲမှာဆို အိမ်ဈေးနှုန်း ၅ ရာခိုင်နှုန်းနဲ့ အိမ်ဝယ်ယူမှုအတွက် လစဉ်ပြန်ဆပ်ရတဲ့ ချေးငွေပမာဏကလည်း ၁၈ ရာခိုင်နှုန်းလောက် မြင့်တက်သွားနိုင်တယ်ပေါ့။ ဒါ့ကြောင့် ဘယ်လိုဈေးနှုန်းမြင့်တက်မှုမျိုးကမဆို ဖောင်းပွမှုနဲ့ရင်ဆိုင်နေရပြီးသား ဈေးကွက်အတွက် ခြိမ်းခြောက်မှုဖြစ်လာမှာပါပဲ။
လန်ဒန် - ဘဏ္ဍာရေးအကျပ်အတည်းစဖြစ်ကတည်းက လန်ဒန်အလယ်ပိုင်းက အိမ်ခြံမြေဈေးနှုန်းတွေဟာ အရင့်အရင်အချိန်တွေကထက်ကို တစ်ရှိန်ထိုးကျဆင်းလာပါတယ်။ မိသားစုတစ်စုစာ ကျယ်ကျယ်ဝန်းဝန်းနေထိုင်လို့ ရတဲ့ မိသားစုအိမ်တွေဆို သီတင်းပတ် ၈ ပတ်အတွင်း ၁၀ ရာခိုင်နှုန်းလောက် ကျဆင်းခဲ့ပါတယ်။ ဗြိတိန်တစ်ခုလံးမှာဆို အိမ်ခြံမြေအရောင်းအ၀ယ်ပမာဏက ၂၀၀၈ ခုနှစ်ကတည်းက ၄၀ ရာခိုင်နှုန်း ကျဆင်းပြီး လုံးလုံးကို အေးစက်နေတာပါ။ ဈေးကွက်က အခုတော့ အစိုးရရဲ့ ဘဏ္ဍာရေးစီမံချက်တွေနဲ့ ကျားကန်ထားတဲ့ အခြေအနေပေါ့။ အာရှရင်းနှီးမြှုပ်နှံသူတွေကလည်း ပေါင်ငွေဈေးအရမ်းမာနေလို့ လန်ဒန်အိမ်ခြံမြေဈေးကွက်ကို ရှောင်လာကြပါတယ်။
သြစတြေးလျ - သြစတြေးလျအိမ်ခြံမြေဈေးကွက်ဟာ နိုင်ငံသမိုင်းမှာ အချိန်မရွေးပေါက်ကွဲပျက်စီးသွားနိုင်တဲ့၊ ကောင်းမွန်တဲ့ အခြေအနေမှာ ရှိနေပါတယ်။ ပေါက်ကွဲထွက်ပြီဆိုရင်တော့ မဲလ်ဘုန်းက ဗဟိုချက်ဖြစ်မယ်လို့ အိမ်ခြံမြေစီးပွားရေးပညာရှင်တွေက ခန့်မှန်းထားပါတယ်။
ဆွစ်ဇာလန် - ဆွစ်ဇာလန်မှာ အထူးသဖြင့် ဂျနီဗာနဲ့ ဇူးရစ်ခ်ျမြို့တို့လို မြို့တွေမှာ ငါးနှစ်အတွင်း အိမ်ခြံမြေဈေးနှုန်းတွေ ရာခိုင်နှုန်း ၇၀ လောက် မြင့်တက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်လကတော့ ၅ ရာခိုင်နှုန်းလောက် ပြန်လည်ကျဆင်းခဲ့ပါတယ်။
ပြင်သစ် - မက်ထရိုပိုလီတန်ပြင်သစ်က အိမ်ဈေးနှုန်းတွေက ကိုးလဆက်တိုက်ကျဆင်းနေခဲ့ပြီး ၂၀၁၄ ခုနှစ် ဒုတိယသုံးလပတ် ကနေ ယခုနှစ်ထိ ကျဆင်းမှုက ၁ ဒသမ ၂၁ ရာခိုင်နှုန်း ရှိတယ်လို့ အမျိုးသားစာရင်းအင်းနဲ့ စီးပွားရေးလေ့လာမှုဌာနရဲ့ ထုတ်ပြန်ခဲ့ပါတယ်။
အီတလီ - လက်ရှိ အီတလီက အိမ်ဈေးနှုန်းတွေက တောင်ပိုင်းမှာ ၂၇ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းပြီး မြောက်ပိုင်းနဲ့ အလယ်ပိုင်းမှာ ၁၅ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ စီးပွားရေးဈေးကွက်အလားအလာရဆိုရင် နောက်ထပ်အများကြီး ဆက်လက်ကျဆင်းဦးမှာပါ။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ဘာသာပြန်သည်။)