အနာဂတ်မျိုးဆက်လူငယ်တွေကို အဓိကရည်ရွယ်ပြီး Youth City လူငယ်မြို့တော်တစ်ခုကို တီဂျန်မလင်မြို့တော်မှာ တည်ဆောက် သွားဖို့ရှိတယ်လို့ မလေးရှားအစိုးရအာဏာပိုင်က မကြာသေးမီက ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။
“ လူငယ်တွေက ကျွန်တော်တွေရဲ့အနာဂတ်မျိုးဆက်တွေပါပဲ။ တိုင်း ပြည်ရဲ့အနာဂတ်က သူတို့တွေရဲ့လက်ထဲမှာရှိပါတယ်။ နောက်ပြီး နိုင်ငံရဲ့အစိုးရအပေါ်အကောင်းမြင်ပြီး ယုံကြည်ကြဖို့လည်းလိုတယ် လေ။ ဒါမှလည်း ကိုယ့်နိုင်ငံကို ကိုယ်ချစ်ပြီး ဘယ်လိုဖွံ့ဖြိုးတိုးတက် အောင်လုပ်ဆောင်ရမလဲဆိုတဲ့ စိတ်ထားတွေထားတတ်လာမှာပါ။ သူတို့တွေအတွက် ကျွန်တော်တို့ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးမယ်။ နေရေးထိုင်ရေးအတွက် အဆင်ပြေအောင်လုပ်ပေး မယ်။ အခုဆောက်လုပ်မယ့် လူငယ်မြို့တော်က သူတို့ရဲ့အနာဂတ် အတွက် ရည်မှန်းချက်တွေမွေးထုတ်ပေးရာ နေရာတစ်ခုလည်းဖြစ် စေရမယ်” လို့ ဝန်ကြီးချုပ် ဒါတက်ဆီရီနာဂျစ်တန်ရာ ဇတ်က ပြောကြားထားပါတယ်။
ဝန်ကြီးချုပ်က နိုင်ငံမှာနေထိုင်ကြတဲ့ လူငယ်တွေရဲ့ဘဝရှင်သန်နေထိုင်ရေး အဆင်ပြေစေနိုင်ဖို့အတွက် အလုပ်အကိုင်နဲ့ အခွင့်အလမ်းတွေကို ဖန်တီးပေးမှာဖြစ်ပြီး တန်ဖိုး နည်း အိမ်ယာစီမံကိန်းတွေဆောက်လုပ်ကာ လူငယ်မြို့တော်တစ်ခု အဖြစ် ဖန်တီးပေးသွားမှာဖြစ်တယ်လို့ ဆိုထားပါတယ်။
လူငယ်မြို့တော်လို့ ခေါ်တဲ့မြို့တော်မှာနေထိုင်နိုင်မယ့် လူငယ်တွေ က ၁၉၈၀ နဲ့ ၁၉၉၀ အကြားမှာမွေးဖွားကြတဲ့ လူငယ်တွေဖြစ်ရမှာ ဖြစ်ပြီး အနာဂတ်ရည်မှန်းချက်တွေကို စတင်ပြီးအကောင်အထည် ဖော်ဖို့ ဆန္ဒရှိတဲ့ လူငယ်တိုင်းနေထိုင်ခွင့်ရှိမှာလည်း ဖြစ်ပါတယ်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ဘာသာပြန်သည်။)