အများပိုင်ကုမ္ပဏီများသို့ ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်လိုခြင်း ရှိ မရှိ SECM က စစ်တမ်းကောက်နေ

အများပိုင်ကုမ္ပဏီများသို့ ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်လိုခြင်း ရှိ မရှိ SECM က စစ်တမ်းကောက်နေ - Property News in Myanmar from iMyanmarHouse.com
10 Sep 2015 9:41 am တွင် တင်ခဲ့သည်
629 ကြိမ် ကြည့်ရှု့ပြီး
ပြည်တွင်းရှိ အများပိုင်ကုမ္ပဏီများအနေဖြင့် ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်လိုခြင်းရှိ မရှိ ဆန္ဒသဘောထားကို သိရှိနိုင်ရန် မြန်မာနိုင်ငံငွေချေးသက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင် (SECM)က စစ်တမ်းကောက်ယူနေကြောင်း SECM ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်သိမ်းက Daily Eleven သတင်းစာသို့ ပြောကြားသည်။

“အများပိုင်ကုမ္ပဏီတွေဆီကို စတော့အိတ်ချိန်းမှာ စာရင်းဝင်လိုတဲ့ဆန္ဒ ရှိ မရှိဆို တဲ့ Servery လုပ်နေတယ်။ SECM လုပ်တာပါ။ အဓိကကတော့ သူတို့ကုမ္ပဏီတွေရဲ့ ရည်မှန်းချက်တွေ၊ ဈေးကွက်တွေကို စစ် တမ်းကောက်တာပါ။ အလားအလာကောင်းတဲ့ ကုမ္ပဏီတွေကိုပေါ့။ တချို့အများပိုင်ကုမ္ပဏီတွေက အခုမှ ထူထောင်ခါစပဲရှိသေးတယ်လေ။ Servery Form တွေတောင် ပို့ပေးသွားပြီ။ စတော့အိတ်ချိန်းမှာ စာရင်းဝင်ဖို့ လျှောက်ထားနိုင်ပြီဆိုတဲ့ တရားဝင်ကြေညာချက်ကတော့ နောက်အပတ်ထဲမှာ ထွက်လာပါလိမ့်မယ်” ဟု ဒေါက်တာမောင်မောင်သိမ်းက ပြောကြားသည်။

မြန်မာနိုင်ငံတွင် အများပိုင်အဖြစ်ဖွဲ့စည်း၍ လုပ်ငန်းများတွင်ကျယ်စွာ ဆောင်ရွက်နေသည့် ကုမ္ပဏီမှာ ၁၅၆ ခုရှိပြီး ရန်ကုန်စတော့အိတ်ချိန်း စတင်ချိန်တွင် အများပိုင်ကုမ္ပဏီငါးခုခန့်ဖြင့် စတင်နိုင်မည်ဟု ခန့်မှန်း ထားကြောင်း ဒေါက်တာမောင်မောင်သိမ်းက ဆိုသည်။

“ရန်ကုန်စတော့အိတ်ချိန်းကိုတော့ စိစစ် ပီး အများပိုင်ကုမ္ပဏီ လေး၊ ငါးခုလောက်နဲ့ စနိုင်တဲ့ အနေအထားရှိပါတယ်။ စတာက ဒီလောက်နဲ့စပေမယ့် အစဉ်တိုးနေမှာ ဖြစ်ပါတယ်”ဟု ၎င်းကဆက်လက်ပြောကြားသည်။

ရန်ကုန်စတော့အိတ်ချိန်းသို့ ၀င်ရောက်ခွင့်ရရှိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း မြန်မာ့လယ်ယာစီးပွားအများပိုင်ကော်ပိုရေးရှင်း (MAPCO)၊ FMI၊ AGD ဘဏ်တို့က တရားဝင်ထုတ်ဖော် ကြေညာထားကြသည်။

လက်ရှိ ရန်ကုန်စတော့အိတ်ချိန်းစတင်ဖွင့်လှစ်ပါက နံနက် ၉ နာရီခွဲတွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး နံနက် ၁၁ နာရီတွင် တစ် ကြိမ်၊ မွန်းလွဲ ၁ နာရီတွင် တစ်ကြိမ် ရှယ်ယာအရောင်းအ၀ယ် အမှာများကို Matching ပြု လုပ်မည်ဖြစ်သည်။

ရန်ကုန်စတော့အိတ်ချိန်းကို မြန်မာ့စီးပွားရေးဘဏ်က ရှယ်ယာ ၅၁ ရာခိုင်နှုန်း၊ ဂျပန်ဘက်မှ Daiwa Group နှင့် Japan Exchange Group တို့က ၄၉ ရာခိုင်နှုန်းဖြင့် အသီးသီးထည့်ဝင်လုပ်ဆောင်ကြခြင်းဖြစ်ပြီး စတင်ရင်းနှီးငွေမှာ ၃၁ ဘီလျံကျပ်ဖြစ်သည်။

ရန်ကုန်စတော့အိတ်ချိန်းကို စတင်လည်ပတ်နိုင်ပြီ ဖြစ်သော်လည်း ရွေးကောက်ပွဲကာလနှင့် တိုက်ဆိုင်နေသဖြင့် ဖွင့်လှစ်မည့်အချိန်ကို ရွှေ့ဆိုင်းထားခြင်းဖြစ် ကြောင်းသိရသည်။

ရန်ကုန်စတော့အိတ်ချိန်းအဖြစ် ဖွင့်လှစ်မည့် အဆောက်အအုံမှာ သက်တမ်းနှစ် ၈၀ ကျော်သက်တမ်းရှိ ယခင်မြ၀တီဘဏ်ရုံးချုပ်ဟောင်းကို ခေတ်မီပြန်လည်မွမ်းမံထားသည့် အဆောက်အအုံဖြစ်သည်။

Credit : Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service