ရွေးကောက်ပွဲ နီးလာ၍ ရန်ကုန်အိမ်ခြံမြေဈေးကျဆင်းလာ

ရွေးကောက်ပွဲ နီးလာ၍ ရန်ကုန်အိမ်ခြံမြေဈေးကျဆင်းလာ - Property News in Myanmar from iMyanmarHouse.com
9 Sep 2015 11:16 am တွင် တင်ခဲ့သည်
5178 ကြိမ် ကြည့်ရှု့ပြီး
ရွေးကောက်ပွဲကာလ နီးကပ် လာသည့်အချိန်၌ ရန်ကုန်တိုင်း ဒေသကြီးတွင် အိမ်ခြံမြေဈေးနှုန်း များမှာ ထက်ဝက်နီးပါး ကျဆင်း လျက်ရှိနေကြောင်း အိမ်ခြံမြေလုပ် ငန်းရှင်အသိုင်းအဝိုင်းမှ သိရှိရ သည်။

၂ဝ၁၅ခုနှစ် နှစ်ကုန်ပိုင်းတွင် ရွေးကောက်ပွဲရှိနေခြင်းကြောင့် အပြောင်းအလဲများစွာ ရှိနေနိုင်သည် ဟု ယူဆရကြောင်းနှင့် မြန်မာ့အိမ်ခြံ မြေကဏ္ဍသည် ယခင်နှစ်ထက်စာ လျှင် ၅ဝ ရာခိုင်နှုန်းခန့် ကျဆင်း သွားခဲ့ကြောင်း သိရသည်။

”နိုဝင်ဘာလမှာကျင်းပမယ့် ရွေးကောက်ပွဲနီးကပ်လာတာနဲ့အမျှအိမ်ခြံမြေရောင်းဝယ်သူတွေဟာ နိုင်ငံ ရေး ပြောင်းလဲမှုအပေါ် စိတ်ဝင်စားမှု မြင့်တက်လာတာပါ။ အထူးသဖြင့် ကြာမြင့်နေတဲ့ကွန်ဒိုမီနီယံဥပဒေနဲ့ နိုင်ငံခြားသား မြေယာပိုင်ဆိုင်မှုတွေခွင့်ပြုမှာလားဆိုတာစိတ်ဝင်စားမှု မြင့်တက်လာတာပဲ”ဟု က ပြော သည်။

အိမ်ခြံမြေဈေးကွက်အတွင်းအမှန်တကယ် နေထိုင်မည့်သူများ သာ ဝယ်ယူနေကြပြီး ဈေးကစားလို သည့် ဝယ်ရောင်းများအနေဖြင့် မိုးရာသီဖြစ်သည့်အပြင် နိုင်ငံရေး အပြောင်းအလဲများတွင် စီးပွားရေး ပြောင်းလဲမည်ကို စိုးရိမ်နေကြခြင်း ကြောင့် ဝယ်ယူမှုများ မရှိခြင်းမှာ လည်း ဈေးကွက်နှေးကွေးနေခြင်း ဖြစ်သည်ဟု သိရသည်။

အိမ်ခြံမြေကဏ္ဍသည် ငွေကြေး ဖောင်းပွမှုအထက်တွင် ရှိသည်ဟု ဆိုသော်လည်း ငွေကြေးနှုန်းထား အတက် အကျ များလာသည်နှင့်အမျှ မြန်မာ့အိမ်ခြံမြေ ဈေးကွက်သည် ရင်းနှီးမြှုပ်နှံသူများအတွက် စိတ်ဝင် စားမှု အများဆုံးဖြစ်ပြီး မြန်မာနိုင်ငံတွင်စတော့ဈေးကွက်နှင့်
ငွေကြေး လည်ပတ်မှုဈေးကွက် အားနည်း နေခြင်းကြောင့် အိမ်ခြံမြေလုပ်ငန်း သည် ရင်းနှီးမြှုပ်နှံရန် အကောင်း ဆုံးဖြစ်နေကြောင်းလည်း သိရသည်။

”လက်ရှိအခြေအနေအရတော့အိမ်ခြံမြေအရောင်းဈေးကွက်က အေးနေတယ်ဆိုတာထက် ဝယ်မယ့် သူကို ထိုင်စောင့်နေရတယ်။ ရွေး ကောက်ပွဲမှာ အပြောင်းအလဲဖြစ်မှာ ကိုလည်း စောင့်နေရတယ်။

ဘာလို့လည်းဆိုတော့စီမံကိန်းတွေဟာ ရွေးကောက်ပွဲကာလအပြီးမှာဘယ်လိုတွေဖြစ်လာနိုင်လည်းဆိုတာကို
စောင့်ကြည့်နေရတာဖြစ်ပါတယ်” ဟု အိမ်ခြံမြေဈေးကွက် အရောင်း အဝယ်အေးနေခြင်းနှင့် ပတ်သက်၍ ဇော် အိမ်ခြံမြေအကျိုးဆောင်လုပ် ငန်းမှ ဦးဇော်လွင်က ပြောသည်။

လက်ရှိအချိန်တွင် ပါမစ်မြေများ နှင့် အိမ်ခြံမြေကဏ္ဍမှာ အဝယ်အေး နေသော်လည်း အိမ်ခြံမြေ အငှား ကဏ္ဍတွင် ပုံမှန်အတိုင်းသာ လည် ပတ်နေကြောင်း၊ လက်ရှိအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ် ခြံမြေ ဝယ်ယူငှားရမ်းလိုသူများ၏ ရှာဖွေမှုအများဆုံးမြို့နယ်မှာ စမ်း ချောင်းမြို့နယ်ဖြစ်ပြီး ဒုတိယရှာဖွေ မှု အမြင့်ဆုံးမြို့နယ်မှာ သာကေတ မြို့နယ်နှင့် တတိယအမြင့်ဆုံးမှာ ဗဟန်းမြို့နယ်တို့ ဖြစ်ကြောင်း သိရ သည်။

Credit: The Trade Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service