တော်ဝင်ကုမ္ပဏီက ကျပ် ၄၅ သိန်းတန် တိုက်ခန်းများ ဆောက်လုပ်ရောင်းချရန် တင်ပြထားဟုဆို

တော်ဝင်ကုမ္ပဏီက ကျပ် ၄၅ သိန်းတန် တိုက်ခန်းများ ဆောက်လုပ်ရောင်းချရန် တင်ပြထားဟုဆို - Property News in Myanmar from iMyanmarHouse.com
8 Sep 2015 10:48 am တွင် တင်ခဲ့သည်
2189 ကြိမ် ကြည့်ရှု့ပြီး
ငွေကျပ် ၄၅ သိန်းဖြင့် အခြေခံလူတန်းစားဝယ်ယူနိုင်မည့်
အခန်းများကိုတည်ဆောက်ရောင်းချနိုင်ရန် တော်ဝင် ဆောက်လုပ်ရေးကုမ္ပဏီက အစိုးရအဖွဲ့ထံ တင်ပြထားကြောင်း အဆိုပါကုမ္ပဏီ ဥက္ကဋ္ဌ ဦးကိုကိုထွေးကပြောသည်။

မြေဧက တစ်ထောင်ကျော် တွင် ငါးနှစ်အတွင်း အခန်းပေါင်း သုံးသိန်းကျော်တည်ဆောက်မည့် အဆိုပါစီမံကိန်းကို အစိုးရအဖွဲ့ ထံတင်ပြထားဆဲသာဖြစ်ပြီး ယခု အစိုးရက စိတ်ဝင်စားသည့်အခြေ အနေမတွေ့ဘဲ နောက်အစိုးရ လက်ထက်မှသာ ခွင့်ပြုပေးဖွယ်ရှိ ကြောင်း ဦးကိုကိုထွေးက ဆို သည်။

ထိုအဆောက်အအုံများ ဆောက်လုပ်ရာတွင် ရှစ်ထပ်အမြင့် တိုက်တစ်လုံးလျှင် အခန်း ပေါင်း ၃၁၂ ခန်းအထိ ပါဝင်စေ ရန်ထည့်သွင်းတည်ဆောက်မည် ဖြစ်ကာတန်ဖိုးသင့်တင့်မျှတသည့်ဓာတ်လှေကားများပါထည့်သွင်းတပ်ဆင်ပေးသွားမည် ဖြစ်ကြောင်း၊ အခန်းတစ်ခန်းလျှင် ၂၅၇ စတုရန်းပေ ကျယ်ဝန်းမည်ဖြစ်ကြောင်းသိရသည်။

တည်ဆောက်မည့် မြေနေ ရာကိုမူအတိအကျမသိရသေးဘဲ အစိုးရအဖွဲ့မှချထားပေးသည့် မြေနေရာတွင်
တည်ဆောက်မည် ဖြစ်ကြောင်း ဦးကိုကိုထွေးကဆို သည်။
‘‘ကျွန်တော်က အစိုးရဆီက မြေကို ဒီနေ့ရရင် မနက်ဖြန် ဆောက်လို့ရရင်တောင် ဆောက် ချင်တာ’’ဟု ၎င်းကပြောသည်။

တော်ဝင် ဆောက်လုပ်ရေး ကုမ္ပဏီအနေဖြင့် မြောက်ဒဂုံမြို့ နယ်ရှိ မဟာမြိုင်အိမ်ရာ၊ တော် ဝင်အိမ်ရာများအပြင် အင်းစိန်မြို့ နယ်နှင့် မရမ်းကုန်း မြို့နယ်များ တွင်လည်း မုဒိတာတန်ဖိုးနည်းအိမ်ရာစီမံကိန်းများကိုတည် ဆောက်ထားခြင်းကြောင့်အတွေ့အကြုံများစွာရှိသဖြင့် ယခုကဲ့သို့ အခန်းရေများများကိုတန်ဖိုးသက်သာစွာဖြင့်
ရောင်းချတည်ဆောက်နိုင်ခြင်းဖြစ်သည်ဟုဦးကိုကိုထွေးကပြောသည်။

တန်ဖိုးအားဖြင့်ကျပ်၄၅ သိန်းရှိမည့် အဆိုပါတိုက်ခန်းများကို ကြိုပွိုင့်အရစ်ကျစနစ်ဖြင့် ရောင်းချသွားမည်ဖြစ်ပြီး ဈေးကစားသူ၊အရောင်းအဝယ် ပြုလုပ်သူများ လျော့နည်းသွားစေရန် အခန်း အရေအတွက်ကို ပမာဏများများ တည်ဆောက်သွားရန် ကုမ္ပဏီက ရည်ရွယ်ထားသည်။

လက်ရှိအချိန်တွင် အစိုးရ က တည်ဆောက်သည့် အိမ်ရာစီမံ ကိန်းများပင်ကျပ်သိန်း ၁၀၀ ပတ်ဝန်း ကျင်ဖြင့် တန်ဖိုးသင့်တင့်၊တန်ဖိုးမျှဟူ၍ ရောင်းချပေးနိုင်ခြင်းဖြစ်
သောကြောင့် ယခု စီမံကိန်းမှာ လက်တွေ့အားဖြင့် မဖြစ်နိုင်ကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်ကြီးအချို့ ကပင် အဆိုပါ အိမ်ရာစီမံကိန်းအပေါ် ဝေဖန်ထားသည်။

ယခုကဲ့သို့ တန်ဖိုးနည်းအိမ် ရာ စီမံကိန်းများကို အစိုးရက မရောင်းချပေးနိုင်သည့်ဈေးကွက် ကို ပုဂ္ဂလိက လုပ်ငန်းရှင်တစ်ဦး က လုပ်ဆောင်ပေးမည်ဆိုသည် မှာ ကြိုဆိုရမည်ဖြစ်ပြီး တော်ဝင် ကုမ္ပဏီဘက် မှတောင်းဆိုသည့် မြေဧကတစ်ထောင်ကျော်မှာ များ ပြားလွန်းသည့်အတွက် အစိုးရ အနေဖြင့် ပေးရန်အခက်အခဲရှိနိုင် ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနသို့ အိမ်ရာစီမံကိန်းများနှင့် ပတ်သက်၍ အကြံပေးလုပ်ဆောင်နေသည့် မြို့ပြစီမံကိန်းပညာရှင် ဦးမြင့်မိုရ်ဆွေက ပြောသည်။

သိန်း ၄၀ ကျော်ဖြင့် ရောင်း ချပေးမည့် တိုက်ခန်းအနေဖြင့် စတုရန်းပေအားဖြင့် ၂၇၀၊ ၃၀၀ နီးပါး ရှိရမည်ဖြစ်ကြောင်း ထိုင်း နိုင်ငံမှ တန်ဖိုးနည်းတိုက်ခန်းများ ၏ အတွေ့အကြုံကို ဦးမြင့်မိုရ်ဆွေကပြောသည်။

လက်ရှိအစိုးရက ကျပ်သိန်း ၁၀၀ ခန့်ဖြင့်ရောင်းချပေးနေသည့် တိုက်ခန်းများမှာ စတုရန်းပေ ၃၀၀ ကျော်ရှိသည့်အခန်းများ ဖြစ်သည်။
‘‘အစိုးရကိုယ်တိုင် ကိုယ်ပိုင် မြေရှိတာတောင် သူ့ရဲ့အိမ်ရာစီမံ ကိန်းတွေမှာ ဈေးလျှော့မရောင်း ပေးနိုင်ဘူး။ ဒါ့ကြောင့်သူ့လိုလုပ်ရဲတဲ့သတ္တိကိုတော့ လေးစားတယ်။
တကယ်ဖြစ်လာဖို့ကို အစိုးရက ဝိုင်းကူညီပေးရမှာပေါ့’’ ဟုဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးကသုံးသပ်သည်။

အစိုးရ အနေဖြင့် လက်ရှိ မြေဈေးကြီးမြင့်နေသည့်အတွက် ၎င်းတောင်းဆိုသည့်မြေဧကတစ် ထောင်ကျော်ကို
ပေးနိုင်ဖွယ်မရှိ ကြောင်း ၎င်းကဆိုသည်။

Credit: : 7daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service