ဈေးလျှော့ရောင်း၍ ကျပ်သိန်းနှစ်ရာမှ ခြောက်ရာအတွင်း မြေကွက်များ အလုပ်ပြန်ဖြစ်

ဈေးလျှော့ရောင်း၍ ကျပ်သိန်းနှစ်ရာမှ ခြောက်ရာအတွင်း မြေကွက်များ အလုပ်ပြန်ဖြစ် - Property News in Myanmar from iMyanmarHouse.com
7 Sep 2015 10:48 am တွင် တင်ခဲ့သည်
2031 ကြိမ် ကြည့်ရှု့ပြီး
မြောက်ဥက္ကလာ ပ၊ သင်္ဃန်းကျွန်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်များရှိ ပါမစ်မြေနှင့် ဂရန်မြေများအဓိက အလုပ်ဖြစ်နေပြီး ကျပ်သိန်း နှစ် ရာကျော်မှ ကျပ်သိန်း ခြောက်ရာ ခန့် အိမ်လုံးချင်းများ ယခုရက်ပိုင်း အတွင်း အရောင်းအ၀ယ်ဖြစ်နေ ကြောင်း အိမ်ခြံမြေဈေးကွက်မှ သတင်းရရှိသည်။

ပေ ၄၀×၆၀၊ ၁၂ ပေခွဲ×၅၀ မြေကွက်များသည် ရပ်ကွက်အပေါ်မူတည်ပြီး အရောင်းအ၀ယ်ဖြစ်နေကြောင်း ဒဂုံဆိပ်ကမ်းမြို့နယ်မှ အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးက ပြောသည်။

‘‘တကယ်နေမယ့် ထိုင်မယ့် သူတွေဝယ်ကြတာပါ။ ရပ်ကွက် ကောင်းကောင်း၊ အိမ်ကောင်း ကောင်းကို သိန်းသုံးရာ၊ လေးရာ လောက်နဲ့ တချို့က ပေးဝယ်နေ ကြတယ်’’ဟု စိုင်းခွန်နောင်အိမ်ခြံ မြေအကျိုးဆောင်လုပ်ငန်းရှင် ဦး စိုင်းခွန်နောင်က ပြောသည်။

သို့သော် မြို့စွန်မြို့နယ်များ ရှိ မြေကွက်များ၊ စီမံကိန်းအသံ ကြားတိုင်းလိုက်လံဝယ်ယူသည့် နေရာများ၊ မြို့လယ်တိုက်ခန်းများကန်ထရိုက်ကြိုပွိုင့်တိုက်ခန်းများ က အရောင်းအ၀ယ်မရှိသလောက်နည်းပါးနေဆဲဖြစ်ကြောင်း အိမ်ခြံ မြေ အကျိုးဆောင်များက ပြော သည်။

‘‘အခုနောက်ပိုင်း ဒဂုံအရှေ့ ဘက်က လုံးချင်းလေးတွေကို ငွေ နည်းနည်းတတ်နိုင်တဲ့သူတွေ ၀ယ်နေကြတယ်။ သိန်း ၁၅၀ လောက် ဆို ပေ၂၀×ပေ၆၀ရတယ်။ အိမ် လုံးချင်းလေးတွေ ခပ်သန့်သန့်ရ တယ်။ အခုအဲဒီဘက်တွေက လမ်း တွေလည်း ကောင်းနေပြီ။ ဒါ ကြောင့် အဲဒီဘက်တွေကို လူနည်း နည်းစိတ်ဝင်စားလာတယ်’’ဟု ဒဂုံဆိပ်ကမ်းမြို့နယ်မှ အိမ်ခြံမြေအ ကျိုးဆောင်က ပြောသည်။

အိမ်ခြံမြေအရောင်းအ၀ယ် အေးနေသော်လည်း မြို့တွင်းပိုင်း မြို့နယ်များရှိ မြေညီထပ်တိုက် ခန်းများတွင် စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရန် အငှားဈေးကွက်အား ကောင်းနေပြီး နေရာကောင်းကို ဈေးပိုပေးငှားရမ်းကြသည်ဟုအိမ်ခြံမြေအကျိုးဆောင်များက ပြော ကြားသည်။

ယခု အရောင်းအ၀ယ်ဖြစ် သည့် နေရာများမှာ ယခင်က ဈေး အနည်းငယ် မြင့်တက်နေသည့် နေရာဖြစ်ပြီး သိန်း နှစ်ရာမှ သုံးရာ အထိ ဈေးလျှော့ရောင်းချလာသဖြင့် ၀ယ်ယူနေထိုင်ကြခြင်းဖြစ်ပြီး ၀ယ်ယူသူအများစုမှာ ယခင်ကလို ဈေးကစားဝယ်ရောင်းသမားများ မဟုတ်ဘဲ အမှန်တကယ်နေထိုင် မည့်သူများကသာ ၀ယ်ယူနေခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံအိမ်ခြံမြေ၀န်ဆောင်မှုအသင်းဥက္ကဋ္ဌ ဦးသိန်းလှညိုက ပြောသည်။

‘‘တန်ဖိုးကြီးတွေ အရောင်း အ၀ယ်မဖြစ်တဲ့ အချိန်မှာ ဒီအပိုင်းလေးတွေကနေ အရောင်းအ၀ယ် ဖြစ်နေလို့ အကျိုးဆောင်တွေ မ နည်းအဆင်ပြေတာ။ အရောင်း အ၀ယ်ကြီးတွေ မဖြစ်တာက နှစ်နဲ့တောင်ချီတော့မယ်’’ဟု ဦးသိန်း လှညိုက ဆိုသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service