စက်မှုဇုန်များတွင်အမှန်တကယ်လုပ်ကိုင်ခြင်းမရှိဘဲ မြေကွက်ရယူထားသူများအား ဒေါက်တာမြတ်ဥာဏစိုး ဝေဖန်

စက်မှုဇုန်များတွင်အမှန်တကယ်လုပ်ကိုင်ခြင်းမရှိဘဲ မြေကွက်ရယူထားသူများအား ဒေါက်တာမြတ်ဥာဏစိုး ဝေဖန် - Property News in Myanmar from iMyanmarHouse.com
4 Sep 2015 10:52 am တွင် တင်ခဲ့သည်
1498 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များတွင် အမှန်တကယ် လုပ်ကိုင်ခြင်းမရှိဘဲ မြေကွက်ရယူထားသည့် စာရင်းနှင့် ငှားရမ်းသုံးစွဲနေရသည့် လုပ်ငန်းရှင်များ စာရင်းကို ပြုစုထားခြင်းမရှိမှုမှာ တိုင်းဒေသကြီး အစိုးရအနေဖြင့် အမှန်တကယ် အလုပ် မလုပ်ခြင်းနှင့် ကိုယ့်လိပ်ပြာ ကိုယ်မလုံ၍ ဖြစ်မည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မြတ်ဥာဏစိုးက ဝေဖန် ပြောကြားသည်။

(၁၂) ကြိမ်မြောက် အမျိုးသားလွှတ်တော် အစည်းအဝေးကာလ အတွင်း၌ ရန်ကုန်မြို့တော်တွင် အမှန်တကယ် အသုံးပြုခြင်း မရှိသည့် စက်မှုဇုန်မြေများ၊ ဂိုဒေါင်များကို ပြန်လည်အပ်နှံစေပြီးနောက် မြေနေရာနှင့် အဆောက်အအုံများ ငှားရမ်း၍ အမှန်တကယ်လုပ်ငန်း ဆောင်ရွက်နေသူများကို ဦးစားပေးကာ ပြန်လည်နေရာ ချထားပေးရန် အစီအစဉ်ရှိမရှိ၊ မြေနေရာနှင့် အဆောက်အအုံကို တစ်ဆင့်ငှားရမ်း၍ လုပ်ငန်းဆောင်ရွက် နေရသူများ စာရင်းကို စက်မှုဇုန်အလိုက် ပြုစုထားခြင်း ရှိ မရှိ မေးခွန်းအား မေလထဲတွင် မေးမြန်းခဲ့ကြောင်း၊ လွှတ်တော် အစည်းအဝေးများ ရပ်နားထားချိန်တွင်မှ ပြန်လည်ဖြေကြားခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

ဒေါက်တာမြတ်ဥာဏစိုးက “စက်မှုဇုန် မြေဈေးတွေက ကမ္ဘာပေါ်မှာ နံပါတ်တစ်လောက်ရှိနေတယ်။ မြေဈေးက နံပါတ်နှစ်၊ စက်မှုဇုန် မြေဈေးဆိုရင် နံပါတ်တစ်တောင် ဖြစ်နေပြီ။ အဲဒီတော့ ဒါတွေကို စနစ်တကျ ထိရောက်စွာ ကိုင်တွယ်ဆောင်ရွက် နေပါတယ် ဆိုတာကတော့ လိမ်ပြောတာပဲ၊ ညာပြောနေတာပဲ။ ကျွန်တော့်အနေနဲ့ အဲဒီလိုပဲ သုံးသပ်မိပါတယ်” ဟု ပြောကြားသည်။

ထို့အပြင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် စက်မှုဇုန်များနှင့် ပတ်သက်ပြီးတော့ လုံးဝကိုလျစ်လျူ ရှုထားကြောင်း၊ လွှတ်တော်က မေးခွန်းများ၊ ထပ်ဆင့် ထပ်ဆင့်မေးနေသည့်အတွက် လုပ်ငန်းပြမှုနှင့် အလုပ်ပြတယ် ဆိုတာလောက်ပဲရှိပြီး ဒါကို လုံးဝကိုင်တွယ် ဆောင်ရွက်ခြင်း မရှိဘဲနဲ့ လွှတ်ပေးထားကြောင်း၊ အခြားအခြားသော အကျိုးစီးပွားများ ရှိနေမလားဆိုပြီး စိုးရိမ်မိကြောင်း ဆက်လက်သုံးသပ်ခဲ့သည်။

“ကိုယ်ကျိုးစီးပွား ဖက်လာကတည်းကိုက အဂတိတရား လေးပါးထဲက တစ်ပါးပါးတော့ ပါလာမှာပဲ။ ဆန္ဒာကတိတို့၊ ဘယာကတိလို့ခေါ်တဲ့ လာတောင်းတော့ ကြောက်လို့ ပေးရတာလည်းရှိမယ်။ အဲဒီလိုမျိုးကအစ ပါနိုင်တယ်။ အဂတိလေးပါးနဲ့တော့ ဆက်နွှယ်မှုတော့ ရှိလိမ့်မယ်လို့ ယူဆပါတယ်။ ဒီမေးခွန်းကို ပေးပို့ထားတာ ငါးလပိုင်း ကတည်းကပါ။ ဒီမေးခွန်းရဲ့ နောက်ကမေးခွန်းတွေကိုတောင် တောက်လျှောက်ဖြေတယ်။ လွှတ်တော်ကြီး ပိတ်သွားတော့မှ ကြယ်ပွင့်ပြမေးခွန်းကို စာဖြင့် ပြန်လည်ဖြေကြားခြင်းဆိုပြီး ဖြေတာ တော်တော်အံ့အားသင့်ဖို့ ကောင်းပါတယ်။ ကြယ်ပွင့်မပြ မေးခွန်းကို စာနဲ့ဖြေတာက လုပ်ထုံးလုပ်နည်းအရ မှန်တယ်။ ကျွန်တော် သုံးသပ်မိတာကတော့ ဒီမေးခွန်းကို လွှတ်တော်ထဲမှာ မဖြေချင်လို့ လွှတ်တော်ပိတ်သွားတဲ့ အခါကျမှ စာနဲ့ပေးပို့လာတယ်လို့ ယူဆပါတယ်။ ကိုယ့်လိပ်ပြာ ကိုယ်မလုံဘူးဆိုတာ ရှင်းနေပါတယ်” ဟု ဒေါက်တာမြတ်ဥာဏစိုးက ပြောကြားသည်။

ဆက်လက်၍ စာဖြင့်ပြန်လည် ဖြေကြားခြင်း ဖြစ်သည့်အတွက် ထပ်ဆင့်မေးမြန်းလိုပါက မေးမြန်း၍ မဖြစ်နိုင်တော့ကြောင်း၊ လွှတ်တော်ရပ်နားခြင်း မပြုခင်ကတည်းက ဖြေကြားသင့်ကြောင်း၊ စက်မှုဇုန်များတွင် အမှန်တကယ် ဆောင်ရွက်ခြင်းမရှိဘဲ မြေကွက်ဦးထားသည့် သဘောမျိုး ၀ယ်ယူထားသည့်အတွက် အမှန်တကယ် လုပ်ကိုင်လိုသည့် လုပ်ငန်းရှင်များ အနေဖြင့် ငှားရမ်းသုံးစွဲရာတွင် ဈေးကြီးမြင့်နေကြောင်း ပြောကြားသည်။

ဒေါက်ာတာမြတ်ဥာဏစိုးက “လွှတ်တော်မှာ လာဖြေရင်တော့ ကျွန်တော်ကတော့ ထုံးစံအတိုင်းပဲလေ မေးခွန်းတွေကို တစ်ဆင့်ပြီး တစ်ဆင့်မေးတာပေါ့။ ပထမဆုံး မေးတုန်းကလည်း စက်မှုဇုန်တွေမှာ ရာထူးကြီးတဲ့ သူတွေရယ်၊ သူတို့နဲ့ဆက်နွှယ်နေတဲ့ သူတွေက စက်မှုဇုန်တွေမှာ မြေကွက်တွေ ရယူထားတယ်ဆိုပြီး လွှတ်တော်ထဲမှာလည်း ပြောခဲ့ဖူးပါတယ်။ အဲဒီတုန်းက ပထမဆုံးဖြေတာက စက်မှုဝန်ကြီးဌာနက ဒုဝန်ကြီးဖြေတယ်။ ကျွန်တော်တို့ ဒါတွေကို ဆောင်ရွက်ပါမယ်ဆိုပြီး ဖြေတယ်။ သေချာစိစစ်ပြီး ဆောင်ရွက်နေပါတယ်ပေါ့။ အဲဒီလိုဖြေတဲ့အခါမှာ ကျွန်တော်က အလျင်အမြန် ဆောင်ရွက်ဖို့ လိုပါတယ်ဆိုပြီး ထပ်ဆင့်မေးခဲ့တယ်။ စက်မှုဇုန်တွေမှာ အမှန်တကယ် လုပ်မယ့်သူတွေကို ပေးဖို့အစီအစဉ်ရှိမရှိ မေးခဲ့တယ်။ တကယ်မလုပ်ဘဲ နာမည်ခံပြီး တစ်ဆင့်ငှားရမ်း ထားတဲ့သူတွေကို စိစစ်ပြီး ပြန်ပေးဖို့ ရှိ မရှိ မေးခဲ့တယ်။ မေးခဲ့တော့လည်း ပြန်ဖြေတာကတော့ စာရင်းဇယားတွေ ပြန်စုဆောင်းပြီးတဲ့ အခါကျရင် ပြန်လည်အပ်နှံ စေမယ်ဆိုပြီး ဖြေခဲ့တာ ရှိပါတယ်” ဟု ပြောကြားသည်။

လွှတ်တော်တွင် လာဖြေစဉ်က စက်မှုဝန်ကြီးဌာနကသာ ယင်းကဲ့သို့ ပြောဆိုခဲ့ကြောင်း၊ တကယ်တမ်း အခွင့်အာဏာပိုင်သည်က ရန်ကုန်တိုင်းဒေသကြီး အစိုးရဖြစ်နေကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းက ဒါတွေကို ပြန်အပ်ရမယ်ဆိုပြီး ထုတ်ပြန်ကြေညာထားကြောင်း၊ ယင်းကဲ့သို့ ထုတ်ပြန်ထားသည်မှာ ရှစ်လခန့်ရှိကာ ဇာတ်ကမျောနေကြောင်း သုံးသပ်ခဲ့သည်။

ဆက်လက်၍ “ဆိုလိုတာကတော့ တကယ်ပွင့်လင်းမြင်သာစွာနဲ့ တကယ်ဆောင်ရွက်နေတာ မဟုတ်ဘဲနဲ့ ဆောင်ရွက်ချင်ယောင်ဆောင် နေတယ်လို့ သုံးသပ်ရမှာပဲ။ လုပ်ပြတယ် ဆိုတာလောက်ပဲရှိတယ်။ ဒါကြောင့် အခုထပ်မေးတာပါ။ စာရင်းပြုစုထားတယ် ဆိုရင်လည်း စာရင်းကတော့ အတိအကျရှိရမယ်။ အမှန်တကယ် မလုပ်ဘဲ၊ အမှန်တကယ် လုပ်ငန်းဆောင်ရွက်ခြင်း မရှိဘဲ ရယူဆောင်ရွက်ထားတဲ့ သူတွေက မြေကွက်ဘယ်နှကွက်ရှိတယ်၊ ဘယ်သူတွေဆိုတာ စာရင်းရှိရမှာပေါ့။ နောက်တစ်ခုက ငှားပြီးသုံးနေရတဲ့ သူတွေကို စက်မှုဇုန်တွေမှာရှိတဲ့ ကွပ်ကဲရေးရုံးတွေကို စာရင်းလာပေးကြပါဆိုရင် အားလုံးက လာပေးကြမှာပဲ။ အဲဒီစာရင်းကိုလည်း ပြုစုထားခြင်း မရှိဘူး” ဟု ၎င်းကပြောကြားသည်။

“ကျွန်တော့်အနေနဲ့ ကြယ်ပွင့်ပြ မေးခွန်းအနေနဲ့ မေးခဲ့တာပါ။ ကြယ်ပွင့်ပြမေးခွန်းကို စာနဲ့ပြန်ဖြေတာကတော့ လုပ်ထုံးလုပ်နည်းနဲ့ မညီဘူးလေ။ ပြန်ဖြေတာကလည်း စက်မှုဇုန်အလိုက် စာရင်းပြုစုထားခြင်း မရှိပါလို့ ဖြေထားတယ်။ ဘာမှကို ကိုင်တွယ်ဆောင်ရွက်ခြင်း မရှိဘဲ ဒါတွေကို လွှတ်ထားပေးတဲ့ သဘောပဲ။ ကျွန်တော်တို့ ဆီမှာက အလုပ်သမားတွေနဲ့ အလုပ်ရှင်တွေ ပဋိပက္ခ ဖြစ်နေတယ်။ အနိမ့်ဆုံးလစာ သတ်မှတ်ဖို့တောင် အခက်အခဲ တွေတွေ့နေရတယ်။ စရိတ်စက ကြီးမြင့်နေတဲ့ အချက်က အများကြီးပါတယ်။ မြေကွက်ငှားရမ်းခတွေ ကြီးမြင့်နေတဲ့အကြောင်း ပေါ်မှာလည်း အခြေခံနေတယ်” ဟု ဒေါက်တာမြတ်ဥာဏစိုးက ဝေဖန်ခဲ့သည်။

Credit: eleven media group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service