စည်ပင်မြေကွက် လေလံတင်မည့်ရက် စက်တင်ဘာ တတိယပတ်သို့ ထပ်မံရွှေ့ဆိုင်း

စည်ပင်မြေကွက် လေလံတင်မည့်ရက် စက်တင်ဘာ တတိယပတ်သို့ ထပ်မံရွှေ့ဆိုင်း - Property News in Myanmar from iMyanmarHouse.com
4 Sep 2015 10:37 am တွင် တင်ခဲ့သည်
1007 ကြိမ် ကြည့်ရှု့ပြီး
လေလံပစ်မည့် စည်ပင် ပိုင်မြေကွက် ၇၀ ကျော်ကို လေ လံဆွဲမည့်သူများ လေ့လာချိန်ရရှိရန် စက်တင်ဘာတတိယပတ်သို့ ပြောင်းလဲလိုက်ကြောင်း သတင်း ရရှိသည်။

မူလက သြဂုတ် ၂၇ မှ ၂၈ ရက်တွင် သတ်မှတ်ထားရာမှ စက်တင်ဘာ ၃ နှင့် ၄ ရက်သို့ ရွှေ့ဆိုင်း ခဲ့ပြီး စက်တင်ဘာ ၁၇ နှင့် ၁၈ရက်သို့ ဒုတိယအကြိမ် ရွှေ့ဆိုင်း လိုက်ခြင်းဖြစ်သည်။

မြေကွက် လေလံဆွဲမည့်သူများ စိတ်ဝင်စားသည့် မြေကွက်ကို လေ့လာခွင့်ရှိစေရန်နှင့် စည်ပင်ဌာနကရပ်ကွက်အတွင်းကျရောက်နေသည့်
မြေကွက်များ ထင်သာမြင်သာပေါ် လွင်စေရန် ခြံစည်းရိုးခတ်ခြင်း၊ မှတ်တိုင်များ စိုက်ခြင်း၊ ကျူးကျော်အချို့ရှင်းလင်းခြင်းများလုပ်ဆောင်နေခြင်းကြောင့် ထပ်မံရွှေ့ဆိုင်းလိုက်ခြင်းဖြစ်သည်ဟု အင်ဂျင်နီယာနှင့် အဆောက်အအုံဌာနက သတင်းထုတ်ပြန်သည်။

ထို့ကြောင့်မြေကွက်လေလံ ၀င်ရောက် ယှဉ်ပြိုင်မည့်သူများ သည် လေလံလျှောက်လွှာဝယ်ယူ ခြင်းကို ယခုလ ၁၅ ရက်နောက် ဆုံးထား ၀ယ်ယူနိုင်မည် ဖြစ် သည်။

လေလံပစ်မည့်မြေကွက် ၇၄ကွက်အနက် တောင်ဒဂုံစက်မှုဇုန် (၁) မှ ၁၄ ဧကကျော် မြေကွက်သည်ပိုင်ရှင်ရှိသော မြေကွက်ဖြစ် နေပြီး မူလပိုင်ရှင်က ကန့်ကွက် သောကြောင့် လေလံပွဲ၌ အဆိုပါ မြေကွက်ကို ထည့်သွင်းတော့မည် မဟုတ်ဟုဆိုသည်။

ထို့အပြင် မြေကွက်အချို့မှာလည်း မြေပိုင်ရှင် အမည်ပေါက် ရှိသူများ၏ကန့်ကွက်မှုများကြောင့် ပြန်လည်စိစစ်ရန်
ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်သည်ဟု လေလံပွဲ၌ ပါဝင်ရန် အာမခံ ကြေးတင်သွင်းထားသူ လုပ်ငန်း ရှင်တစ်ဦးက ပြောသည်။

ထို့ ကြောင့်မူလကြေညာခဲ့သည့် မြေ ကွက်အရေအတွက် ၇၄ ကွက် ထက် လျော့နည်းဖွယ်ရှိသည်ဟု အထက်ပါလုပ်ငန်းရှင်က သုံးသပ်သည်။

လေလံတင်မည့်မြေများတွင်ပေ ၄၀×၆၀၊ ပေ ၁၅၀× ၈၀ မြေကွက်များပါဝင်ပြီးသာကေတ၊ ရွှေပြည်သာ၊
တောင်ဒဂုံ၊ မြောက်ဥက္ကလာပအစရှိသည့် မြို့ စွန်မြေကွက်အများစုဖြစ်ကာဌာနတွင်းဘတ်ဂျက်လိုငွေမြင့်မားနေ၍ လေလံတင်ရောင်းချမည်ဖြစ် ကြောင်း ရန်ကုန်မြို့စည်ပင်သာယာရေးကော်မတီဝင်တစ်ဦးက ပြောသည်။

ယခုနှစ်အတွင်း ရန်ကုန်မြို့ တော်စည်ပင်က အချက်အချာကျ သည့် မြို့တွင်း မြို့နယ်များမှ မြေ ဧကကျယ်သည့် မြေ ခုနစ်ကွက်ကိုပထမဆုံးအကြိမ် တင်ဒါခေါ်ယူခဲ့ ဖူးပြီး ဒုတိယအကြိမ်အဖြစ် မြို့စွန်လေးမြို့နယ်မှ မြေကွက်အချို့ကို လေလံတင်ရောင်းချထားသည်။

တတိယအကြိမ်အဖြစ် ပြီးခဲ့သည့် လက စည်ပင်ပိုင်မြေကွက်အချို့ ကို ရောင်းချခဲ့ပြီး ယခုစတုတ္ထအကြိမ်သည် မြို့တော်စည်ပင်မြေ ကွက် အရေအတွက် အများဆုံး လေလံခေါ်ယူမှုဖြစ်သည်။

‘‘စည်ပင်မြေလို့ ရပ်ကွက်ထဲ က လူတွေ မသိတဲ့ မြေတွေအ များကြီးပါတယ်။ တချို့က မြေ တွေလွတ်နေလို့ ကန်စွန်းခင်းတွေ စိုက်ထားကြတယ်။ မနေ့တစ်နေ့ ကမှ ဆိုင်းဘုတ်တွေ လာထောင် သွားလို့ ရပ်ကွက်က သူတွေက အံ့သြနေကြတာ’’ဟု မြောက်ဥက္က လာပမြို့နယ် နွယ်သာကီ ရပ် ကွက်နေ အမျိုးသမီးတစ်ဦးက ပြောသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service