ဒူဘိုင်းဆောက်လုပ်ရေးလောကရဲ့ ကမ္ဘာ့စံချိန်သစ် ခုနစ်ခု

ဒူဘိုင်းဆောက်လုပ်ရေးလောကရဲ့ ကမ္ဘာ့စံချိန်သစ် ခုနစ်ခု - Property News in Myanmar from iMyanmarHouse.com
3 Sep 2015 11:14 am တွင် တင်ခဲ့သည်
1264 ကြိမ် ကြည့်ရှု့ပြီး
ဒူဘိုင်းဆောက်လုပ်ရေးလောကက မဝေးတော့တဲ့ အနာဂတ်မှာ ကမ္ဘာ့စံချိန်ချိုးမယ့် စံချိန်ခုနစ်ခုကို အောက်ပါအတိုင်းဖော်ပြပေးလိုက်ပါတယ်။ ဒီစံချိန်သစ်ခုနစ်ခုဟာ Meydan မြို့မှာ Meydan လုပ်ငန်းစုက အကောင်အထည်ဖော်မယ့် Meydan One project ထဲကပဲ ဖြစ်ပါတယ်။

၁။ ကမ္ဘာ့အမြင့်မားဆုံးလူနေအဆောက်အအုံ
Meydan One စီမံကိန်းရဲ့ အဓိကအချက်ကတော့ ၇၁၁ မီတာ မြင့်တဲ့ တာဝါတစ်ခုဖြစ်ပြီး ၂၀၂၀ ခုနှစ်မှာ တည်ဆောက်ပြီးစီးသွားပါက ကမ္ဘာ့အကြီးဆုံးလူနေအဆောက်အအုံဖြစ်လာမှာပါ။ အဲ့ဒီစီမံကိန်းမှာ ပုဂ္ဂလိကနေအိမ်ခန်း ၈၈၅ ခန်းအပြင် ကြယ်ငါးပွင့်ဟိုတယ်တစ်လုံး၊ ဆွေးနွေးပွဲများပြုလုပ်ရာနေရာတစ်ခုနဲ့ ရွက်လှေအစင်းဆံ့တဲ့ ရွက်လှေကလပ်တို့ ပါဝင်မှာ ဖြစ်ပါတယ်။

၂။ ကမ္ဘာ့အမြင့်မားဆုံးစားသောက်ဆိုင်
၇၁၁ မီတာမြင့်တဲ့ အဆိုပါတာဝါရဲ့ ၆၇၅ မီတာအမြင့်နေရာမှာလည်း စားသောက်ဆိုင်ရှိမှာမို့ အဲ့ဒီစားသောက်ဆိုင်ဟာ ကမ္ဘာ့အမြင့်မားဆုံးစားသောက်ဆိုင်ဖြစ်လာမှာပါ။

၃။ ကမ္ဘာ့အမြင့်မားဆုံးရှုခင်းသာအပန်းဖြေစရာနေရာ
အဲ့ဒီတာဝါရဲ့ ၆၅၅ မီတာမြင့်မားတဲ့နေရာမှာလည်း ကမ္ဘာ့အမြင့်မားဆုံးရှုခင်းသာအပန်းဖြေစရာနေရာကို ထည့်သွင်းဆောက်လုပ်ပေးမှာပါ။

၎။ ကမ္ဘာ့အရှည်လျားဆုံးရေပန်း
ဒီစီမံကိန်းမှာပါဝင်မယ့် ရေပန်းဟာ ၄၂၀ မီတာရှည်လျားမှာဖြစ်တာကြောင့် လက်ရှိစံချိန်ထက် တစ်ဆခွဲလောက်မြင့်မားပြီး စံချိန်ချိုးမှာဖြစ်ပါတယ်။ လက်ရှိ ကမ္ဘာ့အရှည်လျားဆုံးရေပန်းလည်း ဒူဘိုင်းကပဲ ဖြစ်ပါတယ်။

၅။ ကမ္ဘာ့အရှည်လျားဆုံးအင်ဒိုးနှင်းလျှောစီးစခန်း
Meydan One စီမံကိန်းမှာပါဝင်တဲ့ အင်ဒိုးနှင်းလျှောစီးစခန်းက ၁ ဒသမ ကီလိုမီတာ ရှည်လျားတာကြောင့် လက်ရှိဂျာမနီက ကမ္ဘာ့အရှည်ဆုံးအင်ဒိုးနှင်းလျှောစီးစခန်းထက် နှစ်ဆနီးပါးရှည်လျားမှာပါ။

၆။ ကမ္ဘာ့အမြင့်မားဆုံးအမွှာမျှော်စင်
ဟုတ်ပါတယ်။ ကွာလာလမ်ပူက ပက်ထရိုနက်စ်အမွှာတာဝါက သူတို့ရဲ့ ကမ္ဘာ့အမြင့်ဆုံးအမွှာမျှော်စင်ဆိုတဲ့ ဂုဏ်ပုဒ်ကို လက်ပြနှုတ်ဆက်လို့ရနိုင်တော့မှာပါ။ ဒါပေမယ့်လို့တော့ ဒီဒူဘိုင်းက အမွှာမျှော်စင်ရဲ့ အမြင့်နဲ့ တည်ဆောက်ပြီးစီးမယ့် နေ့ရက်အတိအကျတို့ကို Meydan လုပ်ငန်းစုက မထုတ်ပြန်သေးပါဘူး။

၇။ ကမ္ဘာ့အကြီးမားဆုံးရှော့ပင်းမော
ဒီစီမံကိန်းမှာပါဝင်တဲ့ ရှော့ပင်းမောကို Mall of the World လို့ ရိုးရိုးရှင်းရှင်းနာမည်ပေးထားတာနဲ့ပဲ အဲ့ဒီမောကိုလည်း သာမန်လောက်ပဲဖြစ်မယ်လို့ လျှော့တွက်လို့ မရပါဘူး။ ကြမ်းခင်းဧရိယာ ၇၄၃၂၂၄ စတုရန်းမီတာရှိမှာဖြစ်တာကြောင့် တရုတ်နိုင်ငံရဲ့ Forbidden City ထက်တောင် နည်းနည်းပိုကြီးမှာပါ။ လက်လီရောင်းချမှုတွေအပြင် ကမ္ဘာ့အကြီးဆုံးအင်ဒိုးtheme park နဲ့ ဧည့်သည်ဦးရေ ၂၀၀၀၀ ဆံတဲ့ ဟိုတယ်တွေကိုလည်း ထည့်သွင်းဖန်တီးမယ်လို့ သိရပါတယ်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team ဘာသာပြန်သည်။)
ဒူဘိုင်းဆောက်လုပ်ရေးလောကရဲ့ ကမ္ဘာ့စံချိန်သစ် ခုနစ်ခု - Property News in Myanmar from iMyanmarHouse.com
ဒူဘိုင်းဆောက်လုပ်ရေးလောကရဲ့ ကမ္ဘာ့စံချိန်သစ် ခုနစ်ခု - Property News in Myanmar from iMyanmarHouse.com
ဒူဘိုင်းဆောက်လုပ်ရေးလောကရဲ့ ကမ္ဘာ့စံချိန်သစ် ခုနစ်ခု - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service