မြေပြိုမှုဒဏ် ခံရသော ဟားခါးမြို့ရှိ နေအိမ် ၈၀၀ကျော် ကို ဒေသခံများ တောင်းဆိုသည့် လုံဖွန်တောင်သို့ ယခုနှစ်မကုန်မီ အပြီး ပြောင်းရွှေ့ပေးမည်ဖြစ် ကြောင်း သတင်းရရှိသည်။
ဟားခါးမြို့တွင် အိမ်ထောင်စု၎,၉၅၇စု၊ နေအိမ်ပေါင်း၎,၂၅၉ လုံးရှိပြီး လူဦးရေနှစ်သိန်းကျော် နေထိုင်သည်။ မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုမှုကြောင့်ပျက်စီး သွားသောအိမ်ခြေ ၃၇၅ လုံးနှင့် နေရန် မသင့်လျော်တော့သည့် လူနေ အိမ် ၄၇၈ လုံးကို ဒေသခံ များဆန္ဒအရ လုံဖွန်တောင်သို့ ပြောင်းရွှေ့ပေးရန် သမ္မတကညွှန် ကြားထားကြောင်း ချင်းပြည်နယ် စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးဗန်ထောင်းက 7Day Daily အား ပြောကြားသည်။
ထိုသို့ ပြောင်းရွှေ့ရာတွင် မိသားစုဝင်များသည့် အိမ်ထောင် စုများအတွက် ကျပ် ၄၄ သိန်းတန် အိမ်နှင့် မိသားစုဝင်နည်းသည့် အိမ်ထောင်စုများအတွက် ကျပ်၃၇ သိန်းတန်နေအိမ်များကိုပုံစံတူ ဆောက်လုပ်ပေး
မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
မြေပြိုမှုဒဏ်ခံရသော လူနေ အိမ်များပြောင်းရွှေ့ခြင်းနှင့်ပတ်သက်၍ ဩဂုတ် ၃၁ ရက်က ဟားခါးမြို့တွင်သတင်းစာရှင်းလင်းပွဲပြုလုပ်ရာ ပြည်နယ်အစိုးရ အဖွဲ့က ဒေသခံများအား အထက် ပါအတိုင်း ကတိပေး ပြောကြား ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
‘‘စာထွက်တယ်လို့တော့ မဟုတ်ဘူးပေါ့နော်။ ပြည်သူတွေ သဘောကျတယ်ဆိုရင်တော့ ပေး လိုက်ပါလို့ သမ္မတကနေပြော ထားတာရှိတယ်။ သူတို့သွား ကြည့်တယ်။ ဧက ၄၀၀ လောက် ရှိတယ်။ သူတို့သဘောကျတယ်။ စာမထွက်ပေမယ့် စာထွက်သလို ပါပဲ။ အဲဒီနေရာကို ပြောင်းပေး မှာ အတည်ဖြစ်ပါပြီ။ နိုင်ငံတော် သမ္မတကလည်း ဒီနှစ်ဆောင်း မကူးခင်ကို အဲဒီအိမ်တွေကိုအကုန်လုံးဆောက်ပြီးသားဖြစ်ရ မယ်ဆိုပြီးတော့လမ်းညွှန်ထားတယ်’’ဟုဝန်ကြီးဦးဗန်ထောင်းက ပြောသည်။
နေရာ ပြောင်းရွှေ့ပေးရန် ဟားခါး ပြည်သူများ တောင်းဆို ထားသည့် လုံဖွန်တောင်မှာ ဟား ခါးမြို့၏ အနောက်ဘက်ကပ် လျက်၌ တည်ရှိပြီး ဟားခါးမှ ဖလမ်းသွားသောလမ်းဘေးတွင် တည်ရှိသည်။
‘‘ပြန်လည်တည်ထောင်ရေး အတွက် စလုပ်နေပါပြီ။ ရုံးခန်း လည်းဖွင့်ထားပါပြီ။ ဘာတွေလို အပ်မယ်၊ ဘယ်လိုပုံစံနဲ့သွားမယ် ဆိုတာ ဝိုင်းစဉ်းစားနေကြပါ တယ်’’ဟု ဟားခါးမြို့နယ် အထွေ ထွေအုပ်ချုပ်ရေးမှူး ဦးတင်မောင် စိုးက ပြောသည်။
ပြောင်းရွှေ့အိမ်ထောင်စု များအတွက် အစိုးရက ပုံစံတူ တည် ဆောက်ပေးမည့်အိမ်များကို ပြည် သူများသဘောမကျပါက မိမိအစီ အစဉ်ဖြင့် စိတ်ကြိုက်တည် ဆောက်နိုင်ကြောင်း ဝန်ကြီးဦးဗန် ထောင်းက ပြောသည်။
‘‘ဒါကတော့ ဝန်ကြီးချုပ်က လည်း ပြောပါတယ်။ တချို့တွေ သူတို့ကြီးကြီးမားမားဆောက်ချင် တယ်ဆိုရင် သူတို့ စိတ်ကြိုက် ဆောက်ပေါ့။ ကျွန်တော်တို့က တော့ ဒီနှုန်းအတိုင်းပဲ ပိုက်ဆံပေး လိုက်မှာပဲ။ ကြီးကြီးဆောက်ချင် တယ်ဆိုရင် သူ့ပိုက်ဆံနဲ့ သူ ဆောက်ပေါ့’’ ဟု ဝန်ကြီးဦးဗန် ထောင်းက ပြောသည်။
ဇူလိုင်လကုန်က မြေပြိုမှု ဒဏ်ခံရသော ဟားခါးမြို့အိမ် ထောင်စုများသည် လက်ရှိတွင် ကယ်ဆယ်ရေးစခန်း ခုနစ်ခု၌ ခိုလှုံနေရဆဲဖြစ်သည်။
ရေကြီးနစ်မြုပ်မှုဒဏ်ခံခဲ့ရ သည့် ချင်းပြည်နယ်၊ ရခိုင်ပြည် နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်နှင့် တမူးခရိုင်ရှိ ပျက်စီးနေအိမ်များအတွက် အစိုး ရက တန်ဖိုးသင့်အိမ်ရာများတည် ဆောက်ပေးမည်ဖြစ်ပြီး ယင်းအစီ အစဉ်အတွက် ပြည်တွင်း၊ ပြည်ပ မှ စေတနာရှင်အလှူရှင်များအနေ ပါဝင်လှူဒါန်းရန် အစိုးရက ဖိတ်ခေါ်ထားသည်။
Credit: 7Daydaily