မန္တလေးမြို့တွင်းနဲ့ မြို့သစ်ဧရိယာကို ချိတ်ဆက်ပေးပြီး အိမ်ခြံမြေဈေးကွက်မှာ အလားအလာကောင်းတွေရှိနေတဲ့ လမ်းမတွေများစွာရှိနေရာမှာ ၆၆ လမ်းလည်း တစ်လမ်းအပါအ၀င်ဖြစ်ကြောင်းမြို့သစ်က အိမ်ခြံမြေအကျိုးဆောင်တချို့က ပြောပါတယ်။
၆၆ လမ်းဟာ အရင်က မြို့သစ်နဲ့ မြို့တွင်း ဧရိယာကို တိုက်ရိုက်ချိတ်ဆက်ပေးနိုင်ခြင်း မရှိခဲ့ဘဲ မြို့တွင်းဧရိယာဖြစ်တဲ့ ၃၅ လမ်းနဲ့
ဆုံတဲ့နေရာမှာ ပိတ်နေခဲ့တာပါ။ အဲဒီအနေအထားကနေ မကြာခင်က လမ်းပွင့်သွားပြီးတဲ့နောက် ပြီးခဲ့တဲ့နှစ်ကစပြီးလမ်းရဲ့ ရုပ်ပြက
သိသိသာသာလှလာပါတယ်။
မြို့သစ်ရဲ့ တောင်ဘက်ဖျားဧရိယာကနေ မြို့တွင်းဧရိယာကိုဖြတ်ပြီး မြောက်ဘက်အစွန်ဆုံးက မန္တလေးတောင်ခြေအထိ ဖြတ်သန်းချိတ်ဆက်ပေးတဲ့ လမ်းဖြစ်လာတာဟာ သူ့ရဲ့အကောင်းဆုံး အားသာချက်ဖြစ်လာကြောင်းအိမ်ခြံမြေအကျိုးဆောင်အများစုက သုံးသပ်ကြပါတယ်။
လက်ရှိမှာ မြို့သစ်ဧရိယာအတွင်းမှာ ၆၆ လမ်းရဲ့ အိမ်ခြံမြေအကွက်အကွင်းအလှဆုံး အပိုင်းဆိုရင် မနော်ဟရီလမ်းနဲ့ သိပ္ပံလမ်းကြားအပိုင်းကို ပြရမှာဖြစ်ပြီး အိမ်ခြံမြေအကွက်အကွင်း အလှဆုံးအပိုင်းလို့လည်း
ဆိုရမှာဖြစ်ပါတယ်။
ဒီအပိုင်းဟာဝယ်လိုသူတွေမျက်စိကျစေမယ့်အ
ပိုင်းဖြစ်ပေမယ့် ဈေးနှုန်းအရ လက်ရှိမှာ ပေ ၄၀၊ ပေ ၆၀
မြေကွက်ကို ကျပ်သိန်း ၅,၀၀၀ အောက်နဲ့ မရနိုင်တော့ကြောင်း ဈေးကွက်သတင်းတွေအရ သိရပါတယ်။
ပြီးတော့ ဒီနှစ်အတွင်းမှာ ၆၆ လမ်းမှာ အကွက်အကွင်း သိသိသာသာလှလာတဲ့အပိုင်းက သိပ္ပံလမ်းနဲ့ ၃၅ လမ်းကြားပဲ ဖြစ်ပါတယ်။၆၆ လမ်းနဲ့ ၃၅ လမ်း တိုက်ရိုက်ချိတ်ဆက်နိုင်ပြီးတဲ့နောက်မှာ ဒီလမ်းပိုင်းဟာ အသွားအလာပိုများလာသလို စီးပွားရေးလုပ်ငန်းတွေလည်း များလာတာကို တွေ့ရ ပါတယ်။
လက်ရှိမှာအိမ်ခြံမြေအရောင်းအ၀ယ် အေးနေတယ်ဆိုပေမယ့် ဒီလမ်းပိုင်းအတွင်းမှာ မြေသက်သက်ဈေးနှုန်းက ပျမ်းမျှကျပ်သိန်း၆,၀၀၀ အောက်ကို ဈေးခေါ်ကြမှာဖြစ်ကြောင်း အကျိုးဆောင်တချို့ ဆီက သိရပါတယ်။
ရှေ့အလားအလာမှာလည်း အကျိုးအမြတ် အရရော၊ နေထိုင်ဖို့အတွက်ပါဆိုရင် ၆၆ လမ်း ရဲ့ အကွက်အကွင်းအကောင်းဆုံးအပိုင်းက
မြို့သစ်ဧရိယာ မနော်ဟရီလမ်းကနေ မြို့တွင်း ဧရိယာ ၃၅ လမ်းကြားအတွင်း ဖြစ်ကြောင်း ဈေးကွက်ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။
ဒီနေရာမှာ အထက်မှာ ပြောခဲ့တဲ့ သိပ္ပံလမ်းနဲ့ ၃၅ လမ်းကြားအပိုင်းဟာ အကွက်အကွင်းလှနေပြီး အိမ်မြေဈေးကွက် ပြန်သွက်လာရင်
ခေါ်ဈေးဆက်တက်ဦးမယ့် အပိုင်းဖြစ်လို့ ၀ယ်ယူဖို့ စဉ်းစားရင်မမှားနိုင်တဲ့ စိတ်ကူးလို့လည်း အကျိုးဆောင်အများစုက သုံးသပ်ကြပါတယ်။
Credit: The Myanmar Times