ဟားခါးမြို့ပြောင်းရွှေ့ရေး ပြည်နယ်အစိုးရအဖွဲ့နှင့် ဘူမိဗေဒပညာရှင်တို့ ယနေ့ဆွေးနွေးဆုံးဖြတ်မည်

ဟားခါးမြို့ပြောင်းရွှေ့ရေး ပြည်နယ်အစိုးရအဖွဲ့နှင့် ဘူမိဗေဒပညာရှင်တို့ ယနေ့ဆွေးနွေးဆုံးဖြတ်မည် - Property News in Myanmar from iMyanmarHouse.com
24 Aug 2015 10:28 am တွင် တင်ခဲ့သည်
783 ကြိမ် ကြည့်ရှု့ပြီး
ချင်းပြည်နယ်၏ မြို့တော် ဟားခါးမြို့ ပြောင်းရွှေ့ ရန် မြေပြင်ရှာဖွေရေးဘူမိဗေဒ ပညာရှင်အဖွဲ့နှင့် ချင်းပြည်နယ် အစိုးရအဖွဲ့တို့ သြဂုတ် ၂၄ ရက် တွင် ဆွေးနွေးဆုံးဖြတ်မည်ဖြစ် ကြောင်း ချင်းပြည်နယ် လျှပ်စစ် ၀န်ကြီး ဦးကျင်လျန်ပေါင်ကပြော သည်။

ဟားခါးမြို့ ပြောင်းရွှေ့နိုင် ရေးအတွက် မြေပြင်စူးစမ်းလေ့ လာရေးလုပ်ငန်းကို ဘူမိဗေဒ ပညာရှင်များက သုံးရက်ကြာလေ့လာခဲ့ပြီးနောက် ပြည်နယ်အစိုးရ နှင့် တွေ့ဆုံကာ ညှိနှိုင်းဆွေးနွေး မည်ဟု သတင်းရရှိသည်။

‘‘ဒီနေ့ထိ စူးစမ်းလေ့လာနေ တုန်းပဲရှိသေးတယ်။ အဲဒါပြီးမှ မနက်ဖြန် ၈ နာရီမှာ အစိုးရအဖွဲ့ နဲ့ တွေ့မယ်လို့ ပြောတယ်။ ကျွန် တော်တို့ တွေ့ပြီးမှပဲ အဖြေထွက်နိုင်မယ်’’ဟု ဦးကျင်လျန်ပေါင် က ပြောသည်။

ဟားခါးမြို့ကို ပြောင်းရွှေ့မည့် မြေနေရာနှင့် ပတ်သက်၍ ၎င်းက‘‘ဖြစ်နိုင်ခြေကတော့ဖလမ်းဘက်ပဲ ဖြစ်နိုင်ခြေများ
တယ်’’ဟု သုံးသပ်ပြောကြားသည်။

ဇူလိုင် ၂၆ ရက်မှစတင်ကာ ချင်းပြည်နယ်တွင် မိုးကြီး၍ မြေ ပြိုကျမှုများ ဖြစ်ပေါ်ခဲ့ပြီး ဟားခါး မြို့တွင် လူနေရပ်ကွက်ခြောက်ခု အနက် အားလုံးနီးပါး မြေပြိုကျမှု ကြုံတွေ့ခဲ့ပြီး အဆောက်အအုံ များစွာ ပျက်စီးခဲ့သည်။

ထို့ကြောင့် လက်ရှိအနေ အထားအရ မြို့ကို ရွှေ့ပြောင်းရာ တွင် ပြည်နယ်အစိုးရအဖွဲ့ရုံးများ ပါဝင်ဦးမည်မဟုတ်ဘဲ လူနေထိုင် ရန်သာ ရွှေ့ပြောင်းရန် စီစဉ်ထား ကြောင်း သတင်းရရှိသည်။

မိုးသည်းထန်စွာ ရွာသွန်းမှု ကြောင့် ချင်းတောင်တန်းတွင် မြေသားများပြိုကျခဲ့ပြီး လမ်းပန်း ဆက်သွယ်ရေး ပြတ်တောက်ခဲ့ သည်။ မြေပြိုမှုကြောင့် အိမ်ခြေ လေးထောင်ကျော်ရှိသည့်
ဟား ခါးမြို့တွင် အိမ်ခြေ လေးရာကျော် (မြို့ရှိ အိမ်ခြေအားလုံး၏ ၁၀ ရာ ခိုင်နှုန်းခန့်) ပြိုကျပျက်စီးခဲ့ပြီး တံတား ၂၁ စင်းနှင့် လယ်ယာ ဧက၂၀၀ ကျော် ပျက်စီးခဲ့သည်ဟု ပြည်နယ်အစိုးရက ထုတ်ပြန်သည်။

ထို့ပြင် မြေပြိုကျမှုများ ကြောင့် လူနေအိမ် ၁,၁၁၉ လုံး ပျက်စီးခဲ့ပြီး သေဆုံးသူ လေးဦး ရှိခဲ့ကာ ကယ်ဆယ်ရေးစခန်း ရှစ် ခုဖွင့်လှစ်ထားပြီး လာရောက်ခို လှုံနေရသည့်ဒုက္ခသည်၇,၆၇၈ဦးရှိခဲ့ကြောင်း ပြည်နယ်အစိုးရ က သတင်းထုတ်ပြန်သည်။

ချင်းပြည် နယ်ရှိနေရာ အများစုတွင် စားနပ်ရိက္ခာနှင့် အကူအညီများ မရောက်ရှိသေး၍ အရေးပေါ်အကူအညီများ လိုအပ်နေဆဲဖြစ်ကြောင်း ချင်းပြည်နယ် အစိုးရ အဖွဲ့မှ သတင်းရရှိသည်။

ချင်းပြည်နယ်အတွင်း မြေပြိုမှုကြောင့် ဆုံးရှုံးပျက်စီးမှုမှာ သြဂုတ် ၁၀ ရက် စာရင်းများအရ ကျပ် ၃ ဒသမ ၈ ဘီလီယံအထိရှိခဲ့ကြောင်း ပြည်နယ်အစိုးရထံမှ သတင်းရရှိသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service